FAQs Yangon

Below are our terms & conditions of services and our frequently asked questions.

About ananda

ananda ဟာ ရန်ကုန်မြိုနဲ့ မန္တလေးမြို့မှာရှိတဲ့ အင်တာနက်သုံးစွဲသူတွေအတွက် မြန်ဆန်တဲ့ မြန်နှုန်းနဲ့ တည်ငြိမ်တဲ့ အင်တာနက်ကို ပေးမယ့် 4G+ network တစ်ခု ဖြစ်ပါတယ်။

ananda မှ အကောင်းဆုံးဝန်ဆောင်မှုနှင့် သုံးစွဲသူတို့လိုအပ်ချက်နှင့် ကိုက်ညီမည့် ထုတ်ကုန်များကို ပေးသွားဖို့အာမခံပါတယ်ananda ဟာ အမြဲတမ်း 4G+ အင်တာနက်ကို အမြင့်ဆုံး အမြန်နှုန်းနဲ့ပေးသွားမှာ ဖြစ်ပါတယ်။

ananda ဟာ ပြိုင်ဘက်ကင်းတဲ့ ဝန်ဆောင်မှုမျိုးကို ရန်ကုန်နဲ့ မန္တလေးမှာ ပေးနိုင်ဖို့အတွက် 2600MHz frequency ကို အသုံးပြုတဲ့ နောက်ဆုံးပေါ် 4G+ network ကို တည်ဆောက်ထားပါတယ်။

Wi-Fi အသုံးပြုနိုင်သည့် မည်သည့် စက်ပစ္စည်းမဆို ananda အင်တာနက် ကို အသုံးပြုနိုင်ပါတယ်။ ဖုန်း၊ တက်ဘလက်၊ smart TV နဲ့ ဂိမ်းစက် စသည့် ပစ္စည်းများအားလုံးကို ananda mifi (သို့) router ဖြင့် ချိတ်ဆက်အသုံးပြုနိုင်ပါတယ်။

ananda ဟာ ကြိုပေးဝန်ဆောင်မှု(Prepaid) သာဖြစ်ပါတယ်။

အသေးစိတ် အချက်အလက်များကို ကျွန်ုပ်တို့ရဲ့ Facebook page၊ ဝက်ဘ်ဆိုက် www.ananda.com.mm နဲ့ my ananda application တို့မှာ ကြည့်ရှုနိုင်ပါတယ်။

ဝက်ဘ်ဆိုက် နှင့် my ananda application ရှိ Support ကဏ္ဍသို့သွားရောက်ပြီး တာဝန်ရှိသူများနှင့်လည်း တိုက်ရိုက် ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

စတင်အသုံးပြုခြင်း

ananda မှာ သုံးစွဲသူတွေရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီဖို့အတွက် ရွေးချယ်စရာများစွာရှိပါတယ်။အိမ်သုံးအင်တာနက်အတွက်ဆိုရင် router ကို ရွေးချယ်နိုင်ပြီး ဝေမျှသုံးလိုရင် ဒါမှမဟုတ် သွားလေရာ ကို ဆောင်သွားပြီး အသုံးပြုလိုတယ်ဆိုရင်တော့ mifi ကိုရွေးချယ်နိုင်ပါတယ်။ မိမိ အသုံးပြုနေတဲ့ ဖုန်းမှာ အသုံးပြုဖို့ဈေးနှုန်းသင့်ပြီး ကောင်းမွန်တဲ့ ရှာဖွေနေရင်တော့ SIM ကို ရွေးချယ်အသုံးပြုနိုင်ပါတယ်။ရရှိနိုင်တဲ့ အစီအစဉ်များကို <plans page link> မှာကြည့်ရှု့နိုင်ပါတယ်။

ananda ကို ရန်ကုန်မြို့မှာရှိတဲ့ ananda အရောင်းဆိုင်များနဲ့ အသိအမှတ်ပြု အရောင်းဆိုင်များမှာ အလွယ်တကူ ဝယ်ယူရရှိနိုင်ပါတယ်။

အနန္တ အင်တာနက်အတွက် လိုအပ်တဲ့ band 38 (TDD LTE with 2600 MHz frequency) ပါရှိတဲ့ စမတ်ဖုန်းတွေမှာသာ အသုံးပြုနိုင်ပါတယ်။

သင့် စမတ်ဖုန်းမှာ အနန္တ ဆင်းမ်ကဒ်ကို အသုံးပြုဖို့အတွက်
၁။ mobile network settings သို့ သွားပါ။
၂။ Access Point Names ကို ရွေးပြီး add APN ကို နှိပ်ပါ။
၃။ APN name နှင့် APN နေရာတွင် ‘ananda’ ဟု ထည့်ပါ။
၄။ အနန ္တအင်တာနက်ကို သင့် စမတ်ဖုန်းမှာ စိတ်ကျေနပ်စွာ အသုံးပြုနိုင်ပါပြီ။

၁။ ဆင်းမ်ကဒ်မှတ်ပုံတင်ရန် အောက်ပါအချက်အလက်များကို ဖြည့်စွက်ဖို့ လိုပါတယ်။
သုံးစွဲသူ ID အမှတ် ဂဏန်း ၁၀ လုံး(ဆင်းမ်ကဒ်တွင် ပုံနှိပ်ထားပါတယ်။)
PUK ဂဏန်း ၈ လုံး(ဆင်းမ်ကဒ်တွင် ပုံနှိပ်ထားပါတယ်။)
ဆက်သွယ်ရမယ့် ဖုန်းနံပါတ်
မွေးနေ့
အီးမေးလ်လိပ်စာ
မှတ်ပုံတင်၊ ပတ်စ်ပို့ သို့မဟုတ် ယာဉ်မောင်းလိုင်စင်

၂။ ဆင်းမ်ကဒ်မှတ်ပုံတင်ရန် my ananda application ကို (Play Store, App Store, or direct SPK at ananda.com.mm/app) တွင် ဒေါင်းလုပ်ရယူပါ။ သို့မဟုတ် ananda.com.mm/register သို့ သွားပါ။

၃။ ညွှန်ကြားချက် အဆင့်ဆင့် အတိုင်း ဆင်းမ်ကဒ်ကို မှတ်ပုံတင်ပါ။”

Balance & Usage Check

အသုံးပြုတဲ့ ဒေတာပမာဏကို my ananda app မှာ အလွယ်တကူ စစ်ဆေးနိုင်ပါတယ်။ လွန်ခဲ့သော ၇ ရက်ကအသုံးပြုခဲ့တဲ့ ဒေတာပမာဏကို my ananda app ထဲက သုံးစွဲမှုမှတ်တမ်းမှာ သွားရောက်စစ်ဆေးနိုင်ပါတယ်။ အသုံးပြုပြီးခဲ့တဲ့ တစ်လစာ ဒေတာကို သိချင်ရင်တော့ Customer Care ကိုဆက်သွယ်မေးမြန်းနိုင်ပါတယ်။

လက်ကျန်ငွေကို my ananda app ရှိ ပင်မစာမျက်နှာတွင် ဝင်ရောက်စစ်ဆေးနိုင်ပါသည်။
my ananda app ကို app store နှင့် play store တို့တွင် ရယူနိုင်ပါသည်။

Plan Renewal & Top ups

ငွေဖြည့်သွင်းခြင်းကို my ananda app ဖြင့်သာ ဆောင်ရွက်နိုင်ပါသည်။ ငွေဖြည့်သွင်းပြီးပါက ဒေတာအစီအစဉ်များကို my ananda app တွင်အလွယ်တကူ ဝယ်ယူအသုံးပြုနိုင်ပါသည်။
ငွေဖြည့်သွင်းနိုင်သော နည်းလမ်းများမှာ
ငွေဖြည့်ကဒ် – ananda ဆိုင်နှင့် အသိအမှတ်ပြု အရောင်းဆိုင်များတွင် ရရှိနိုင်ပါသည်။

လက်ရှိဝယ်ယူထားသော အစီအစဉ်သက်တမ်းကုန်ဆုံးသွားပါက ငွေဖြည့်သွင်းပြီး နှစ်သက်ရာ အစီအစဉ်သစ် (unlimited or value) ကို ဝယ်ယူနိုင်ပါတယ်။
သင့်ရဲ့ လက်ရှိဝယ်ယူထားသော အစီအစဉ် သက်တမ်းမကုန်ဆုံးခင် အီးမေးလ်မှဖြစ်စေ my ananda application ရှိ အသိပေးချက်များမှဖြစ်စေ SMS မှဖြစ်စေ အကြောင်းကြားမှာဖြစ်ပါတယ်။

လက်ရှိဝယ်ယူထားသော အစီအစဉ် သက်တမ်းကုန်ဆုံးမှသာ သို့မဟုတ် ကုန်ဆုံးခါနီးမှသာ အစီအစဉ် အသစ်ကို ဝယ်ယူစေလိုပါသည်။ လက်ရှိ အစီအစဉ် မကုန်ဆုံးခင် အစီအစဉ် အသစ်ကို ဝယ်ယူပါက လက်ရှိ အစီအစဉ်မှ လက်ကျန်ဒေတာသည် အစီအစဉ် အသစ်တွင်ပေါင်းသွားမည်ဖြစ်သောက်ဆောင် bonus data မှာမူဆုံးရှုံးမည်ဖြစ်ပါသည်။

Base plan ထဲကနေ ဒေတာကို အရင် ဖြတ်ပါတယ်။
ဒေတာ အသုံးပြုမှုကို အောက်ပါအတိုင်း အစဉ်လိုက် ဖြတ်မှာဖြစ်ပါတယ်။
(၁) add-on များ
(၂) Base plan
(၃) Bonus

DEVICES: Mifi

mifi ကို ဖွင့်ပြီးပါက ပါဝါခလုတ်ကို နှိပ်ပြီး Wi-Fi network name(SSID) နဲ့ ဂဏန်း ၈ လုံးပါတဲ့ Wi-Fi လျှို့ဝှက်နံပါတ်တို့ကို စက်ရဲ့ မျက်နှာပြင်ပေါ်မှာ ကြည့်နိုင်ပါတယ်။

၁။ mifi ရဲ့ Wi-Fi လိုင်းနဲ့ ချိတ်ထားပါ။
၂။ mifi ရဲ့ device admin စာမျက်နှာသို့ ရောက်အောင် browser တွင် https://192.168.1.1 ကို ရိုက်ထည့်ပါ။
၃။ လျှို့ဝှက်နံပါတ် နေရာတွင် ‘admin’ ဟု ရိုက်ထည့်ပါ။
၄။ Settings > Wi-Fi Settings > Basic settings သို့ သွားပါ။
၄။ သင် အသုံးပြုလိုသော လျှို့ဝှက်နံပါတ်အသစ်ကို ရိုက်ထည့်ပါ။
၆။ “Apply” ကို နှိပ်ပါ။ ထို့နောက် Log out လုပ်ပါ။

၁။ mifi ရဲ့ Wi-Fi လိုင်းနဲ့ ချိတ်ထားပါ။
၂။ mifi ရဲ့ device manangement webစာမျက်နှာသို့ ရောက်အောင် browserတွင် https://192.168.1.1 ကို ရိုက်ထည့်ပါ။
၃။ လျှို့ဝှက်နံပါတ် နေရာတွင် ‘admin’ ဟု ရိုက်ထည့်ပါ။
၄။ Settings > Device Settings > Account Management သို့ သွားပါ။
၄။ လျှို့ဝှက်နံပါတ်အသစ်ကို ရိုက်ထည့်ပါ။
၆။ “Apply” ကို နှိပ်ပါ။ ထို့နောက် Log out လုပ်ပါ။)

mifi စက်ဟာ 2050 mAh ဘက်ထရီကို အသုံးပြုထားပါတယ်။
ပုံမှန် အင်တာနက်ကြည့်ရုံဆိုရင် ၈ နာရီကနေ ၁၀ နာရီကြာအောင် အသုံးပြုနိုင်ပါတယ်။
ဝက်ဘ်ဆိုက်များစွာကို တပြိုင်နက်တည်း သုံးမယ်ဆိုရင် ၃ နာရီကနေ ၄ နာရီကြာအောင် အသုံးပြုနိုင်ပါတယ်။
စက်ကို stand-by ဖွင့်ထားမယ်ဆိုရင် နာရီ ၁၀၀ ကနေ ၁၂၀ နာရီကြာအောင် အသုံးပြုနိုင်ပါတယ်။

အနန ္တ္တ mifi စက်ရဲ့ ဘက်ထရီကို အားပြည့်အောင်သွင်းဖို့ ခန့်မှန်းခြေအားဖြင့် ၂ နာရီကနေ ၃ နာရီအထိ ကြာပါတယ်။

၁။ mifi ရဲ့ Wi-Fi လိုင်းနဲ့ ချိတ်ထားပါ။
၂။ mifi ရဲ့ device admin စာမျက်နှာသို့ ရောက်အောင် သင့် browserတွင် https://192.168.1.1 ကို ရိုက်ထည့်ပါ။
၃။ Settings > Device Settings > Reset ကို ရွေးပါ။
၄။ ‘Restore factory settings’ ကို ရွေးချယ်ပါ။

နောက်တစ်နည်းအနေနဲ့ mifi ရဲ့ အနောက် အတွင်းဘက်မှာရှိတဲ့ ‘reset’ ခလုတ်ကို ဖိနှိပ်ထားပါက mifi ရဲ့ မူလ setting များကို ပြန်လည် ရရှိမှာ ဖြစ်ပါတယ်။

အာမခံ ရှိပါတယ်။
mifi စက်ကို ထုတ်လုပ်စဉ်က ဖြစ်ပေါ်တဲ့ ချို့ယွင်းချက်တွေအတွက် စတင်ဝယ်ယူတဲ့နေ့ကစပြီး ၁၂လအတွင်း နှင့် ဓါတ်ခဲအတွက် စတင်ဝယ်ယူတဲ့နေ့ကစပြီး ၆ လအတွင်း အာမခံ ပေးထားပါတယ်။

ပြဿနာတစ်စုံတစ်ရာ ဖြစ်ပေါ်က အနီးဆုံး အနန ္တစတိုးသို့ သွားပါ။ သင်နဲ့ အနီးဆုံး အနန ္တစတိုးကို my ananda application (Login/More/Store map) တွင် ရှာဖွေနိုင်ပါတယ်။

အာမခံနဲ့ပတ်သတ်တဲ့ အသေးစိတ် စည်းမျဉ်းသတ်မှတ်ချက်များအတွက် သင့်စက်ပစ္စည်းနဲ့ ပတ်သတ်တဲ့ အောက်ပါ အမေးများသောမေးခွန်းများနဲ့ အဖြေများမှာ ကြည့်နိုင်ပါတယ်။

mifi ကို အားပြည့်အောင် သွင်းပြီးပါက ဘက်ထရီအားပြတဲ့နေရာမှာ ပြည့်နေပုံ ပြပါလိမ့်မယ်။

အနန ္တ mifi အတွက် တခြား app တစ်ခု မလိုပါဘူး။
iOS အတွက်ကော Android အတွက်ပါ my ananda application ကို ဒေါင်းလုပ်ဆွဲဖို့ပဲ လိုပါတယ်။

စက်ရဲ့ မျက်နှာပြင် အမည်းရောင်သို့ ပြောင်းသည်အထိ ပါဝါခလုတ်ကို ဖိနှိပ်ထားပြီး စက်ကို ပိတ်နိုင်ပါတယ်။

သင့် mifi network ရဲ့ လျှို့ဝှက်နံပါတ်ကို သိသူများသာ ချိတ်ဆက်အသုံးပြုနိုင်ပါတယ်။
wireless security လုပ်ထားပြီး လျှို့ဝှက်နံပါတ် အသစ် ပြောင်းထားပါက သင့် hotspot က လုံခြုံမှု ရှိပါတယ်။

mifi စက် ပျောက်သွားရင် သို့မဟုတ် ပျက်စီးသွားပါက အနန ္တ Customer Care ဖုန်းနံပါတ် ၀၉ ၀၉၀၇၈၇၈၇၈ ကို ဆက်သွယ်ပါ။ သို့မဟုတ် အနန ္တစတိုးသို့ သွားပါ။ ဆင်းမ်ကတ် ကို အသုံးပြုပြီး မသမာမှုများပြုလုပ်ခြင်း မဖြစ်လာအောင် ပျောက်ဆုံးကြောင်း သတင်းပို့ပါ။

အခြား ဆင်းမ်ကဒ်များ အသုံးပြုလို့ မရပါ။
mifi စက်တွင် အနန ္တဆင်းမ်ကဒ်များကိုသာ အသုံးပြုနိုင်ပါတယ်။

-mifi စက်အတွက် ၁၂ လ
– ဓါတ်ခဲ အတွက် ၆ လ ဖြစ်ပါတယ်။
အာမခံကာလသည် သုံးစွဲသူမှ စက်ကို စတင်ဝယ်ယူတဲ့နေ့က စပါတယ်။

အောက်ပါ စက်ရုံထုတ် ချို့ယွင်းချက်များအားလုံးအတွက် စက်ပစ္စည်း အာမခံကို အသုံးပြုနိုင်ပါတယ်။

၁။ Wi-Fi လိုင်းဆွဲအား မရခြင်း
၂။ စက်ဖွင့်၍ မရခြင်း
၃။ အင်တာနက် ချိတ်ဆက်၍ မရခြင်း
၄။ စက် အလိုအလျောက် ပိတ်သွားခြင်း
၅။ ခလုတ်များ နှိပ်မရခြင်း
၆။ routerစက် အပူလွန်ကဲခြင်း
၇။ USB ချိတ်ဆက်ရာတွင် အလုပ်မလုပ်ခြင်း
၈။ USB အပေါက် ချောင်နေခြင်း
၉။ ခလုတ်များ မီးမလင်းခြင်း
၁၀။ ပလပ်ခေါင်း အလုပ်မလုပ်ခြင်း”

အောက်ပါ ချို့ယွင်းပျက်စီးမှုများကို စက်ပစ္စည်းအာမခံက အာမခံ မပေးထားပါ။

၁။ အသုံးပြုနည်းပါ ညွှန်ကြားချက်များကို မလိုက်နာသောကြောင့် ဖြစ်သော ပျက်စီးမှု
၂။ အသုံးပြုသူ၏ အသုံးပြုပုံမှားယွင်းခြင်း၊ ပေါ့ဆမှုနှင့် မတော်တဆမှုကြောင့်ဖြစ်သော ပျက်စီးမှု
၃။ အနန ္တ၏ အသိအမှတ်ပြုမရယူဘဲ စက်ကို ဖြုတ်ပြီး ပြုပြင်ခြင်း
၄။စက်ပေါ်သို့ ရေ နှင့် အခြားအရည်များ ဖိတ်ခြင်း၊ စက် ပြုတ်ကျ၊လွတ်ကျခြင်း၊ ဆားကစ်ဘုတ် လောင်သွားခြင်း
၅။ သဘာဝဘေးကဲ့သို့ မရှောင်လွှဲနိုင်သော အဖြစ်အပျက်များကြောင့် ပျက်စီးမှု
၆။ သက်တမ်းကြာမြင့်သဖြင့် ဖြစ်သော ယိုယွင်းမှု
၇။ စက်၏ IMEI/serial number သို့မဟုတ် ဆက်စပ်ပစ္စည်းများ ဖြုတ်ထားခြင်း၊ သို့မဟုတ် ပြင်ထားခြင်း
၈။ အာမခံသက်တမ်းကုန်ဆုံးပြီးနောက်ဖြစ်သော ချို့ယွင်းချက်များ
၉။ ထိခိုက်မှုကြောင့် ပျက်စီးခြင်း၊ မျက်နှာပြင် အက်ကွဲခြင်း
၁၀။ နေရောင်ကြောင့်၊ အပူကြောင့် ဖြစ်သော ပျက်စီးမှု

mifi စက်ကို အနီးဆုံး ananda ဆိုင်သို့ယူသွားပြီး အာမခံ ခံစားခွင့်ကိုရယူနိုင်ပါတယ်။

၁။ mifi ရဲ့ Wi-Fi နဲ့ ချိတ်ထားပါ။
၂။ device management ဝက်ဘ်စာမျက်နှာသို့ ရောက်အောင် browser တွင် https://192.168.1.1 ကို ရိုက်ထည့်ပါ။
၃။ password နေရာတွင် admin ရိုက်ထည့်ပါ။

device management web interface > Information > Connected Users ကို ဝင်ကြည့်ပါ။

၁။ mifiရဲ့ Wi-Fi လိုင်းနဲ့ ချိတ်ထားပါ။
၂။ mifiရဲ့ device admin စာမျက်နှာသို့ ရောက်အောင် browser တွင် https://192.168.1.1 ကို ရိုက်ထည့်ပါ။
၃။ password နေရာတွင် “ ” admin” ” ကို ရိုက်ထည့်ပါ။
၄။ Settings > Device Settings > Account Management ကို ရွေးချယ်ပါ။
၅။ လျှို့ဝှက်နံပါတ်အသစ်ကို ရိုက်ထည့်ပါ။
၆။ “ ” Apply” ” ကို နှိပ်ပြီး log out လုပ်ပါ။

၁။ mifiရဲ့ Wi-Fi လိုင်းနဲ့ ချိတ်ထားပါ။
၂။ mifiရဲ့ device admin စာမျက်နှာသို့ ရောက်အောင် browser တွင် https://192.168.1.1 ကို ရိုက်ထည့်ပါ။
၃။ password နေရာတွင် “ ” admin” ” ကို ရိုက်ထည့်ပါ။
၄။ Settings > Device Settings > Account Management ကို ရွေးချယ်ပါ။
၅။ လျှို့ဝှက်နံပါတ်အသစ်ကို ရိုက်ထည့်ပါ။
၆။ “ ” Apply” ” ကို နှိပ်ပြီး log out လုပ်ပါ။

mifi device admin page ကို ဝင်ပြီး device admin page > Information > Device Information တွင် ကြည့်နိုင်ပါတယ်။

၁။ mifiရဲ့ Wi-Fi လိုင်းနဲ့ ချိတ်ထားပါ။
၂။ mifiရဲ့ device admin စာမျက်နှာသို့ ရောက်အောင် browser တွင် https://192.168.1.1 ကို ရိုက်ထည့်ပါ။
၃။ Settings > Device Settings > Reset ကို ရွေးပါ။
၄။ ‘restore factory settings’ ကို ရွေးချယ်ပါ။

နောက်တစ်နည်းအနေဖြင့် mifi ရဲ့ အနောက်ဖုံး အတွင်းဘက်မှာရှိသော ‘reset’ ခလုတ်ကို ဖိနှိပ်ထားပြီး mifi Setting များကို မူလအခြေအနေအတိုင်း ပြန်လည် ထားရှိနိုင်ပါတယ်။

၁။ mifiရဲ့ Wi-Fi လိုင်းနဲ့ ချိတ်ထားပါ။
၂။ mifiရဲ့ device admin စာမျက်နှာသို့ ရောက်အောင် browser တွင် https://192.168.1.1 ကို ရိုက်ထည့်ပါ။
၃။ Settings > Device Settings > Reset ကို ရွေးပါ။
၄။ ‘restore factory settings’ ကို ရွေးချယ်ပါ။

နောက်တစ်နည်းအနေဖြင့် mifi ရဲ့ အနောက်ဖုံး အတွင်းဘက်မှာရှိသော ‘reset’ ခလုတ်ကို ဖိနှိပ်ထားပြီး mifi Setting များကို မူလအခြေအနေအတိုင်း ပြန်လည် ထားရှိနိုင်ပါတယ်။

mifi device admin page> Settings > Device Settings > Reboot mifi ကို ရွေးချယ်ပြီး စက်ကို reboot လုပ်နိုင်ပါတယ်။

အနန ္တmifi ကို အားသွင်းရန် အသင့်တော်ဆုံး Power adapter မှာ
Input: AC100V-240V ~ 50/60Hz 0.25 A
Output : DC5V 1000mA ဖြစ်ပါတယ်။”

router က ananda 4G+ network ကို အနန ္တဆင်းမ်ကတ်နဲ့ ချိတ်ဆက်ပြီး အင်တာနက်လိုင်းကို အနီးအနားက Wi-Fi အသုံးပြုနိုင်တဲ့ စက်တွေ(လက်ပ်တော့၊ စမတ်ဖုန်း၊ တက်ဘလက် စသဖြင့်) အသုံးပြုနိုင်အောင် ကြိုးမဲ့နည်းဖြင့် ပြန်လည် ဖြန့်ဖြူးပေးနိုင်ပါတယ်။

Toggle Content

Device: Router

router က ananda 4G+ network ကို အနန ္တဆင်းမ်ကတ်နဲ့ ချိတ်ဆက်ပြီး အင်တာနက်လိုင်းကို အနီးအနားက Wi-Fi အသုံးပြုနိုင်တဲ့ စက်တွေ(လက်ပ်တော့၊ စမတ်ဖုန်း၊ တက်ဘလက် စသဖြင့်) အသုံးပြုနိုင်အောင် ကြိုးမဲ့နည်းဖြင့် ပြန်လည် ဖြန့်ဖြူးပေးနိုင်ပါတယ်။

Router ကို တပြိုင်နက်တည်းမှာ စက် ၃၂ လုံးအထိချိတ်ဆက်အသုံးပြုနိုင်ပါတယ်။

၁။ Wi-Fi သုံးမယ့် စက်ကိုဖွင့်ပါ။(စမတ်ဖုန်း၊ လက်ပ်တော့)
၂။ ချိတ်ဆက်နိုင်တဲ့ network များထဲမှ သင့် router network name(SSID) ကို ရွေးချယ်ပါ။
၃။ လျှို့ဝှက်နံပါတ်(Wi-Fi key) ကို ရိုက်ထည့်ပါ။

network name(SSID) နဲ့ လျှို့ဝှက်နံပါတ်(Wi-Fi key) တို့ကို router ၏ အောက်ခြေတွင် ကြည့်နိုင်ပါတယ်။

network name(SSID) နဲ့ လျှို့ဝှက်နံပါတ်(Wi-Fi key) တို့ကို router ရဲ့ အောက်ဘက်မှာ ရေးထားပါတယ်။

၁။ router ရဲ့ Wi-Fi လိုင်းနဲ့ ချိတ်ထားပါ။
၂။ router ရဲ့ device admin စာမျက်နှာသို့ ရောက်အောင် browser တွင် https://192.168.8.1 ကို ရိုက်ထည့်ပါ။
၃။ လျှို့ဝှက်နံပါတ် နေရာတွင် ‘admin’ ဟု ရိုက်ထည့်ပါ။
၄။ Settings > Wi-Fi Settings > Basic settings သို့ သွားပါ။
၄။ သင် ထားချင်သော လျှို့ဝှက်နံပါတ်အသစ်ကို ရိုက်ထည့်ပါ။
၆။ “Apply” ကို နှိပ်ပါ။ ထို့နောက် Log out လုပ်ပါ။

၁။ router ရဲ့ Wi-Fi လိုင်းနဲ့ ချိတ်ထားပါ။
၂။ router ရဲ့ device manangement webစာမျက်နှာသို့ ရောက်အောင် browserတွင် https://192.168.8.1 ကို ရိုက်ထည့်ပါ။
၃။ လျှို့ဝှက်နံပါတ် နေရာတွင် ‘admin’ ဟု ရိုက်ထည့်ပါ။
၄။ Settings > Device Settings > Account Management သို့ သွားပါ။
၄။ လျှို့ဝှက်နံပါတ်အသစ်ကို ရိုက်ထည့်ပါ။
၆။ “Apply” ကို နှိပ်ပါ။ ထို့နောက် Log out လုပ်ပါ။

ananda ဆင်းမ်ကဒ်ကို ဆင်းမ်ကဒ်အပေါက်ထဲ ထည့်ပြီး Huawei B310 router ကို ပါဝါကြိုးတပ်ပါ။

router အလိုအလျောက် ပွင့်လာပြီး အနန ္တ 4G+ mobile network ကို ရှာဖွေပါလိမ့်မယ်။

သတိပြုရန်။ routerစက် အလုပ်လုပ်နေစဉ် ဆင်းမ်ကဒ်ထည့်ခြင်း၊ ဖြုတ်ခြင်း မပြုလုပ်ပါနှင့်။ ထိုသို့ပြုလုပ်ပါက ဆင်းမ်ကဒ်၏ လုပ်ဆောင်မှုစွမ်းရည်ကို ထိခိုက်စေခြင်း(သို့)ဆင်းမ်ကဒ်ပျက်စီးခြင်း ဖြစ်နိုင်ပါတယ်။

Router အတွက် တခြား app တစ်ခု မလိုပါဘူး။
iOS အတွက်ကော Android အတွက် my ananda အက်ပလီကေးရှင်း ကို ဒေါင်းလုပ်ဆွဲဖို့ပဲ လိုပါတယ်။

၁။ router ရဲ့ Wi-Fi လိုင်းနဲ့ ချိတ်ထားပါ။
၂။ router ရဲ့ device admin စာမျက်နှာသို့ ရောက်အောင် သင့် browserတွင် https://192.168.8.1 ကို ရိုက်ထည့်ပါ။
၃။ Settings > Restore Default > Restore ကို ရွေးပါ။

ပါဝါကို ပိတ်ထားလို့ မရပါဘူး။
router အလုပ်လုပ်နိုင်ဖို့ ပါဝါကြိုးတပ်ထားဖို့ လိုပါတယ်။

router ကို အသုံးပြုနေရင်း အခက်အခဲ တစုံတရာ ဖြစ်ပေါ်ပါက အောက်ပါဖြေရှင်းနည်းများကို အသုံးပြုကြည့်ပါ။
၁။ router ကို Restart လုပ်ပါ။
၂။ မိုင်အနန ္တအက်ပလီကေးရှင်း (သို့) ဝက်ဘ်ဆိုက်ရှိ Help ကဏ္ဍကို ကြည့်ပါ။
၃။ router ကို မူလ setting များအတိုင်း ထားကြည့်ပါ။
၄။ အနန ္တCustomer Care သို့ မိုင်အနန ္တအက်ပလီကေးရှင်း မှတစ်ဆင့် တိုက်ရိုက်မေးမြန်းခြင်း၊ Facebook messenger၊ Viber (သို့) ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ်။
၅။ router ကို အနန ္တစတိုးသို့ယူဆောင်ပြီး စစ်ဆေးနိုင်ပါတယ်။

အာမခံ ရှိပါတယ်။
router စက်ကို ထုတ်လုပ်စဉ်က ဖြစ်ပေါ်တဲ့ ချို့ယွင်းချက်တွေအတွက် စတင်ဝယ်ယူတဲ့နေ့ကစပြီး ၁၂ လအတွင်း နှင့် အားသွင်းကြိုး အတွက် ၃ လ အာမခံ ပေးထားပါတယ်။

အာမခံ ရယူလိုပါက ဝယ်ယူထားသော မူရင်းပြေစာနှင့် Huawei အာမခံကဒ်ပြား ကို ယူဆောင်သွားရန်လိုအပ်ပါတယ်။

အာမခံနဲ့ပတ်သတ်တဲ့ အသေးစိတ် စည်းမျဉ်းသတ်မှတ်ချက်များအတွက် သင့်စက်ပစ္စည်းနဲ့ ပတ်သတ်တဲ့ အောက်ပါ အမေးများသောမေးခွန်းများနဲ့ အဖြေများမှာ ကြည့်နိုင်ပါတယ်။

သင့် router network ရဲ့ လျှို့ဝှက်နံပါတ်ကို သိသူများသာ ချိတ်ဆက်အသုံးပြုနိုင်ပါတယ်။
wireless security လုပ်ထားပြီး လျှို့ဝှက်နံပါတ် အသစ် ပြောင်းထားပါက သင့် hotspot က လုံခြုံမှု ရှိပါတယ်။

အနန ္တ Customer Care ကို မိုင်အနန ္တအက်ပလီကေးရှင်း၊ Facebook messenger၊ Viber သို့မဟုတ် ဖုန်းနံပါတ် 09969787878 တို့ကတစ်ဆင့် ဆက်သွယ်နိုင်ပါတယ်။ ဒါမှမဟုတ် ကျွန်ုပ်တို့ရဲ့ အနန ္တစတိုးမှာ အကူအညီ ရယူနိုင်ပါတယ်။

router စက် ပျောက်သွားရင် သို့မဟုတ် ပျက်စီးသွားပါက အနန ္တ Customer Care ဖုန်းနံပါတ် ၀၉ ၀၉၀၇၈၇၈၇၈ ကို ဆက်သွယ်ပါ။ သို့မဟုတ် အနန ္တစတိုးသို့ သွားပါ။ ဆင်းမ်ကတ် လိမ်လည်မှုများ မဖြစ်လာအောင် ပျောက်ဆုံးကြောင်း သတင်းပို့ပါ။

သုံးပြုလို့ မရပါ။
router တွင် အနန ္တဆင်းမ်ကဒ်များကိုသာ အသုံးပြုနိုင်ပါတယ်။

– router စက်အတွက် ၁၂ လ
– အားသွင်းကြိုး အတွက် ၃ လ ဖြစ်ပါတယ်။
အာမခံကာလသည် သုံးစွဲသူမှ စက်ကို စတင်ဝယ်ယူတဲ့နေ့က စပါတယ်။
အာမခံ ခံစားခွင့်ကို အသုံးပြုဖို့အတွက် မူရင်းပြေစာ နဲ့အတူ Huawei အာမခံကဒ်ပါ လိုအပ်ပါတယ်။

အောက်ပါ စက်ရုံထုတ် ချို့ယွင်းချက်များအားလုံးအတွက် စက်ပစ္စည်း အာမခံကို အသုံးပြုနိုင်ပါတယ်။

၁။ Wi-Fi လိုင်းဆွဲအား မရခြင်း
၂။ စက်ဖွင့်၍့ မရခြင်း
၃။ အင်တာနက် ချိတ်ဆက်၍မရခြင်း
၄။ စက် အလိုအလျောက် ပိတ်သွားခြင်း
၅။ ခလုတ်များ နှိပ်မရခြင်း
၆။ routerစက် အပူလွန်ကဲခြင်း
၇။ USB ချိတ်ဆက်ရာတွင် အလုပ်မလုပ်ခြင်း
၈။ USB အပေါက် ချောင်နေခြင်း
၉။ ခလုတ်များ မီးမလင်းခြင်း
၁၀။ ပလပ်ခေါင်း အလုပ်မလုပ်ခြင်

အောက်ပါ ချို့ယွင်းပျက်စီးမှုများကို စက်ပစ္စည်းအာမခံက အာမခံ မပေးထားပါ။

၁။ အသုံးပြုနည်းပါ ညွှန်ကြားချက်များကို မလိုက်နာသောကြောင့် ဖြစ်သော ပျက်စီးမှု
၂။ အသုံးပြုသူ၏ အသုံးပြုပုံမှားယွင်းခြင်း၊ ပေါ့ဆမှုနှင့် မတော်တဆမှုကြောင့်ဖြစ်သော ပျက်စီးမှု
၃။ Huawei ၏ အသိအမှတ်ပြုမရယူဘဲ စက်ကို ဖြုတ်ပြီး ပြုပြင်ခြင်း
၄။စက်ပေါ်သို့ ရေ နှင့် အခြားအရည်များ ဖိတ်ခြင်း၊ စက် ပြုတ်ကျ၊လွတ်ကျခြင်း၊ ဆားကစ်ဘုတ် လောင်သွားခြင်း
၅။ သဘာဝဘေးကဲ့သို့ မရှောင်လွှဲနိုင်သော အဖြစ်အပျက်များကြောင့် ပျက်စီးမှု
၆။ သက်တမ်းကြာမြင့်သဖြင့် ဖြစ်သော ယိုယွင်းမှု
၇။ စက်၏ IMEI/serial number သို့မဟုတ် ဆက်စပ်ပစ္စည်းများ ဖြုတ်ထားခြင်း၊ သို့မဟုတ် ပြင်ထားခြင်း
၈။ အာမခံသက်တမ်းကုန်ဆုံးပြီးနောက်ဖြစ်သော ချို့ယွင်းချက်များ
၉။ ထိခိုက်မှုကြောင့် ပျက်စီးခြင်း၊ မျက်နှာပြင် အက်ကွဲခြင်း
၁၀။ နေရောင်ကြောင့်၊ အပူကြောင့် ဖြစ်သော ပျက်စီးမှု

Router စက်၊ Huawei ကတ် နဲ့ မူရင်းပြေစာတို့ကို ယူဆောင်ပြီး ananda စတိုး သို့မဟုတ် Huawei service centre သို့ သွားပါ။

ရန်ကုန်
အမှတ် ၂၀ ၊ အခန်း ၂ ၊ နှင်းဆီလမ်း ဘိုးလိန်းအောင်မင်္ဂလာရပ်ကွက်၊ တာမွေမြို့နယ်။ ရန်ကုန်။

မန္တလေး
၇၈လမ်း၊ ၂၇လမ်း x ၂၈လမ်းကြား၊ မန္တလေး။

၁။ router ရဲ့ Wi-Fi နဲ့ ချိတ်ထားပါ။
၂။ router ရဲ့ device admin စာမျက်နှာသို့ ရောက်အောင် browser တွင် https://192.168.8.1 ကို ရိုက်ထည့်ပါ။
၃။ user နေရာတွင် admin နှင့် password နေရာတွင် admin ရိုက်ထည့်ပြီး log in ဝင်နိုင်ပါတယ်။

၁။ router ရဲ့ Wi-Fi လိုင်းနဲ့ ချိတ်ထားပါ။
၂။ router ရဲ့ device admin စာမျက်နှာသို့ ရောက်အောင် browser တွင် https://192.168.8.1 ကို ရိုက်ထည့်ပါ။
၃။ SSID နဲ့ လျှို့ဝှက်နံပါတ်ကို ရိုက်ထည့်ပါ။ (router စက်ရဲ့ အောက်ဘက်တွင် ကြည့်နိုင်ပါသည်။)
၄။ Settings>Modify Password>Enter current password ကို ရွေးပါ။
၅။ လျှို့ဝှက်နံပါတ်အသစ်ကို ရိုက်ထည့်ပါ။
၆။ “Apply” ကို နှိပ်ပါ။ ထို့နောက် Log out လုပ်ပါ။

Log in > Settings > System > Device Information ကို ရွေးချယ်ပြီး ကြည့်နိုင်ပါတယ်။

Log in > Settings > System > Restore Defaults ကို ရွေးချယ်ပြီး Setting များကို မူလအခြေအနေအတိုင်းဖြစ်အောင် ထားနိုင်ပါတယ်။

Log in > Settings > System > Reboot ကို ရွေးချယ်ပြီး စက်ကို reboot လုပ်နိုင်ပါတယ်။

Devices rental

router နှင့် mifi စက်များကို စပေါ်ငွေပေးသွင်းပြီး ငှားရမ်းစာချုပ်ချုပ်ဆိုရုံဖြင့် အလွယ်တကူငှားရမ်းနိုင်ပါပြီ။ router ငှားရမ်းစာချုပ်မှာ ၁၂ လဖြစ်ပြီး mifi အတွက် ငှားရမ်းစာချုပ်မှာ ၆လဖြစ်သည်။
စက်ငှားရမ်းခြင်းအကြောင်းပိုမိုသိရှိလိုပါက ananda.com.mm/shop/devices တွင်ကြည့်ရှူနိုင်ပါသည်။

စက်ကိုအလွယ်တကူငှားရမ်းနိုင်ပါတယ်။ ananda experience ဆိုင်သို့ လာရောက်၍ စက်ငှားရမ်းခြင်းအကြောင်းကို စုံစမ်းမေးမြန်းနိုင်ပါတယ်။ ငှားရမ်းရန်အတွက် ပထမဦးစွာ unlimited30 အစီအစဉ်ကို ဝယ်ယူရပါမယ်။router ငှားရမ်းခြင်းအတွက် စပေါ်ငွေ ၅၅၀၀၀ ကျပ်နှင့် unlimited30 အတွက် ၃၅၀၀၀ ကျပ်၊ mifi ငှားရမ်းခြင်းအတွက် စပေါ်ငွေ ၃၅၀၀၀ ကျပ်ပေးသွင်းရပါမယ်။ router အတွက် အငှားစာချုပ်မှာ ၁၂ လ၊ mifi အတွက် အငှားစာချုပ်မှာ ၆လ ကြာမြင့်ပါမယ် ငှားရမ်းခြင်းနှင့်ပတ်သက်သော စည်းမျဉ်းစည်းကမ်းများကို ပိုမိုသိရှိလိုပါက ananda.com.mm/shop/devices တွင်လေ့လာနိုင်ပါတယ်။

စက်ငှားရမ်းခြင်းစာချုပ်သက်တမ်းမှာ router အတွက် ၁၂လ၊ mifi အတွက် ၆လ ကြာမြင့်ပါမယ်။

ananda experience ဆိုင်များအားလုံးတွင် စက်ကိုငှားရမ်းနိုင်ပါတယ်။

စက်ကိုဆက်လက်မငှားလိုတော့ပါက စက်ကိုပြန်လည်အပ်နှံပြီး စပေါ်ငွေထုတ်ယူနိုင်ပါတယ်။

သင့်စက်ကို ananda experience ဆိုင်တွင် မူလပါဝင်ပစ္စည်းများနှင့်တကွ ပြန်လည်အပ်နှံနိုင်ပါတယ်။

ကျေးဇူးပြု၍ စပေါ်ငွေပြန်လည်ရရှိနိုင်ခွင့်ရှိ/မရှိ သေချာစွာသိရှိနိုင်ရန် ငှားရမ်းခြင်းစည်းမျဉ်းစည်းကမ်းများကို သေချာစွာဖတ်ရှူပါ။၏

– စက်ကို ၇ရက်အတွင်းပြန်လည်အပ်နှံပါက စပေါ်ငွေ ပြန်လည်ရရှိမည်ဖြစ်သည်။
– စာချုပ်သက်တမ်းပြီးဆုံးချိန်တွင်စက် ကိုပြန်လည်အပ်နှံပါက စပေါ်ငွေပြန်လည်ရရှိမည်ဖြစ်သည်။စပေါ်ငွေကို ပြန်လည်ရရှိရန် အတွက် ရက် ၃၀ အစီအစဉ် တစ်ခုကို လစဉ် ဝယ်ယူရန် လိုအပ်ပါသည်။
– ၇ရက်ကျော်လွန်၍ သို့မဟုတ် စာချုပ်သက်တမ်းမပြည့်မီ ပြန်လည်အပ်နှံပါက ပြင်ဆင်မွမ်းမံစရိတ် (router အတွက် ၁၀၀၀၀ ကျပ်၊ mifi အတွက် ၅၀၀၀ ကျပ်) ပေးသွင်းရပါမည်။

မှတ်ချက်။ စက်ပြန်လည်အပ်နှံရာတွင် မူလဘူးခွံနှင့် ပါဝင်ပစ္စည်းများကို ငှားရမ်းစဉ်အခြေအနေအတိုင်းပြန်လည်အပ်နှံရမည်။ ဥပမာ – အားသွင်းကြိုး၊ စက်၊ ဆင်း(မ်)ကတို့ပြည့်စုံစွာမပါရှိပါက စပေါ်ငွေပြန်မရနိုင်ပါ။

ငှားရမ်းခြင်းမှ ဝယ်ယူခြင်းသို့
– unlimited30 အစီအစဉ်ကို စာချုပ်သက်တမ်း ကာလအတွင်း လစဉ်ဝယ်ယူခြင်းဖြင့် စာချုပ်သက်တမ်းကုန်ဆုံးချိန်တွင် စက်ကိုပိုင်ဆိုင်နိုင်မည်ဖြစ်သည်။”

ငှားရမ်းကာလအတွင်း စက်ချို့ယွင်းမှုတစ်စုံတစ်ရာရှိပါက သင့်စက်ကို နီးစပ်ရာ ananda experience ဆိုင်တွင် လာရောက်ပြသ၍ အကူအညီရယူနိုင်ပါတယ်။

ငှားရမ်းခပေးသွင်းရန်မလိုပါ။

စပေါ်ငွေကို ပြန်လည်ရရှိရန် အတွက် ရက် ၃၀ အစီအစဉ် တစ်ခုကို လစဉ် ဝယ်ယူရန် လိုအပ်ပါသည်။ ဝယ်ယူခြင်းမရှိပါက စပေါ်ငွေကို ဆုံးရှုံးရမည် ဖြစ်ပါသည်။

စပေါ်ငွေကို ပြန်လည်ရရှိရန် အတွက် ရက် ၃၀ အစီအစဉ် တစ်ခုကို လစဉ် ဝယ်ယူရန် လိုအပ်ပါသည်။ ဝယ်ယူခြင်းမရှိပါက စပေါ်ငွေကို ဆုံးရှုံးရမည် ဖြစ်ပါသည်။

My Ananda app

my ananda အက်ပလီကေးရှင်း ကို မည်သည့် network တွင်မဆို အသုံးပြုနိုင်ပါတယ်။

my ananda အက်ပလီကေးရှင်း ကို ananda network တွင် အသုံးပြုပါက အင်တာနက်အသုံးပြုခ မကုန်ပါ။

မြန်မာဘာသာ၊အင်္ဂလိပ်ဘာသာစကား နှစ်မျိုးလုံးနဲ့ အသုံးပြုနိုင်ပါတယ်။

Andriod ကော iOS ပါ ၄၀MB ဝန်းကျင် ရှိပါတယ်။

Fair usage policy (FUP)

အနန္တသည် သုံးစွဲသူများ အင်တာနက် သုံးစွဲမှု အတွေ့အကြုံ ကောင်းများကို သက်သာသောနှုန်းထားဖြင့်ရရှိနိုင်စေရန် အစဉ်အမြဲ ကြိုးစားဆောင်ရွက်လျှက်ရှိပါသည်။ ထိုသို့ဆောင်ရွက်ရာတွင် အင်တာနက်ကွန်ယက်အတွင်း ရရှိနိုင်သော bandwidth တွင် သုံးစွဲသူများအားလုံးအဆင်ပြေစေရန် သုံးစွဲသူအားလုံး တူညီသော အတွေ့အကြုံကောင်း များရရှိပေးအပ်နိုင်စေရန် ကိုလည်းအလေးထားဆောင်ရွက်နေပါသည်။

သို့သော် အချို့သော သုံးစွဲသူများမှာ ပုံမှန်သုံးစွဲသော အတိုင်းအတာ ပမာဏထက်ကျော်လွန်သုံးစွဲမှုများ ပြုလုပ်နိုင်ပါသည်။ ထိုသို့ပြုလုပ်ပါက အခြား ပုံမှန်သုံးစွဲသူများအတွက် တူညီသော သုံးစွဲမှု အခွင့်အလမ်းအတွေ့ကြုံကောင်းများ ရရှိနိုင်မှုကို ထိခိုက်လာနိုင်ပါသည်။ ထို့ကြောင့် သုံးစွဲသူများကြား သာတူညီမျှသော သုံးစွဲမှု အခွင့်အရေး အတွေ့အကြုံကောင်းများ ရရှိနိုင်ရေးအတွက် သုံးစွဲသူအားလုံးလိုက်နာရန်လိုအပ်သော မျှတစွာသုံးစွဲမှု မူဝါဒကို ချမှတ်ထားပါသည်။

မျှတစွာသုံးစွဲမှု မူဝါဒအရ unlimited data plan သုံးစွဲသူများလိုက်နာရန် သတ်မှတ်ထားချက်များရှိပါသည်။data plan ပေါ်မူတည်၍ သတ်မှတ်ချက်အမျိုးမျိုးရှိပါသည်။ unlimited7 တွင် ၅၀GB ကို ၇ ရက်အတွင်း unlimited30 တွင် ၃၀၀GB ကို ရက် ၃၀ အတွင်း unlimited90 တွင် ၃၀၀GB ကို ရက် ၃၀ အတွင်းနှင့်စုစုပေါင်း ၉၀၀GB ကိုရက် ၉၀ အတွင်း မြန်နှုန်းအပြည့်ဖြင့် အသုံးပြုနိုင်ပါမည်။ သတ်မှတ်ထားသော ပမာဏထက်ကျော်လွန်ပါက လျော့ချထားသော မြန်နှုန်းဖြင့် ဆက်လက် အသုံးပြုရမည် ဖြစ်ပါသည်။

MENU