ananda က နိုဝင်ဘာ ၉ ရက်နေ့ကနေ ၁၈ရက်နေ့အထိ မဟာဗန္ဓုလပန်းခြံနဲ့ ဝဇီရာရုပ်ရှင်ရုံတွေမှာ ကျင်းပမယ့် Memory Film Festival Yangon ကို sponsor အဖြစ်ကူညီထောက်ပံ့ပေးမှာဖြစ်ပါတယ်။ နှစ်စဉ်ကျင်းပတာဖြစ်တဲ့ ဒီအပြည်ပြည်ဆိုင်ရာ ရုပ်ရှင်ပွဲတော်ဟာ နှစ်ပေါင်းများစွာ တိုင်းပြည်မှာ ပြသခွင့်ပိတ်ပင်ခံထားရတဲ့ ရုပ်ရှင်တွေကိုလည်း ပြသသွားမှာဖြစ်ပါတယ်။ ဖွင့်ပွဲကို နိုဝင်ဘာလ ၉ ရက်နေ့၊ ဝဇီရာရုပ်ရှင်ရုံမှာ စတင်ကျင်းပမှာဖြစ်ပါတယ်။
ပြသမယ့် ရုပ်ရှင်တွေထဲမှာ ဂန္တဝင်ရုပ်ရှင်တွေဖြစ်တဲ့ မြဂနိုင်၊ The Power of the Press၊ Ace in the hole တို့လို ရုပ်ရှင်တွေအပါအဝင် အခြားရုပ်ရှင်ကားကောင်းတွေပါဝင်မှာဖြစ်ပါတယ်။
ပြီးတော့ နိုဝင်ဘာ ၁၁ ရက်နေ့၊ မဟာဗန္ဓုလပန်းခြံမှာ ananda movie night ကိုကျင်းပမှာဖြစ်ပါတယ်။ ပြီးရင် ဘယ်တော့မှ ရိုးမသွားနိုင်တဲ့ Charlie Chaplin ရုပ်ရှင် The Gold Rush ကိုပြသမှာဖြစ်ပြီးတော့ unplugged band တစ်ခုရဲ့ ဖျော်ဖြေတင်ဆက်မှုလည်း ပါဝင်မှာဖြစ်ပါတယ်။ Free wifi လည်းလွှင့်ပေးထားမှာပါ။
ဝဇီရာရုပ်ရှင်ရုံကော၊ မဟာဗန္ဓုလပန်းခြံမှာပါ ananda sale booth ကိုထားရှိမှာဖြစ်ပြီး ananda 4G+ Internet ကိုဝယ်ယူအသုံးပြု နိုင်တယ်လေ။
ananda booth တွေမှာ ဓာတ်ပုံရိုက်ပြီး ဂျာနယ်ရှေ့ဖုံးမှာ ပါလာသလို ခံစားရအောင်လုပ်ကြမယ်လေ။ ဒါ့အပြင် မဟာဗန္ဓုလပန်းခြံထဲက Green studio ထဲမှာ ကိုယ့်အကြိုက်ဆုံးရုပ်ရှင်ထဲက အကြိုက်ဆုံးဇာတ်ကွက်ကို သရုပ်ဆောင်ပြလို့ရတယ်လေ။ တော်တော်မိုက်တယ်နော်။
ရုပ်ရှင်တွေပြသမယ့်နေရာနဲ့အချိန်တွေက ဝဇီရာရုပ်ရှင်ရုံမှာဆိုရင် နိုဝင်ဘာလ ၉ ရက်မှ ၁၈ ရက်နေ့အထိ (မနက် ၉နာရီ – ည၈နာရီ) ၊ မဟာဗန္ဓုလပန်းခြံမှာဆိုရင် နိုဝင်ဘာ ၁၀ ရက်မှ -၁၂ ရက်နေ့အထိ (မနက် ၉နာရီ – ည၆နာရီ) အချိန်တွေမှာ အသီးသီးပြသသွားမှာဖြစ်ပါတယ်။













အနန္တမှ နိုဝင်ဘာ ၉ ရက်မှ ၁၈ ရက် အတွင်း Memory! ရုပ်ရှင်ပွဲတော်ကျင်းပရာ ဝဇီရာ ရုပ်ရှင်ရုံနှင့် မဟာဗန္ဓုလ ပန်းခြံတို့တွင် အခမဲ့ wifi ထုတ်လွှင့်ပေးထားပါသည်။အခမဲ့ wifi ကို ရယူ အသုံးပြုနိုင်ရန်အတွက်
၁) မိမိ ဖုန်းမှ wifi ကိုဖွင့်ပါ။
၂) “ananda-free-wifi” ကိုရွေးချယ်ပါ။
၃) မိမိ နာမည်၊ဖုန်းနံပါတ်၊ကျား/မ၊ နေထိုင်ရာမြို့နယ် ၊ email တို့ကို ဖြည့်သွင်းပြီး “register “ ကိုနှိပ်ပါ။
၄) wifi password ကို SMS မှတဆင့်ပို့ပေးပါမည်။
၅) ရရှိသော password ကို log in စာမျက်နှာတွင် ဖြည့်သွင်းပြီး “Get Started” နှိပ်ပါ။
ထို့နောက် 4G+ ဒေတာကို တရက်အတွင်း အခမဲ့ ၂ နာရီကြာ အသုံးပြုနိုင်ပါသည်။ ၂ နာရီပြည့်လျှင် အခမဲ့ wifi ရရှိမှု အလိုလျှောက်ရပ်တန့်သွားမည်ဖြစ်ပါသည်။ နောက်တစ်ရက်တွင် ထပ်မံအသုံးပြုရန် ရရှိထားပြီးသော wifi password ကို ထပ်မံဖြည့်သွင်းပြီး ချိတ်ဆက် အသုံးပြုနိုင်ပါသည်။
ရုပ်ရှင်ပွဲတော် ကျင်းပရာနေရာ ၂ ခုလုံးမှာရှိတဲ့အနန္တရဲ့ အရောင်းပြခန်းကိုသွာေးရာက်ကာ အနန္တရဲ့ ထုတ်ကုန်နဲ့ ဝန်ဆောင်မှုတွေကို လက်တွေ့စမ်းသပ်ကြည့်နိုင်ပြီး ပျော်ရွှင်စရာ ဂိမ်းများကစားရင်း လက်ဆောင်တွေရယူ အမှတ်တရဓါတ်ပုံတွေရိုက်ဖို့ကိုလဲ ဖိတ်ခေါ်ပါတယ်။
စည်းကမ်းချက် : wifi ချိတ်ဆက်ရန်အတွက် ဖြည့်သွင်းသော ကိုယ်ရေးအချက်အလက်များကို အနန္တမှ ကြော်ငြာနှင့်ရောင်းချမှုများပြုလုပ်ရန်အတွက် ဆက်သွယ် အသုံးပြုနိုင်ကြောင်းကို သိရှိ သဘောတူပါသည်။