FAQs / Terms & conditions

Below are our terms & conditions of services and our frequently asked questions.

Terms & conditions

Amara Communications Co., Ltd သည် မြန်ဆန်၊ ကောင်းမွန်၍ ပေးရသည့် ငွေကြေးနှင့် ထိုက်တန်ပြီး ယုံကြည်အားထားနိုင်သော 4G ဒေတာ အင်တာနက်ဝန်ဆောင်မှုပံ့ပိုးသည့် ကုမ္ပဏီဖြစ်ပြီး မြန်မာနိုင်ငံမှ အင်တာနက်သုံးစွဲသူများအား 4G ၊ 4G+ နှင့် 4G LTE ဝန်ဆောင်မှုများပေးရန် ananda ကို စတင်မိတ်ဆက်ခဲ့ပါသည်။

ဤသဘောတူညီချက်သည် လူကြီးမင်းနှင့် ကျွန်ုပ်တို့ (Amara Communications Limited နှင့် ၎င်း၏ Group Companies) အကြားမှ သဘောတူညီချက်ဖြစ်သည်။ ananda ၏ ဝန်ဆောင်မှုကို စာရင်းပေးသွင်းအသုံးပြုခြင်းအားဖြင့် လူကြီးမင်းသည် သုံးစွဲသူ Customer တစ်ဦးအနေဖြင့် ကျွန်ုပ်တို့က အခါအားလျော်စွာ ပြောင်းလဲပြင်ဆင်မည့် အောက်ပါဝန်ဆောင်မှုရယူခြင်းဆိုင်ရာ အထွေထွေ စည်းကမ်းချက်များ (T&Cs) ကိုလိုက်နာမည်ဖြစ်ကြောင်း သဘောတူညီပြီးဖြစ်ပါသည်။

၁။ အဓိပ္ပာယ်သတ်မှတ်ချက်များ

ဤအထွေထွေစည်းကမ်းချက်များ (T&Cs) ပါ စကားလုံးများနှင့် ဖော်ပြချက်များမှာ အောက်ပါအတိုင်း အဓိပ္ပါယ်သက်ရောက်ပါသည်။

(က) ကျွန်ုပ်တို့၊ ကျွန်ုပ်တို့၏ သို့မဟုတ် ကျွန်ုပ်တို့ကို စသည့် အသုံးအနှုန်းများသည် Amara Communications Co.Ltd (ACS) နှင့် Group companies တို့ကို ရည်ညွှန်းပါသည်။

(ခ) လူကြီးမင်း သို့မဟုတ် လူကြီးမင်း၏ ဟူသော အသုံးအနှုန်းများသည် Ananda ၏ မည်သည့်ဝန်ဆောင်မှုမျိုးကိုမဆို [ရယူသုံးစွဲရန်] လျှောက်ထားသူ ၊ လစဉ်ကြေးပေးသွင်း၍ ရယူသုံးစွဲသူကို ရည်ညွှန်းပါသည်။

(ဂ) MSISDN သည် ACS က သုံးစွဲသူများအား ပေးထားသော MSISDN များ (တယ်လီဖုန်းနံပါတ်များ) ကို ရည်ညွှန်းပါသည်။ MSISDN အားလုံးကို ACS က ပိုင်ဆိုင်ပြီး လူကြီးမင်းထံ အကြောင်းကြား၍ ပြင်ဆင်ခြင်း ၊ ပြောင်းလဲခြင်း သို့မဟုတ် ရုတ်သိမ်းခြင်းများကို မည်သည့်အချိန်တွင်မဆို ပြုလုပ်နိုင်သည်။

(ဃ) ဈေးနှုန်းအစီအစဉ်၊ အခြေခံအစီအစဉ် (Price plan/Base plan) သည် လူကြီးမင်း ရွေးချယ်ဝယ်ယူထားသော ဝန်ဆောင်မှုအစီအစဉ်ကို ရည်ညွှန်းသည်။ ၎င်းကို ‘my ananda’ အက်ပလီကေးရှင်းကို သုံး၍လည်းကောင်း၊ www.ananda.com.mm သို့ ဝင်ရောက်ပြီးသော်လည်းကောင်း သို့မဟုတ် ကျွန်ုပ်တို့၏ ဖုန်းနံပါတ် +95 9 969 787878 ကို ခေါ်ဆို၍သော်လည်းကောင်း မည်သည့်အချိန်တွင်မဆို စစ်ဆေးနိုင်ပါသည်။

(င) ဝန်ဆောင်မှု ဆိုသည်မှာ ကျွန်ုပ်တို့၏ network မှ တစ်ဆင့် ရရှိသော data ၊ content services နှင့် ကျွန်ုပ်တို့ဘက်မှ လုပ်ဆောင်ပေးသော အခြားသောဝန်ဆောင်မှုများကို ဆိုလိုသည်။

၂။ ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများကို အသုံးပြုခြင်း

၂.၁။ သုံးစွဲသူအကောင့်နှင့် လျှို့ဝှက်နံပါတ်များ

ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများကို ဝင်ရောက်အသုံးပြုနိုင်ရန် လူကြီးမင်းအနေဖြင့် Ananda အကောင့်ဖွင့်၍ အွန်လိုင်းမှ www.ananda.com.mm တွင်ဖြစ်စေ သို့မဟုတ် နီးစပ်ရာ service center များတွင်ဖြစ်စေ သွားရောက်၍ မှတ်ပုံတင်ပါ။ မိမိ၏ အကောင့်အား activate ပြုလုပ်နိုင်ရန် အချက်အလက်ပြည့်စုံစွာဖြင့် လျှောက်ထားရန် လိုအပ်ပါသည်။ လူကြီးမင်း၏ မိုဘိုင်းလ်ကိရိယာမှ တစ်ဆင့် ကျွန်ုပ်တို့၏ ဝန်ဆောင်မှုအား ရယူအသုံးပြုနိုင်ရန် MSISDN များပေးအပ်သွားမည် ဖြစ်ပါသည်။ MSISDN အားလုံးကို ကျွန်ုပ်တို့က ပိုင်ဆိုင်ပြီး စာရင်းသွင်းထားသူ (Registrant) အဖြစ် လူကြီးမင်းထံ အကြောင်းကြားစာ ပေးပို့၍ ပြင်ဆင်ခြင်း ၊ ပြောင်းလဲခြင်း သို့မဟုတ် ရုတ်သိမ်းခြင်းများကို မည်သည့်အချိန်တွင်မဆို ပြုလုပ်နိုင်သည်။

မိမိ၏ မိုဘိုင်းလ်ကိရိယာ သို့မဟုတ် အခြားနေရာတွင် သိမ်းဆည်းထားသည်ဖြစ်စေ ၊ မိမိကိုယ်တိုင် သို့မဟုတ် မိမိ၏ စောင့်ကြည့်မှုဖြင့် တတိယအုပ်စုအား ပေး၍ အသုံးပြုသည်ဖြစ်စေ ၊ ကျွန်ုပ်တို့၏ ဝန်ဆောင်မှုအား ရယူရန် လူကြီးမင်းအား ထုတ်ပေးထားသော သုံးစွဲသူအကောင့်ဆိုင်ရာ သတင်းအချက်အလက် ၊ လျှို့ဝှက်နံပါတ်များ သို့မဟုတ် PIN နံပါတ်ကို လုံခြုံစွာ လျှို့ဝှက်သိမ်းဆည်းရန် လူကြီးမင်းတွင် တာဝန်ရှိပါသည်။ ကျွန်ုပ်တို့၏ ပေါ့ဆမှုကြောင့် မဟုတ်ပဲ သုံးစွဲသူအကောင့်ဆိုင်ရာ သတင်းအချက်အလက် ၊ လျှို့ဝှက်နံပါတ်များ သို့မဟုတ် PIN နံပါတ် ပေါက်ကြားမှုကြောင့် တိုက်ရိုက်ဖြစ်စေ ၊ သွယ်ဝှိုက်၍ဖြစ်စေ ပေါ်ပေါက်လာသည့် ပျက်စီးဆုံးရှုံးမှုများနှင့် ပတ်သက်၍ ကျွန်ုပ်တို့တွင် မည်သို့မျှ တာဝန်မရှိပါ။

အထက်တွင် မည်သို့ပင်ဆိုခဲ့စေကာမူ လူကြီးမင်း၏ အကောင့်ကို စီမံခန့်ခွဲရန် ၊ ချေးငွေစာရင်းစစ်ဆေးရန် ၊ Customer Care Activities များလုပ်ဆောင်ရန်အပြင် ဥပဒေအရ လိုအပ်သည့် အခြားသောစောင့်ကြည့်စစ်ဆေးမှုများနှင့် အစီရင်ခံခြင်း ၊ ဝန်ထမ်းများအား Customer ဝန်ဆောင်မှုပေးရန် ရည်ရွယ်ချက်ဖြင့် လေ့ကျင့်သင်ကြားရာတွင် လူကြီးမင်း၏ သတင်းအချက်အလက်များကို အသုံးပြုနိုင်ကြောင်းကို လူကြီးမင်းအနေဖြင့် ကြိုတင်သဘောတူခွင့်ပြုထားပြီးဖြစ်သည်။ အဆိုပါ သတင်းအချက်အလက်များတွင် စောင့်ကြည့်စစ်ဆေးခြင်းဆိုင်ရာ ဖုန်းခေါ်ဆိုမှုများ ၊ အီးမေးလ်များ (သို့) ကျွန်ုပ်တို့နှင့် ဆက်သွယ်သည့် စာတိုများ ပါဝင်သည်။

၂.၂။ Privacy နှင့်ကိုယ်ရေးကိုယ်တာအချက်အလက်များလုံခြုံမှု

ကျွန်ုပ်တို့သည် ပုံမှန်အားဖြင့် လူကြီးမင်း၏ ကိုယ်ပိုင်လွတ်လပ်ခွင့် (Privacy) နှင့် ကိုယ်ရေးကိုယ်တာအချက်အလက်များကို သင့်လျော်သည့် နည်းလမ်းများ အသုံးပြု၍ ကာကွယ်ပေးသောကြောင့် လူကြီးမင်း၏ ပုဂ္ဂိုလ်ရေးရာအချက်အလက်များကို ကျွန်ုပ်တို့ မည်သို့ကောက်ယူအသုံးပြုသည်ကို နားလည်ရန် ကျွန်ုပ်တို့အတွက် အရေးပါပါသည်။

လူကြီးမင်းအနေဖြင့် ကျွန်ုပ်တို့နှင့် လုပ်ငန်းလုပ်ဆောင်လိုပါက [ဝန်ဆောင်မှုရယူလိုပါက] (ဥပမာအားဖြင့် Ananda ၏ မည်သည့်ထုတ်ကုန်နှင့် ဝန်ဆောင်မှုအတွက်မဆို လစဉ်ကြေးပေးသွင်းခြင်း သို့မဟုတ် Portal ကိရိယာများ သုံးစွဲခြင်းတို့အတွက်) အမည် ၊ မှတ်ပုံတင်အမှတ် ၊ ဓာတ်ပုံ ၊ ဖုန်းနံပါတ် နှင့် အီးမေးလ်လိပ်စာတို့ အပါအဝင် လူကြီးမင်း၏ ပုဂ္ဂိုလ်ရေးအချက်အလက်များကို ပံ့ပိုးရန် လိုအပ်ပါသည်။ အကယ်၍ အွန်လိုင်းငွေပေးချေမှုပါဝင်သည့် လုပ်ဆောင်ချက်များ ပြုလုပ်ရန် Ananda ၏ ထုတ်ကုန်၊ ဝန်ဆောင်မှု နှင့် Portal များကို အသုံးပြုလိုပါက လူကြီးမင်း၏ ငွေပေးချေမှုကို ဆောင်ရွက်ရန် ခရက်ဒစ်ကတ်ဆိုင်ရာ အချက်အလက်ကိုလည်း ရယူရန် လိုအပ်ပါသည်။

အချို့သော အခြေအနေများတွင် ဥပဒေအရ သို့မဟုတ် အစိုးရအာဏာပိုင်များ၏ ညွှန်ကြားချက်အရ ကျွန်ုပ်တို့သည် လူကြီးမင်း၏ ပုဂ္ဂိုလ်ရေးအချက်အလက်များကို ထုတ်ဖော်ပြောရန် လိုအပ်နိုင်ပါသည်။ ဤသို့သောအခြေအနေမျိုးတွင်သာ ကျွန်ုပ်တို့သည် လူကြီးမင်း၏ ပုဂ္ဂိုလ်ရေးအချက်အလက်များကို ထုတ်ဖော်ပြောဆိုပါမည်။

လူကြီးမင်းအနေဖြင့် ကျွန်ုပ်တို့အား (၁) လူကြီးမင်း၏ ပုဂ္ဂိုလ်ရေးအချက်အလက်များကို ကျွန်ုပ်တို့ကိုယ်တိုင် သို့မဟုတ် ကျွန်ုပ်တို့ ကိုယ်စား တတိယအုပ်စုက ကောက်ခံရန် ၊ အသုံးပြုရန် ၊ သိမ်းဆည်းရန် နှင့် (၂) အပိုဒ် ၂.၂. အရ လူကြီးမင်း၏ သဘောတူညီချက် ၊ ခွင့်ပြုချက်သည် ဥပဒေအရ ခွင့်ပြုထားသည့်အတိုင်းအတာအထိ ကျွန်ုပ်တို့၏ ထုတ်ကုန် ၊ ဝန်ဆောင်မှုနှင့် portal ကိရိယာများကို အသုံးပြုနေသရွေ့ အကျိုးသက်ရောက်စေမည် ဖြစ်ကြောင်း သဘောတူလက်ခံ၍ ကြိုတင်ခွင့်ပြုထားပြီး ဖြစ်ပါသည်။ လူကြီးမင်းအနေဖြင့် အပိုဒ် ၂.၂. အရ ပေးအပ်ထားသည့် သဘောတူညီချက် ၊ ခွင့်ပြုချက်ကို ပြင်ဆင်လိုပါက အခါအားလျော်စွာ ကျွန်ုပ်တို့က ချမှတ်သည့် လုပ်ထုံးလုပ်နည်းများနှင့်အညီ အကြောင်းကြားနိုင်သည်။

၂.၃။ ချိတ်ဆက်အသုံးပြုသည့် ကိရိယာ

ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများကို အသုံးပြုရန်အတွက် ချိတ်ဆက်အသုံးပြုသည့် ကိရိယာကို လူကြီးမင်းအား ပေးအပ်ထားပါမည်။ ချိတ်ဆက်အသုံးပြုသည့် ကိရိယာကို လက်ခံရရှိပြီးနောက် ထိန်းသိမ်းရန်မှာ လူကြီးမင်း၏ တာဝန်ဖြစ်ပါသည်။ ချိတ်ဆက်အသုံးပြုသည့် ကိရိယာ ပျက်စီးခြင်း ၊ ခိုးယူခံရခြင်း ၊ ပျောက်ဆုံးခြင်းတို့ ဖြစ်ပေါ်သည့်အခါ အဆိုပါ ချိတ်ဆက်အသုံးပြုသည့် ကိရိယာ အတွက် ကုန်ကျစရိတ်ကို ပြန်အမ်းရန်နှင့် အသုံးပြုသည်ဖြစ်စေ ၊ အသုံးမပြုသည်ဖြစ်စေ လူကြီးမင်း ကြိုတင်ငွေပေးသွင်း၍ ရယူထားသည့် ဝန်ဆောင်မှုများအတွက် ငွေပြန်အမ်းရန် ကျွန်ုပ်တို့တွင် မည်သို့မျှ တာဝန်မရှိပါ။ အကယ်၍ ချိတ်ဆက်အသုံးပြုသည့် ကိရိယာ ပျက်စီးခြင်း ၊ ခိုးယူခံရခြင်း ၊ ပျောက်ဆုံးခြင်းတို့ ဖြစ်ပေါ်သည့်အခါ ကျွန်ုပ်တို့အား ချက်ချင်း အကြောင်းကြားရမည်။

၂.၄။ ရရှိနိုင်သောဝန်ဆောင်မှုများ

ကျွန်ုပ်တို့သည် အောက်ပါတို့နှင့် အညီ ဝန်ဆောင်မှုများ ပေးပါသည်။

(က) လူကြီးမင်းရွေးချယ်သည့် Price Plan နှင့် Base Plan
(ခ) လူကြီးမင်းရွေးချယ်သည့် ချိတ်ဆက်အသုံးပြုသည့် ကိရိယာ
(ဂ) လူကြီးမင်း၏ နေရာဒေသတွင် ကျွန်ုပ်တို့၏ network ရရှိနိုင်မှုအခြေအနေ

မိမိတို့၏ လိုအပ်ချက်များ ဖြည့်ဆည်းရန်အတွက် ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများ ရယူလိုသည့် Customers များအား ဝန်ဆောင်မှုရရှိနိုင်မှုနှင့် ပတ်သက်သော သတင်းအချက်အလက်များကို ပေးရန် ကျွန်ုပ်တို့ အစွမ်းကုန် ကြိုးစားသွားပါမည်။ ကျွန်ုပ်တို့က ခွင့်မပြုသည့် ပစ္စည်းကိရိယာများ အသုံးပြုခြင်း သို့မဟုတ် ကျွန်ုပ်တို့၏ Network ဧရိယာပြင်ပသို့ ရောက်ရှိနေခြင်းကြောင့် Network မရရှိခြင်းအတွက် ကျွန်ုပ်တို့မှ မည်သို့မျှအာမခံချက်မပေးပါ။ ထို့အပြင် ကျွန်ုပ်တို့၏ ဝန်ဆောင်မှုအမြန်နှုန်း နှင့် network သည် (ကျွန်ုပ်တို့၏ ထိန်းချုပ်မှုပြင်ပမှ ဖြစ်သော) အကြောင်းအရင်းများကြောင့် ကွဲပြားနိုင်သည်။ ထိုကဲ့သို့သော အခြေအနေမျိုးကြောင့် Network မရနိုင်ခြင်း ၊ တည်ငြိမ်းမှုမရှိခြင်းနှင့် ချို့ယွင်းခြင်းတို့အတွက် ပေးလျော်ရန် သို့မဟုတ် လူကြီးမင်းပေးသွင်းခဲ့သည့် ငွေအား ပြန်အမ်းရန် ကျွန်ုပ်တို့တွင် တာဝန်မရှိပါ။ ထို့အပြင် ကျွန်ုပ်တို့သည် လူကြီးမင်းရယူထားသည့် ဝန်ဆောင်မှုအားလုံးကိုဖြစ်စေ ၊ တစ်စိတ်တစ်ဒေသကိုဖြစ်စေ တစ်ဦးတည်းဆုံးဖြတ်ချက်ဖြင့် ဆိုင်းငံ့ခြင်း သို့မဟုတ် ရပ်စဲခြင်း ပြုလုပ်နိုင်သည်။

၂.၅။ ဝန်ဆောင်မှုနှင့် ဈေးနှုန်းများ ပြောင်းလဲသတ်မှတ်ခြင်း

ကျွန်ုပ်တို့သည် အထွေထွေ စည်းကမ်းချက်များ (T&C) အရ မည်သည့်ဝန်ဆောင်မှုကိုမဆို ပြောင်းလဲခြင်း၊ ပြင်ဆင်ခြင်း ၊ ဆိုင်းငံ့ခြင်း နှင့်ရပ်စဲခြင်းတို့ကို အချိန်မရွေး လုပ်ဆောင်နိုင်သည်။ အဆိုပါပြောင်းလဲသတ်မှတ်ခြင်းနှင့် အထွေထွေ စည်းကမ်းချက်များ (T&C) သည် လူကြီးမင်းထံ အကြောင်းကြားစာ ပေးပို့သည့် အချိန် သို့မဟုတ် ကျွန်ုပ်တို့၏ Website တွင် ကြေညာသည့် အချိန်မှ စ၍ အကျိုးသက်ရောက်ပါမည်။ ထိုသို့ အကြောင်းကြားစာ လက်ခံရရှိပြီး သို့မဟုတ် ကြေညာပြီးနောက် လူကြီးမင်းသည် ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများကို ဆက်လက်အသုံးပြုဆဲဖြစ်ပါက အဆိုပါပြောင်းလဲသတ်မှတ်မှုကို လက်ခံသဘောတူသည်ဟု မှတ်ယူပါမည်။

ကျွန်ုပ်တို့သည် ဝန်ဆောင်မှုနှုန်းထားများနှင့် ဈေးနှုန်းများကို တစ်ဦးတည်းဆုံးဖြတ်ချက်ဖြင့် ပြောင်းလဲသတ်မှတ်သွားမည်ဖြစ်ပြီး ကျွန်ုပ်တို့၏ Website www.ananda.com.mm တွင် update ပြုလုပ်ပေးသွားပါမည်။

၂.၆။ ဝန်ဆောင်မှုဌာန (Service Center)

ကျွန်ုပ်တို့၏ ဝန်ဆောင်မှုဌာန (Service Center) သည် ဆက်သွယ်ရေးဌာနဖြစ်ပြီး ချိတ်ဆက်အသုံးပြုသည့် ကိရိယာ ၊ Price-Plan/Base-Plan ထုတ်ပေးခြင်း ၊ ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ လူကြီးမင်း၏ မေးခွန်းများကို ဖြေကြားခြင်းတို့အပါအဝင် လူကြီးမင်း၏ လိုအပ်ချက်များကို ကူညီဖြည့်ဆည်းပေးသည့် ဝန်ဆောင်မှုဌာနဖြစ်ပါသည်။

၂.၇။ အခွန်ပေးဆောင်ခြင်း

အခြားနည်းဖြင့် ဖော်ပြထားခြင်း မရှိပါက (လူကြီးမင်းဝယ်ယူထားသည့် ဒေတာအစီအစဉ်များ အပါအဝင်) ကျွန်ုပ်တို့က ပံ့ပိုးသည့် ဝန်ဆောင်မှုများအတွက် နှုန်းထားများသည် ကုန်သွယ်ခွန်နှင့် မြန်မာနိုင်ငံတွင် အစိုးရသို့ ပေးဆောင်ရသည့် အခွန်များ အပါအဝင် ဖြစ်သည်။

၃။ သုံးစွဲသူ၏ ဝတ္တရားများ

၃.၁။ ကျွန်ုပ်တို့၏ ဝန်ဆောင်မှုအသုံးပြုခြင်းနှင့်ပတ်သက်သည့် ကန့်သတ်ချက်များ

ဝန်ဆောင်မှုရယူသူ (သို့) Customer တယောက်အနေဖြင့် လူကြီးမင်းသည် –
(က) ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများ ရယူအသုံးပြုရန် မှတ်ပုံတင်ခြင်းနှင့် ရယူအသုံးပြုခြင်းတို့နှင့် စပ်လျဉ်း၍ သက်ဆိုင်ရာဥပဒေများကို လိုက်နာရမည်။
(ခ) ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများကို သက်ဆိုင်ရာဥပဒေများကို ချိုးဖောက်၍ စီးပွားဖြစ် ထပ်ဆင့်ရောင်းချခြင်း ၊ လွှဲပြောင်းခြင်းနှင့် ထပ်ဆင့်ငှားရမ်းခြင်းတို့ မပြုလုပ်ရ။
(ဂ) ကျွန်ုပ်တို့၏ ဝန်ဆောင်မှုအားအသုံးပြု၍ ပေးပို့သော (သို့) လက်ခံရရှိသော အချက်အလက် data များ လုံခြုံမှုနှင့် ပတ်သက်၍ လူကြီးမင်းတွင်သာ တာဝန်ရှိသည်။
(ဃ) ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများကို ရယူအသုံးပြုခြင်းနှင့် ကျွန်ုပ်တို့ ဝန်ဆောင်မှုအတွက် ချိတ်ဆက်သည့် ကိရိယာနှင့် စပ်လျဉ်း၍ လူကြီးမင်း၏ တာဝန်သာဖြစ်သည်။
(င) ချိတ်ဆက်အသုံးပြုသည့် ကိရိယာ ပျက်စီးခြင်း ၊ ခိုးယူခံရခြင်း ၊ ပျောက်ဆုံးခြင်းတို့ ဖြစ်ပေါ်သည့်အခါ ကျွန်ုပ်တို့အား ချက်ချင်း အကြောင်းကြားရန်မှာ လူကြီးမင်း၏ တာဝန်ဖြစ်သည်။
(စ) ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများကို အောက်ပါနည်းလမ်းများဖြင့် အသုံးမပြုပါနှင့် သို့မဟုတ် အသုံးမပြုမိစေရန် သတိပြုပါ။
(၁) ကျွန်ုပ်တို့၏ ခွင့်ပြုချက် မရရှိဘဲ အသုံးပြုခြင်း
(၂) အသိဉာဏ်ပစ္စည်းအပါအဝင် တစ်ဦးတစ်ယောက်၏ မည်သည့်တရားဝင်အခွင့်အရေးများကိုမဆို ချိုးဖောက်ခြင်း
(၃)တရားမဝင်သော ၊ ဂုဏ်သရေပျက်ပြားစေသော ၊ ထိခိုက်စေနိုင်သော ၊ စော်ကားသော ၊ ခြိမ်းခြောက် သော စာတမ်းများ (သို့) အကြောင်းအရာများ ထုတ်လွှင့်ခြင်း ၊ ဖြန့်ဝေခြင်း နှင့် အဆက်အသွယ်လုပ်ခြင်းတို့ အတွက် အသုံးချခြင်း
(၄) ကျွန်ုပ်တို့၏ ဝန်ဆောင်မှု ၊ network သို့မဟုတ် မည်သည့်တတိယအုပ်စု၏ network ကိုမဆို ဖျက်ဆီးခြင်း ၊ နှောက်ယှက်ခြင်း
(၅) ငွေကြေးကုန်ကျမှု မရှိစေရန် ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်ခြင်း

၄။ ဆိုင်းငံ့ခြင်းနှင့် ရပ်စဲခြင်း

၄.၁။ ဝန်ဆောင်မှုရယူခြင်း ၊ ဆိုင်းငံ့ခြင်းနှင့် ဖြတ်တောက်ခြင်း

ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများ အသုံးပြုရာတွင် အောက်ပါအခြေအနေများကြောင့် ထိခိုက်မှုရှိနိုင်ပါသည်။
အထွေထွေ စည်းကမ်းချက်များ (T&C) နှင့် ဆန့်ကျင်၍ အခြားချိတ်ဆက်သည့် ကိရိယာ သို့မဟုတ် ဝန်ဆောင်မှုအသုံးပြုလျှင် သို့မဟုတ် LTE TDD 2,600 MHz နည်းပညာဖြင့် အသုံးမပြုနိုင်သည့် ကိရိယာကို အသုံးပြုလျှင်
ကွန်ရက် သို့မဟုတ် ဝန်ဆောင်မှုများ၏ လုံခြုံမှု သို့မဟုတ် လုပ်ဆောင်မှုကို ထိခိုက်စေနိုင်သည်ဟု ယူဆရသော လုပ်ရပ်များကို ပြုလုပ်လျှင် သို့မဟုတ် ပြုလုပ်စေလျှင်
ခွင့်ပြုချက်မရှိဘဲ၊ တရားမဝင်၊ မလျော်ကန်သော နည်းလမ်းဖြင့် ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများကို ရယူထားသည်ကြောင်း သံသယရှိလျှင်
ချိတ်ဆက်သည့် ကိရိယာ ပျက်စီးပျောက်ဆုံးကြောင်း အကြောင်းကြားလာလျှင်
လူကြီးမင်း၏ price plan/base plan သက်တမ်းကုန်ဆုံးပြီးနောက် ရက်ပေါင်း ၁၅၀ သို့မဟုတ် ကျွန်ုပ်တို့က အခါအားလျော်စွာပြောင်းလဲသည့်ကာလအထိတိုင်အောင် လူကြီးမင်း၏ Ananda အကောင့်တွင် လုပ်ငန်းလုပ်ဆောင်မှုများမရှိတော့လျှင် (ဥပမာ- ငွေထပ်မံမဖြည့်ခြင်း ၊ price plan/base plan ထပ်မံဝယ်ယူမှုမရှိခြင်း)
လူကြီးမင်း၏ Ananda အကောင့်တွင် လက်ကျန်ငွေ နည်းသည့်အခါ သို့မဟုတ် မရှိတော့သည့်အခါ
လူမွဲစာရင်းခံယူလျှင် သို့မဟုတ် မြီရှင်နှင့် သဘောတူညီချက် ရယူလျှင် သို့မဟုတ် စာရင်းရှင်းလင်းဖျက်သိမ်းလျှင် သို့မဟုတ် စီမံခန့်ခွဲမှုဆိုင်ရာ အပြစ်ဒဏ်ပေးခံရလျှင် သို့မဟုတ် လူကြီးမင်း၏ အခြေပစ္စည်းကို လွှဲပြောင်းရယူမည့်သူ ပေါ်ပေါက်လျှင်
လူကြီးမင်း၏ base plan ကုန်ဆုံးသည့်အခါ သို့မဟုတ် လူကြီးမင်း၏ အကောင့်တွင် ငွေနည်းသည့်အခါ သို့မဟုတ် ငွေမရှိသည့်အခါ မြန်နှုန်းနှင့် ဒေတာပမာဏများကို ကျွန်ုပ်တို့ဘက်မှ တစ်ဦးတည်း ဆုံးဖြတ်ချက်ဖြင့် ကန့်သတ်နိုင်သည်။
အစိုးရက တားမြစ်ထားသော ဝက်ဘ်ဆိုက်များသို့ ဝင်ရောက်လျှင်
သက်ဆိုင်ရာဥပဒေအရ သို့မဟုတ် တရားရေးအဖွဲ့ သို့မဟုတ် အစိုးရအာဏာပိုင်များ၏ အမိန့်ညွှန်ကြားချက်အရ သို့မဟုတ် အရေးပေါ်အခြေအနေနှင့် ကျွန်ုပ်တို့ မထိန်းချုပ်နိုင်သည့် မလွန်ဆန်နိုင်သည့် ဖြစ်ရပ်များအရ လူကြီးမင်းအား ဝန်ဆောင်မှုပေးခြင်းကို ဆိုင်းငံ့ထားနိုင်သည်။
လူကြီးမင်းအား အမြဲတစေဝန်ဆောင်မှုပေးရန် မဖြစ်နိုင်တော့လျှင်

၄.၂။ ရပ်စဲခြင်း

သင့်လျော်သည်ဟု ယူဆရသည့် အကြောင်းရင်းရှိပါက ကျွန်ုပ်တို့သည် လူကြီးမင်းထံ အကြောင်းကြားစာပေးပို့၍ မည်သည့်ဝန်ဆောင်မှုမျိုးကိုမဆို အချိန်မရွေး (သင့်လျော်သည့် ကာလအထိ) ဆိုင်ငံ့ထားနိုင်သည် သို့မဟုတ် ရပ်စဲနိုင်သည်။ အပိုဒ် (၃) ပါ စည်းကမ်းချက်များကို လိုက်နာမှုမရှိပါက ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများအား အသုံးပြုခွင့်ကို ရပ်စဲဖြတ်တောက်နိုင်သည်။ လူကြီးမင်း၏ အကောင့်တွင် လက်ကျန်ငွေရှိပါက ဆုံးရှုံးရမည်ဖြစ်သည်။

၅။ ကျွန်ုပ်တို့၏ တာဝန်ဝတ္တရားများနှင့် ကန့်သတ်ချက်

အောက်ပါတို့အပါအဝင် ပေါ့ဆမှု (သို့) လွဲမှားစွာ စီမံခန့်ခွဲမှုကြောင့်မဟုတ်သည့် တိုက်ရိုက်ဖြစ်စေ ၊ သွယ်ဝိုက်၍ဖြစ်စေ ဖြစ်ပေါ်သည့် ပျက်စီးဆုံးရှုံးမှုများအတွက် သက်ဆိုင်ရာဥပဒေအရ ကျွန်ုပ်တို့တွင် မည်သို့မျှ တာဝန်မရှိပါ။

သက်ဆိုင်ရာဥပဒေအရ သို့မဟုတ် တရားရေးအဖွဲ့ သို့မဟုတ် အစိုးရအာဏာပိုင်များ၏ အမိန့်ညွှန်ကြားချက်အရ လိုက်နာမှုကြောင့် ဖြစ်ပေါ်လာသည့် ပျက်စီးဆုံးရှုံးမှု
ကြိုတင်မသိမြင်နိုင်သော (သို့) မထိန်းချုပ်နိုင်သော အရေးပေါ်အခြေအနေ (သို့) မလွန်ဆန်နိုင်သည့် ဖြစ်ရပ်များကြောင့် ကြောင့် ဖြစ်ပေါ်လာသည့် ပျက်စီးဆုံးရှုံးမှု
ဝင်ငွေ (သို့) အမြတ်အစွန်း ဆုံးရှုံးမှု ၊ ဝန်ဆောင်မှုအသုံးမပြုနိုင်ခြင်း ၊ အချက်အလက်များ ဆုံးရှုံးခြင်း ၊ စီးပွားရေးအခွင့်အလမ်းများဆုံးရှုံးခြင်း ၊ ရနိုင်မည့်အလားအလာရှိသော ဝင်ငွေဆုံးရှုံးခြင်းစသည့်တို့ အပါဝင် သွယ်ဝိုက်၍ဖြစ်ပေါ်လာသည့် သို့မဟုတ် နောက်ဆက်တွဲဖြစ်ပေါ်လာသည့် ပျက်စီးဆုံးရှုံးမှု
တတိယအုပ်စုကြောင့် ဖြစ်ပေါ်လာသည့် ပျက်စီးဆုံးရှုံးမှု
အထက်ပါအပိုဒ်တွင် မည်သို့ပင်ဆိုစေကာမူ ကျွန်ုပ်တို့၏ ဝန်ဆောင်မှုရယူရာမှ ပေါ်ပေါက်လာသည့် ပျက်စီးဆုံးရှုံးမှုများအတွက် တာဝန်ရှိသည်ဆိုပါက အဆိုပါပျက်စီးဆုံးရှုံးမှုကို ပေါ်ပေါက်စေသည့် ဝန်ဆောင်မှုအတွက် သီးသန့်ရယူထားသည့် ဝန်ဆောင်ခထက် မပိုစေရ။

၆။ အထွေထွေ

၆.၁။ အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်နှင့် အခြားအခွင့်အရေးများ

ကျွန်ုပ်တို့၏ www.ananda.com.mm website တွင် ananda အမည်အပါအဝင် မှတ်ပုံတင်ထားပြီးဖြစ်သော ကုန်အမှတ်တံဆိပ်များ ၊ မူပိုင်ခွင့်လျှောက်ထားဆဲ ကုန်အမှတ်တံဆိပ်များ ၊ ဒီဇိုင်း နှင့် ကုန်ပစ္စည်းအမည်များ ပါဝင်သည်။ ဤအသိဉာဏ်ပစ္စည်းမူပိုင်ခွင့်နှင့် အခြားအခွင့်အရေးများကို ကျွန်ုပ်တို့ အမြဲတမ်းပိုင်ဆိုင်မှုသည်။

၆.၂။ ကွဲပြားခြားနား၍ အကျိုးသက်ရောက်မှု

အကြောင်းတစ်စုံတစ်ခုကြောင့် မည်သည့်ပြဋ္ဌာန်းချက်ကိုမဆို တရားမဝင်ဟု မှတ်ယူပါက ထိုပြဋ္ဌာန်းချက်ကိုသာ တရားမဝင်ဖြစ်သည်ဟု မှတ်ယူရမည်ဖြစ်ပြီး ဤသဘောတူစာချုပ်၏ အခြားပြဋ္ဌာန်းချက်များအပေါ် သက်ရောက်မှု မရှိစေရပါ။

၆.၃။ အခွင့်အရေးကို စွန့်လွှတ်ခြင်း

ကျွန်ုပ်တို့၏အခွင့်အရေးများကို သတ်မှတ်ထားသည့်စည်းမျဉ်းစည်းကမ်းများနှင့်အညီ မကျင့်သုံးခြင်း သို့မဟုတ် အတည်ပြုမဆောင်ရွက် ခြင်း နှင့် အဆိုပါအခွင့်အရေးများကို ကျင့်သုံးရန် သို့မဟုတ် အတည်ပြုဆောင်ရွက်ရန် နှောင့်နှေးခြင်းသည် အဆိုပါအခွင့်အရေးများကို စွန့်လွှတ်သည့်သဘော မသက်ရောက်စေရ၊ သို့မဟုတ် အဆိုပါမကျင့်သုံးမှု သို့မဟုတ် နှောင့်နှေးမှုတစ်စုံတစ်ရာသည် သတ်မှတ်ထား သည့်စည်းမျဉ်းစည်းကမ်းများအရဖြစ်စေ၊ လူကြီးမင်းနှင့် ပြုလုပ်ထားသည့်အခြားသဘောတူညီချက်တစ်ရပ်ရပ်အရ ဖြစ်စေ ကျွန်ုပ်တို့၏ အခွင့်အရေးများ နှင့် လုပ်ပိုင်ခွင့်များကို ကျင့်သုံးဆောင်ရွက်နိုင်သော ကျွန်ုပ်တို့၏အခွင့်အရေးအပေါ် မည်သည့်နည်းနှင့်မျှ ထိခိုက်မှု သို့မဟုတ် အကျိုးသက်ရောက်မှု မရှိစေရ။

၆.၄။ ပြင်ဆင်ခြင်း

ကျွန်ုပ်တို့သည် ဝန်ဆောင်မှုများ ၊ အစီအစဉ်များ ၊ နှုန်းထားနှင့် ဈေးနှုန်းများ ၊ ဒေတာကာကွယ်မှုမူဝါဒနှင့် အကောင့်အသုံးပြုပုံမူဝါဒများကို တစ်ဦးတည်းဆုံးဖြတ်ချက်ဖြင့် ပြင်ဆင် ၊ ပြောင်းလဲ ၊ ထပ်လောင်းတိုးချဲ့ခြင်းတို့ ပြုလုပ်နိုင်ပြီး ၎င်းပြင်ဆင်ချက်များကို ကျွန်ုပ်တို့၏ Website တွင် ကြေညာ၍ဖြစ်စေ ၊ လူကြီးမင်းအား အကြောင်းကြား၍ဖြစ်စေ Update ပြုလုပ်သွားပါမည်။ ထိုသို့ ပြင်ဆင်မှုကို ကြေညာပြီးနောက် လူကြီးမင်းသည် ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများကို ဆက်လက်အသုံးပြုဆဲဖြစ်ပါက အဆိုပါပြင်ဆင်မှုကို လက်ခံသဘောတူသည်ဟု မှတ်ယူပါမည်။

၆.၅။ အကြောင်းကြားခြင်း

ထိုကဲ့သို့ပြောင်းလဲပြင်ဆင်မှုများကို စာတိုများ ၊ အီးမေးလ်များ ၊ မြန်မာနိုင်ငံအနှံ့ ဖြန့်ဝေသော သတင်းစာများ မှတစ်ဆင့်ဖြစ်စေ ကျွန်ုပ်တို့၏ Website မှဖြစ်စေ ၊ သင့်လျော်သည်ဟု ယူဆသည့် အခြားကိစ္စရပ်များအား အများပြည်သူသို့ အသိပေးကြေညာ၍ ဖြစ်စေ အကြောင်းကြားသွားပါမည်။ ဤနည်းအားဖြင့် အကြောင်းကြားခြင်းကို လုံလောက်သည်ဟု မှတ်ယူမည်ဖြစ်ပြီး ၎င်းအား ထုတ်ပြန်သည့် နေ့မှာပင် လူကြီးမင်း ရရှိသည်ဟု မှတ်ယူပါမည်။

၇။ ဆက်သွယ်ရန် အချက်အလက်များ

ကျွန်ုပ်တို့အား ဖုန်းခေါ်ဆို၍ ဖြစ်စေ ၊ အီးမေးလ် သို့မဟုတ် အသုံးများသော ဆိုရှယ်မီဒီယာများမှ မက်ဆေ့ချ်ပို့ခြင်းတို့ဖြင့် ဆက်သွယ်နိုင်ပါသည်။

အီးမေးလ် care@ananda.com.mm
ဖုန်းနံပါတ်

+၉ ၅၉ ၉ ၆၉ ၇၈၇၈၇၈
လိပ်စာ
အမှတ် (၅၂၀ အေ၊ ၁+၃ ဘီ)၊ မြေညီထပ်နှင့် ဒုတိယထပ်၊ Excel Home Mart၊ ရွှေဂုံတိုင်၊ ကိုယ့်မင်းကိုယ့်ချင်းရပ်ကွက်၊ ကမ္ဘာအေးဘုရားလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်၊ မြန်မာ။

Thadingyut Promo FAQs

အောက်တိုဘာလ ၁၅ ရက် မှ ၂၈ ရက် အတွင်း ananda Starter Packs (Device + SIM, Device + SIM + Unlimited, Hero Product) and rental device များအား ဝယ်ယူ/ ဌားရမ်းသော ananda ၏ သုံးစွဲသူအသစ်များ အတွက်ရည်ရွယ်ထားတဲ့ Special Promotion ဖြစ်ပါတယ်။ သတ်မှတ်ထားသော promotion ကာလအတွင်းမှာ ananda ရဲ့ မည်သည့် Starter Packs (Device + SIM, Device + SIM + Unlimited, Hero Product) and rental device များအား ဝယ်ယူ/ ဌားရမ်း သူများကို  System မှ random ၁၄ ဦးအား ရွေးချယ်၍ hoco ထုတ်ကုန်များအား လက်ဆောင်အဖြစ် ရရှိနိုင်သော အစီအစဉ် ဖြစ်ပါတယ်။

အောက်တိုဘာလ ၁၅ ရက် မှ ၂၈ ရက် အတွင်း – ananda Starter Packs (Device + SIM, Device + SIM + Unlimited, Hero Product) and rental device များအား ဝယ်ယူ/ ဌားရမ်းပြီး activate လုပ်ထားတဲ့ သူတွေ အားလုံးပါဝင်မှာ ဖြစ်ပါတယ်။

အောက်မှာဖော်ပြထားတဲ့ ananda ရဲ့ပစ္စည်းများအား ဝယ်ယူခြင်း (သို့) ဌားရမ်းခြင်း ဖြင့် activate ပြုလုပ်ရမှာဖြစ်ပါတယ်။

ananda mifi unlimited30

ananda mifi plus unlimited30

ananda mifi

ananda mifi plus

ananda mifi (rental)

ananda router unlimited90

ananda router unlimited30

ananda router

ananda router (rental)

အောက်တိုဘာလ ၁၅ ရက်နေ့ မှ ၂၁ ရက်အတွင်း activation ပြုလုပ်ထားသော Customer များမှ ကံထူးသူ ၇ ယောက် အားရွေးချယ်ပြီး ၂၃ ရက် နေ့မှာ ဆက်သွယ်မှု ပြုလုပ်မှာ ဖြစ်ပါတယ်။

၂၂ ရက်နေ့မှ ၂၈ ရက်အတွင်း activation ပြုလုပ်ထားသော Customer များထဲမှ ကံထူးသူ ၇ ယောက်အား ရွေးချယ်ပြီး ၃၀ ရက် နေ့မှာ ဆက်သွယ်မှာ ဖြစ်ပါတယ်။

ananda SIM ကို ၂၈ ရက် အောက်တိုဘာ ကျော်မှ လုပ်လို့ရပါတယ်… သတ်မှတ်ထားတဲ့ ကာလကျော်ရင်တော့ Promotion ထဲ ပါဝင်မှာ မဟုတ်ပါဘူး။

Hoco ထုတ်ကုန်များ ဖြစ်တဲ့ wireless earphones, headphones, speakers and power banks တွေပေးမှာပါ။

About ananda

ananda is a 4G+ data network, providing fast speeds and stable connections to the people of Yangon (and later Mandalay).

ananda is committed to delivering customer service excellence, and to developing insightful products and services that will meet the special needs of our customers.

ananda is always 4G+ (4G LTE without dropping to the slower 2G / 3G network), and offers an unlimited data plan at the highest speed available.

Any device with Wi-Fi capability is compatible with ananda; phones, tablets smart TVs, games consoles, etc. can all connect to an ananda mifi or router.

ananda has built a state-of-the-art 4G+ network using the 2600MHz frequency to provide unrivalled services in Yangon and Mandalay.

ananda offers only prepaid solution.

More information is available on our: 1) website www.ananda.com.mm 2) my ananda app (download at Google Play Store, Apple App Store, or www.ananda.com.mm/app) 3) Facebook page (ananda livemore) You can also visit the “support” section of our website or app to chat with a customer care executive.

ananda is always 4G+ (4G LTE without dropping to the slower 2G / 3G network), and offers an unlimited data plan at the highest speed available.

စတင်အသုံးပြုခြင်း

အနန္တမှ ပေးအပ်သောဝန်ဆောင်မှု အစီအစဉ် ၅ မျိုး ရှိပါတယ်။

(၁) ananda mifi pack

(၂) ananda mifi+ pack

(၃) ananda router pack

(၄) ananda router unlimited pack

(၅) ananda SIM pack

အကန့်အသတ်မဲ့ဲ့ အင်တာနက် တစ်မျိုးတည်း မဟုတ်ပါဘူး။
စတင်အသုံးပြုခြင်း အစီအစဉ် သက်တမ်းကုန်သွားပါက ဝယ်ယူထားတဲ့ အကန့်အသတ်မဲ့အစီအစဉ်အတိုင်း ဆက်အသုံးပြုလို့ ရသလို၊ မိမိစိတ်ကြိုက် GB ပမာဏကို ရွေးချယ်ဝယ်ယူနိုင်တဲ့ value plan သို့ ပြောင်းလဲအသုံးပြုလို့လည်း ရပါတယ်။

အနန္တ အင်တာနက်အတွက် လိုအပ်တဲ့ band 38 (TDD LTE with 2600 MHz frequency) ပါရှိတဲ့ စမတ်ဖုန်းတွေမှာသာ အသုံးပြုနိုင်ပါတယ်။

သင့် စမတ်ဖုန်းမှာ အနန္တ ဆင်းမ်ကဒ်ကို အသုံးပြုဖို့အတွက်
၁။ mobile network settings သို့ သွားပါ။
၂။ Access Point Names ကို ရွေးပြီး add APN ကို နှိပ်ပါ။
၃။ APN name နှင့် APN နေရာတွင် ‘ananda’ ဟု ထည့်ပါ။
၄။ အနန ္တအင်တာနက်ကို သင့် စမတ်ဖုန်းမှာ စိတ်ကျေနပ်စွာ အသုံးပြုနိုင်ပါပြီ။

၁။ ဆင်းမ်ကဒ်မှတ်ပုံတင်ရန် အောက်ပါအချက်အလက်များကို ဖြည့်စွက်ဖို့ လိုပါတယ်။
သုံးစွဲသူ ID အမှတ် ဂဏန်း ၁၀ လုံး(ဆင်းမ်ကဒ်တွင် ပုံနှိပ်ထားပါတယ်။)
PUK ဂဏန်း ၈ လုံး(ဆင်းမ်ကဒ်တွင် ပုံနှိပ်ထားပါတယ်။)
ဆက်သွယ်ရမယ့် ဖုန်းနံပါတ်
မွေးနေ့
အီးမေးလ်လိပ်စာ
မှတ်ပုံတင်၊ ပတ်စ်ပို့ သို့မဟုတ် ယာဉ်မောင်းလိုင်စင်

၂။ ဆင်းမ်ကဒ်မှတ်ပုံတင်ရန် my ananda application ကို (Play Store, App Store, or direct SPK at ananda.com.mm/app) တွင် ဒေါင်းလုပ်ရယူပါ။ သို့မဟုတ် ananda.com.mm/register သို့ သွားပါ။

၃။ ညွှန်ကြားချက် အဆင့်ဆင့် အတိုင်း ဆင်းမ်ကဒ်ကို မှတ်ပုံတင်ပါ။

Starter packs

ananda starter pack တွေကို ananda ဆိုင်များနှင့် ananda မှ တရားဝင်ခွင့်ပြုထားသော authorized dealers များတွင် လွယ်ကူစွာ ဝယ်ယူနိုင်ပါတယ်။

ကျွန်ုပ်တို့ရဲ့ ဝက်ဘ်ဆိုက် (ananda.com.mm/map) မှာ သို့မဟုတ် my ananda application (app/more/map/store map) မှလည်း သင်နဲ့ အနီးဆုံးမှာရှိတဲ့ ananda စတိုးဆိုင်တွေကို ရှာကြည့်နိုင်ပါတယ်။

“ ananda mifi pack တွင်

၁။ ananda mifi စက် နှင့် ဘက်ထရီ (၁၀ နာရီအထိအသုံးပြုနိုင်သော)
၂။ မှတ်ပုံတင်ပြီးချိန်မှစ၍ ရက်၃၀ သက်တမ်းရှိသော ananda ဆင်းမ်ကဒ် တို့ပါရှိပါသည်။

ananda mifi pack ၏ဈေးနှုန်းမှာ ၃၅,၀၀၀ ကျပ်ဖြစ်ပြီး ananda ဆိုင်များနှင့် ananda မှ တရားဝင်ခွင့်ပြုထားသော authorized dealers များထံတွင် ဝယ်ယူရရှိနိုင်ပါသည်။”

ananda mifi plus pack တွင်

၁။ ananda mifi စက် နှင့် ဘက်ထရီ (၁၅ နာရီအထိအသုံးပြုနိုင်သော)
၂။ မှတ်ပုံတင်ပြီးချိန်မှစ၍ ရက်၃၀ သက်တမ်းရှိသော ananda ဆင်းမ်ကဒ် တို့ပါရှိပါသည်။

ananda mifi plus pack ၏ဈေးနှုန်းမှာ ၄၀,၀၀၀ ကျပ်ဖြစ်ပြီး ananda ဆိုင်များနှင့် ananda မှ တရားဝင်ခွင့်ပြုထားသော authorized dealers များထံတွင် ဝယ်ယူရရှိနိုင်ပါသည်။

ananda router pack တွင်

၁။ ananda router စက် နှင့်
၂။ မှတ်ပုံတင်ပြီးချိန်မှစ၍ ရက်၃၀ သက်တမ်းရှိသော ananda ဆင်းမ်ကဒ် တို့ပါရှိပါသည်။

ananda router pack ၏ဈေးနှုန်းမှာ ၅၅,၀၀၀ ကျပ်ဖြစ်ပြီး ananda ဆိုင်များနှင့် ananda မှ တရားဝင်ခွင့်ပြုထားသော authorized dealers များထံတွင် ဝယ်ယူရရှိနိုင်ပါသည်။

ananda SIM pack တွင်

၁။ ananda SIM ကဒ်နှင့်
၂။ 1 GB data (မှတ်ပုံတင်ပြီးချိန်မှစ၍ ရက်၃၀ သက်တမ်းရှိသော) တို့ပါရှိပါသည်။

(ananda network နှင့် ကိုက်ညီမှုရှိသော စမတ်ဖုန်းများတွင်သာ အသုံးပြုနိုင်ပါသည်။)

ananda SIM pack ၏ဈေးနှုန်းမှာ ၁,၅၀၀ ကျပ်ဖြစ်ပြီး ananda ဆိုင်များနှင့် ananda မှ တရားဝင်ခွင့်ပြုထားသော authorized dealers များထံတွင် ဝယ်ယူရရှိနိုင်ပါသည်။

၁။ my ananda app ကိုရယူ၍ သင့်ဖုန်းတွင် ထည့်သွင်းပါ။
၂။ သင့် ဆင်းမ်ကဒ်ကို activate ပြုလုပ်ပါ။
၃။ ငွေဖြည့်သွင်းပြီး နှစ်သက်ရာ အစီအစဉ်ကို ဝယ်ယူပါ။
၄။ စက်ကို စတင် တပ်ဆင်ပါ။
၅။ Wi-Fi ntework နှင့် ချိတ်ဆက်ပါ။
အသေးစိတ်ညွှန်ကြားချက်များကို စက်အသုံးပြုမှုလမ်းညွှန်စာအုပ်တွင် ကြည့်ပါ။

၁။ my ananda app ကိုရယူ၍ သင့်ဖုန်းတွင် ထည့်သွင်းပါ။
၂။ သင့် ဆင်းမ်ကဒ်ကို activate ပြုလုပ်ပါ။
၃။ ငွေဖြည့်သွင်းပြီး နှစ်သက်ရာ အစီအစဉ်ကို ဝယ်ယူပါ။
၄။ စက်ကို စတင် တပ်ဆင်ပါ။
၅။ Wi-Fi ntework နှင့် ချိတ်ဆက်ပါ။
အသေးစိတ်ညွှန်ကြားချက်များကို စက်အသုံးပြုမှုလမ်းညွှန်စာအုပ်တွင် ကြည့်ပါ။

၁။ my ananda app ကိုရယူ၍ သင့်ဖုန်းတွင် ထည့်သွင်းပါ။
၂။ သင့် ဆင်းမ်ကဒ်ကို activate ပြုလုပ်ပါ။
၃။ ငွေဖြည့်သွင်းပြီး နှစ်သက်ရာ အစီအစဉ်ကို ဝယ်ယူပါ။
၄။ စက်ကို စတင် တပ်ဆင်ပါ။
၅။ Wi-Fi ntework နှင့် ချိတ်ဆက်ပါ။
အသေးစိတ်ညွှန်ကြားချက်များကို စက်အသုံးပြုမှုလမ်းညွှန်စာအုပ်တွင် ကြည့်ပါ။

၁။ my ananda app ကိုရယူ၍ သင့်ဖုန်းတွင် ထည့်သွင်းပါ။
၂။ သင့် ဆင်းမ်ကဒ်ကို Activate ပြုလုပ်ပါ။
၃။ စက်ကို စတင် တပ်ဆင်ပါ။
၄။ Wi-Fi ntework နှင့် ချိတ်ဆက်ပါ။
အသေးစိတ်ညွှန်ကြားချက်များကို စက်အသုံးပြုမှုလမ်းညွှန်စာအုပ်တွင် ကြည့်ပါ။

၁။ my ananda app ကိုရယူ၍ သင့်ဖုန်းတွင် ထည့်သွင်းပါ။
၂။ သင့် ဆင်းမ်ကဒ်ကို Activate ပြုလုပ်ပါ။

လက်ရှိဝယ်ယူထားသော အစီအစဉ်သက်တမ်းကုန်ဆုံးသွားပါက ငွေဖြည့်သွင်းပြီး နှစ်သက်ရာ အစီအစဉ်သစ် (unlimited or value) ကို ဝယ်ယူနိုင်ပါတယ်။

သင့်ရဲ့ လက်ရှိဝယ်ယူထားသော အစီအစဉ် သက်တမ်းမကုန်ဆုံးခင် အီးမေးလ်မှဖြစ်စေ my ananda application ရှိ အသိပေးချက်များမှဖြစ်စေ SMS မှဖြစ်စေ အကြောင်းကြားပါလိမ့်မယ်။

Top ups

အောက်ပါနည်းလမ်းများကို အသုံးပြုပြီး ငွေဖြည့်နိုင်ပါတယ်။
> အနန ္တဆိုင်တွင် ငွေဖြည့်နိုင်ပါတယ်။(သင်နှင့် အနီးဆုံး အနန ္တဆိုင်များ ကို my ananda application တွင် ရှာကြည့်နိုင်ပါတယ်။)
> အနန ္တဆိုင် (သို့)အနန ္တနှင့် မိတ်ဖက် ဆိုင်များတွင် ငွေဖြည့်ကတ် ဝယ်လို့ ရပါတယ်။
> အနန ္တဆိုင်မှာ E top up ဖြင့် ငွေဖြည့်နိုင်ပါတယ်။
my ananda application (သို့) ananda website တွင်
> Credit Card
> MPU ကဒ်(ecommerce purchase အတွက် မှတ်ပုံတင်ထားသော MPU ကဒ်)
တို့ဖြင့် အွန်လိုင်းကနေ ငွေဖြည့်နိုင်ပါတယ်။

သင့် လက်ကျန်ငွေကို my ananda application ရဲ့ မူလစာမျက်နှာ(home screen) တွင် စစ်ဆေးနိုင်ပါတယ်။

သင့်ဖုန်းတွင် my ananda application ကို ထည့်သွင်းအသုံးပြုရန် ananda.com.mm/app သို့ သွားရောက်ပါ။

Base plans

“ သင့်အကောင့်ထဲတွင် လက်ကျန်ငွေ အလုံအလောက်ရှိလျှင် starter pack သက်တမ်းကုန်ဆုံးသွားလျှင် သင့် plan သည် အလိုအလျောက် သက်တမ်းတိုးပါလိမ့်မယ်။
my ananda application သို့မဟုတ် ananda.com.mm. တွင် base plan များကို ဝယ်ယူနိုင်ပါတယ်။”

my ananda application သို့မဟုတ် ananda.com.mm. တွင် base plan ကို ဝယ်ယူနိုင်ပါတယ်။

ဝယ်ယူထားသော plan ကို အလိုအလျောက် သက်တမ်းတိုးခြင်းကို my ananda application တွင် ပိတ်နိုင်ပါတယ်။(app > home > turn off auto renewal)

တချို့ base plan တွေမှာ data bonus GB တွေ တွဲထားပါတယ်။ Bonus ပါတဲ့ base plan ကို ဝယ်ယူပါက Bonus ကို သင့်ရဲ့ အကောင့်ထဲ ပေါင်းထည့်ပေးပါတယ်။

Value plan သက်တမ်းကုန်ပြီးနောက် ၇ ရက် အတွင်း နောက်ထပ် value plan တစ်ခု ဝယ်ယူပါက သက်တမ်းကုန်ဆုံးပြီးနောက် ကျန်ရှိနေသေးတဲ့ ဒေတာကို ဝယ်ယူလိုက်သော plan အသစ်မှာ ထပ်ပေါင်းထည့်ပေးပါတယ်။

သုံးစွဲသူများနစ်နာမှုမရှိစေရန် လက်ရှိ အစီအစဉ် သက်တမ်းကုန်ဆုံးမှသာ နောက်ထပ် value plan ကို ဝယ်ယူစေလိုပါသည်။ သက်တမ်းမကုန်ဆုံးခင် ဝယ်ယူပါက လက်ရှိအစီအစဉ်တွင် ကျန်ရှိသော အကန့်အသတ်မဲ့ဒေတာအသုံးပြုခွင့်သက်တမ်းမှာ ဆုံးရှုံးမည်ဖြစ်ပြီး အစီအစဉ် အလိုအလျောက်ပျက်ပြယ်သွားမည်ဖြစ်ပါသည်။

သုံးစွဲသူများနစ်နာမှုမရှိစေရန် လက်ရှိ အစီအစဉ် သက်တမ်းကုန်ဆုံးမှသာ နောက်ထပ် unlimited plan ကို ဝယ်ယူစေလိုပါသည်။ သက်တမ်းမကုန်ဆုံးခင် ဝယ်ယူပါက လက်ရှိအစီအစဉ်တွင် ကျန်ရှိသော အကန့်အသတ်မဲ့ဒေတာအသုံးပြုခွင့်သက်တမ်းမှာ ဆုံးရှုံးမည်ဖြစ်ပြီး အစီအစဉ် အလိုအလျောက်ပျက်ပြယ်သွားမည်ဖြစ်ပါသည်

သုံးစွဲသူများနစ်နာမှုမရှိစေရန် လက်ရှိ အစီအစဉ် သက်တမ်း ကုန်ဆုံးမှသာ အစီအစဉ်အသစ်တစ်ခုကို ဝယ်ယူစေလိုပါသည်။ သက်တမ်းမကုန်ဆုံးခင်ဝယ်ယူပါက လက်ရှိအစီအစဉ်တွင် ကျန်ရှိသော main balance မှ ဒေတာကို နောက်ထပ်ဝယ်ယူသော value plan တွင် ပေါင်းထည့်ပေးမည်ဖြစ်ပြီး အစီအစဉ်အသစ်သက်တမ်းတွင် အသုံးပြုနိုင်မည်ဖြစ်ပါသည်။ ကျန်ရှိသော bonus ဒေတာကိုမူ ဆုံးရှုံးမည်ဖြစ်ပါသည်။

“ Base plan သက်တမ်းကုန်ပြီးနောက် ၇ ရက် အတွင်း နောက်ထပ် base plan တစ်ခု ဝယ်ယူပါက သက်တမ်းကုန်ဆုံးပြီးနောက် ကျန်ရှိနေသေးတဲ့ ဒေတာကို ဝယ်ယူလိုက်သော plan အသစ်မှာ ထပ်ပေါင်းထည့်ပေးပါတယ်။”

my ananda app

“ ရပါတယ်။
မိုင်အနန ္တအက်ပလီကေးရှင်း ကို မည်သည့် network တွင်မဆို အသုံးပြုနိုင်ပါတယ်။

မိုင်အနန ္တအက်ပလီကေးရှင်း ကို ananda network တွင် အသုံးပြုပါက အင်တာနက်အသုံးပြုခ မကုန်ပါ။”

မြန်မာဘာသာ၊အင်္ဂလိပ်ဘာသာစကား နှစ်မျိုးလုံးနဲ့ အသုံးပြုနိုင်ပါတယ်။

Andriod ကော iOS ပါ ၄၀MB ဝန်းကျင် ရှိပါတယ်။

Devices: ananda mifi

mifi စက်အတွက် ၁၂ လ – ဘက်ထရီအတွက် ၆ လ ဖြစ်ပါတယ်။ အာမခံကာလသည် သုံးစွဲသူမှ စက်ကို စတင်ဝယ်ယူတဲ့နေ့က စပါတယ်။

အောက်ပါ စက်ရုံထုတ် ချို့ယွင်းချက်များအားလုံးအတွက် စက်ပစ္စည်း အာမခံကို အသုံးပြုနိုင်ပါတယ်။ ၁။ Wi-Fi လိုင်းဆွဲအား မရခြင်း ၂။ စက်ဖွင့်၍ မရခြင်း ၃။ အင်တာနက် ချိတ်ဆက်၍ မရခြင်း ၄။ စက် အလိုအလျောက် ပိတ်သွားခြင်း ၅။ ခလုတ်များ နှိပ်မရခြင်း ၆။ စက် အပူလွန်ကဲခြင်း ၇။ USB ချိတ်ဆက်ရာတွင် အလုပ်မလုပ်ခြင်း ၈။ USB အပေါက် ချောင်နေခြင်း ၉။ ခလုတ်များ မီးမလင်းခြင်း ၁၀။ ပလပ်ခေါင်း အလုပ်မလုပ်ခြင်း

အောက်ပါ ချို့ယွင်းပျက်စီးမှုများကို စက်ပစ္စည်းအာမခံက အာမခံ မပေးထားပါ။ ၁။ အသုံးပြုနည်းပါ ညွှန်ကြားချက်များကို မလိုက်နာသောကြောင့် ဖြစ်သော ပျက်စီးမှု ၂။ အသုံးပြုသူ၏ အသုံးပြုပုံမှားယွင်းခြင်း၊ ပေါ့ဆမှုနှင့် မတော်တဆမှုကြောင့်ဖြစ်သော ပျက်စီးမှု ၃။ ananda ၏ အသိအမှတ်ပြုမရယူဘဲ စက်ကို ဖြုတ်ပြီး ပြုပြင်ခြင်း ၄။စက်ပေါ်သို့ ရေ နှင့် အခြားအရည်များ ဖိတ်ခြင်း၊ စက် ပြုတ်ကျ၊လွတ်ကျခြင်း၊ ဆားကစ်ဘုတ် လောင်သွားခြင်း ၅။ သဘာဝဘေးကဲ့သို့ မရှောင်လွှဲနိုင်သော အဖြစ်အပျက်များကြောင့် ပျက်စီးမှု ၆။ သက်တမ်းကြာမြင့်သဖြင့် ဖြစ်သော ယိုယွင်းမှု ၇။ စက်၏ IMEI/serial number သို့မဟုတ် ဆက်စပ်ပစ္စည်းများ ဖြုတ်ထားခြင်း၊ သို့မဟုတ် ပြင်ထားခြင်း ၈။ အာမခံသက်တမ်းကုန်ဆုံးပြီးနောက်ဖြစ်သော ချို့ယွင်းချက်များ ၉။ ထိခိုက်မှုကြောင့် ပျက်စီးခြင်း၊ မျက်နှာပြင် အက်ကွဲခြင်း ၁၀။ နေရောင်ကြောင့်၊ အပူကြောင့် ဖြစ်သော ပျက်စီးမှု

mifi စက်ကို အနီးဆုံး ananda စတိုးဆိုင်သို့ ယူသွားပါ။

၁။ mifi ရဲ့ Wi-Fi နဲ့ ချိတ်ထားပါ။_x000D_
၂။ device management ဝက်ဘ်စာမျက်နှာသို့ ရောက်အောင် browser တွင် https://192.168.1.1 ကို ရိုက်ထည့်ပါ။_x000D_
၃။ password နေရာတွင် admin ရိုက်ထည့်ပါ။

device management web interface > Information > Connected Users ကို ဝင်ကြည့်ပါ။

၁။ mifiရဲ့ Wi-Fi လိုင်းနဲ့ ချိတ်ထားပါ။
၂။ mifiရဲ့ device admin စာမျက်နှာသို့ ရောက်အောင် browser တွင် https://192.168.1.1 ကို ရိုက်ထည့်ပါ။
၃။ password နေရာတွင် “ ” admin” ” ကို ရိုက်ထည့်ပါ။
၄။ Settings > Device Settings > Account Management ကို ရွေးချယ်ပါ။
၅။ လျှို့ဝှက်နံပါတ်အသစ်ကို ရိုက်ထည့်ပါ။
၆။ “ ” Apply” ” ကို နှိပ်ပြီး log out လုပ်ပါ။

mifi device admin page ကို ဝင်ပြီး device admin page > Information > Device Information တွင် ကြည့်နိုင်ပါတယ်။

၁။ mifiရဲ့ Wi-Fi လိုင်းနဲ့ ချိတ်ထားပါ။
၂။ mifiရဲ့ device admin စာမျက်နှာသို့ ရောက်အောင် browser တွင် https://192.168.1.1 ကို ရိုက်ထည့်ပါ။
၃။ Settings > Device Settings > Reset ကို ရွေးပါ။
၄။ ‘restore factory settings’ ကို ရွေးချယ်ပါ။

နောက်တစ်နည်းအနေဖြင့် mifi ရဲ့ အနောက်ဖုံး အတွင်းဘက်မှာရှိသော ‘reset’ ခလုတ်ကို ဖိနှိပ်ထားပြီး mifi Setting များကို မူလအခြေအနေအတိုင်း ပြန်လည် ထားရှိနိုင်ပါတယ်။

mifi device admin page> Settings > Device Settings > Reboot mifi ကို ရွေးချယ်ပြီး စက်ကို reboot လုပ်နိုင်ပါတယ်။

အနန ္တmifi ကို အားသွင်းရန် အသင့်တော်ဆုံး Power adapter မှာ
Input: AC100V-240V ~ 50/60Hz 0.25 A
Output : DC5V 1000mA ဖြစ်ပါတယ်။

Devices: Huawei B310 router

router ဟာ အနန ္တ4G+ network ကို အနန ္တဆင်းမ်ကတ်နဲ့ ချိတ်ဆက်ပြီး အင်တာနက်လိုင်းကို အနီးအနားက Wi-Fi အသုံးပြုနိုင်တဲ့ စက်တွေ(လက်ပ်တော့၊ စမတ်ဖုန်း၊ တက်ဘလက် စသဖြင့်) အသုံးပြုနိုင်အောင် ကြိုးမဲ့နည်းဖြင့် ပြန်လည် ဖြန့်ဖြူးပေးနိုင်ပါတယ်။
router စက်ကနေ တပြိုင်နက်တည်း စက် ၃၂ လုံးအထိ ချိတ်ဆက် အသုံးပြုနိုင်ပါတယ်။

“ ” ” အနန ္တ ဆင်းမ်ကဒ်ကို ဆင်းမ်ကဒ်အပေါက်ထဲ ထည့်ပြီး Huawei B310 router ကို ပါဝါကြိုးတပ်ပါ။

router အလိုအလျောက် ပွင့်လာပြီး အနန ္တ 4G+ mobile network ကို ရှာဖွေပါလိမ့်မယ်။

သတိပြုရန်။ routerစက် အလုပ်လုပ်နေစဉ် ဆင်းမ်ကဒ်ထည့်ခြင်း၊ ဖြုတ်ခြင်း မပြုလုပ်ပါနှင့်။ ထိုသို့ပြုလုပ်ပါက ဆင်းမ်ကဒ်၏ လုပ်ဆောင်မှုစွမ်းရည်ကို ထိခိုက်စေခြင်း(သို့)ဆင်းမ်ကဒ်ပျက်စီးခြင်း ဖြစ်နိုင်ပါတယ်။”

၁။ Wi-Fi သုံးမယ့် စက်ကိုဖွင့်ပါ။(စမတ်ဖုန်း၊ လက်ပ်တော့)
၂။ ချိတ်ဆက်နိုင်တဲ့ network များထဲမှ သင့် router network name(SSID) ကို ရွေးချယ်ပါ။
၃။ လျှို့ဝှက်နံပါတ်(Wi-Fi key) ကို ရိုက်ထည့်ပါ။

network name(SSID) နဲ့ လျှို့ဝှက်နံပါတ်(Wi-Fi key) တို့ကို router ၏ အောက်ခြေတွင် ကြည့်နိုင်ပါတယ်။

၁။ router ရဲ့ Wi-Fi လိုင်းနဲ့ ချိတ်ထားပါ။ ၂။ router ရဲ့ device admin စာမျက်နှာသို့ ရောက်အောင် browser တွင် http://192.168.8.1 ကို ရိုက်ထည့်ပါ။ ၃။ လျှို့ဝှက်နံပါတ် နေရာတွင် ‘admin’ ဟု ရိုက်ထည့်ပါ။ ၄။ Settings > Wi-Fi Settings > Basic settings သို့ သွားပါ။ ၄။ သင် ထားချင်သော လျှို့ဝှက်နံပါတ်အသစ်ကို ရိုက်ထည့်ပါ။ ၆။ “Apply” ကို နှိပ်ပါ။ ထို့နောက် Log out လုပ်ပါ။

Log in > Settings > System > Device Information ကို ရွေးချယ်ပြီး ကြည့်နိုင်ပါတယ်။

network name(SSID) နဲ့ လျှို့ဝှက်နံပါတ်(Wi-Fi key) တို့ကို router ရဲ့ အောက်ဘက်မှာ ရေးထားပါတယ်။

၁။ router ရဲ့ Wi-Fi နဲ့ ချိတ်ထားပါ။ ၂။ router ရဲ့ device admin စာမျက်နှာသို့ ရောက်အောင် browser တွင် http://192.168.8.1 ကို ရိုက်ထည့်ပါ။ ၃။ user နေရာတွင် admin နှင့် password နေရာတွင် “ admin” ရိုက်ထည့်ပြီး log in ဝင်နိုင်ပါတယ်။

၁။ router ရဲ့ Wi-Fi လိုင်းနဲ့ ချိတ်ထားပါ။
၂။ router ရဲ့ device admin စာမျက်နှာသို့ ရောက်အောင် browser တွင် https://192.168.8.1 ကို ရိုက်ထည့်ပါ။
၃။ SSID နဲ့ လျှို့ဝှက်နံပါတ်ကို ရိုက်ထည့်ပါ။ (router စက်ရဲ့ အောက်ဘက်တွင် ကြည့်နိုင်ပါသည်။)
၄။ Settings>Modify Password>Enter current password ကို ရွေးပါ။
၅။ လျှို့ဝှက်နံပါတ်အသစ်ကို ရိုက်ထည့်ပါ။
၆။ “Apply” ကို နှိပ်ပါ။ ထို့နောက် Log out လုပ်ပါ။

၁။ mifi ရဲ့ Wi-Fi လိုင်းနဲ့ ချိတ်ထားပါ။
၂။ mifi ရဲ့ device manangement webစာမျက်နှာသို့ ရောက်အောင် browserတွင် https://192.168.1.1 ကို ရိုက်ထည့်ပါ။
၃။ လျှို့ဝှက်နံပါတ် နေရာတွင် ‘admin’ ဟု ရိုက်ထည့်ပါ။
၄။ Settings > Device Settings > Account Management သို့ သွားပါ။
၄။ လျှို့ဝှက်နံပါတ်အသစ်ကို ရိုက်ထည့်ပါ။
၆။ “Apply” ကို နှိပ်ပါ။ ထို့နောက် Log out လုပ်ပါ။

ပါဝါကို ပိတ်ထားလို့ မရပါဘူး။
router အလုပ်လုပ်နိုင်ဖို့ ပါဝါကြိုးတပ်ထားဖို့ လိုပါတယ်။

သင့် router network ရဲ့ လျှို့ဝှက်နံပါတ်ကို သိသူများသာ ချိတ်ဆက်အသုံးပြုနိုင်ပါတယ်။
wireless security လုပ်ထားပြီး လျှို့ဝှက်နံပါတ် အသစ် ပြောင်းထားပါက သင့် hotspot က လုံခြုံမှု ရှိပါတယ်။

အနန ္တ Customer Care ကို မိုင်အနန ္တအက်ပလီကေးရှင်း၊ Facebook messenger၊ Viber သို့မဟုတ် ဖုန်းနံပါတ် 09969787878 တို့ကတစ်ဆင့် ဆက်သွယ်နိုင်ပါတယ်။ ဒါမှမဟုတ် ကျွန်ုပ်တို့ရဲ့ အနန ္တစတိုးမှာ အကူအညီ ရယူနိုင်ပါတယ်။

အောက်ပါ စက်ရုံထုတ် ချို့ယွင်းချက်များအားလုံးအတွက် စက်ပစ္စည်း အာမခံကို အသုံးပြုနိုင်ပါတယ်။

၁။ Wi-Fi လိုင်းဆွဲအား မရခြင်း
၂။ စက်ဖွင့်၍ မရခြင်း
၃။ အင်တာနက် ချိတ်ဆက်၍မရခြင်း
၄။ စက် အလိုအလျောက် ပိတ်သွားခြင်း
၅။ ခလုတ်များ နှိပ်မရခြင်း
၆။ routerစက် အပူလွန်ကဲခြင်း
၇။ USB ချိတ်ဆက်ရာတွင် အလုပ်မလုပ်ခြင်း
၈။ USB အပေါက် ချောင်နေခြင်း
၉။ ခလုတ်များ မီးမလင်းခြင်း
၁၀။ ပလပ်ခေါင်း အလုပ်မလုပ်ခြင်း

– router စက်အတွက် ၁၂ လ
– အားသွင်းကြိုး အတွက် ၃ လ ဖြစ်ပါတယ်။
အာမခံကာလသည် သုံးစွဲသူမှ စက်ကို စတင်ဝယ်ယူတဲ့နေ့က စပါတယ်။
အာမခံ ခံစားခွင့်ကို အသုံးပြုဖို့အတွက် မူရင်းပြေစာ နဲ့အတူ Huawei အာမခံကဒ်ပါ လိုအပ်ပါတယ်။

အာမခံ ရှိပါတယ်။
router စက်ကို ထုတ်လုပ်စဉ်က ဖြစ်ပေါ်တဲ့ ချို့ယွင်းချက်တွေအတွက် စတင်ဝယ်ယူတဲ့နေ့ကစပြီး ၁၂ လအတွင်း နှင့် အားသွင်းကြိုး အတွက် ၃ လ အာမခံ ပေးထားပါတယ်။

အာမခံ ရယူလိုပါက ဝယ်ယူထားသော မူရင်းပြေစာနှင့် Huawei အာမခံကဒ်ပြား ကို ယူဆောင်သွားရန်လိုအပ်ပါတယ်။

အာမခံနဲ့ပတ်သတ်တဲ့ အသေးစိတ် စည်းမျဉ်းသတ်မှတ်ချက်များအတွက် သင့်စက်ပစ္စည်းနဲ့ ပတ်သတ်တဲ့ အောက်ပါ အမေးများသောမေးခွန်းများနဲ့ အဖြေများမှာ ကြည့်နိုင်ပါတယ်။

ရပါတယ်။mifi ကော router မှာပါ အနန ္တဆင်းမ်ကတ်များကို အသုံးပြုနိုင်ပါတယ်။

အောက်ပါ ချို့ယွင်းပျက်စီးမှုများကို စက်ပစ္စည်းအာမခံက အာမခံ မပေးထားပါ။

၁။ အသုံးပြုနည်းပါ ညွှန်ကြားချက်များကို မလိုက်နာသောကြောင့် ဖြစ်သော ပျက်စီးမှု
၂။ အသုံးပြုသူ၏ အသုံးပြုပုံမှားယွင်းခြင်း၊ ပေါ့ဆမှုနှင့် မတော်တဆမှုကြောင့်ဖြစ်သော ပျက်စီးမှု
၃။ Huawei ၏ အသိအမှတ်ပြုမရယူဘဲ စက်ကို ဖြုတ်ပြီး ပြုပြင်ခြင်း
၄။စက်ပေါ်သို့ ရေ နှင့် အခြားအရည်များ ဖိတ်ခြင်း၊ စက် ပြုတ်ကျ၊လွတ်ကျခြင်း၊ ဆားကစ်ဘုတ် လောင်သွားခြင်း
၅။ သဘာဝဘေးကဲ့သို့ မရှောင်လွှဲနိုင်သော အဖြစ်အပျက်များကြောင့် ပျက်စီးမှု
၆။ သက်တမ်းကြာမြင့်သဖြင့် ဖြစ်သော ယိုယွင်းမှု
၇။ စက်၏ IMEI/serial number သို့မဟုတ် ဆက်စပ်ပစ္စည်းများ ဖြုတ်ထားခြင်း၊ သို့မဟုတ် ပြင်ထားခြင်း
၈။ အာမခံသက်တမ်းကုန်ဆုံးပြီးနောက်ဖြစ်သော ချို့ယွင်းချက်များ
၉။ ထိခိုက်မှုကြောင့် ပျက်စီးခြင်း၊ မျက်နှာပြင် အက်ကွဲခြင်း
၁၀။ နေရောင်ကြောင့်၊ အပူကြောင့် ဖြစ်သော ပျက်စီးမှု

router စက်၊ Huawei ကတ် နဲ့ မူရင်းပြေစာတို့ကို ယူဆောင်ပြီး ananda စတိုး သို့မဟုတ် Huawei service centre သို့ သွားပါ။

ရန်ကုန်
အမှတ် ၂၀ ၊ အခန်း ၂ ၊ နှင်းဆီလမ်း ဘိုးလိန်းအောင်မင်္ဂလာရပ်ကွက်၊ တာမွေမြို့နယ်။ ရန်ကုန်။

မန္တလေး
၇၈လမ်း၊ ၂၇လမ်း x ၂၈လမ်းကြား၊ မန္တလေး။

Log in > Settings > System > Restore Defaults ကို ရွေးချယ်ပြီး Setting များကို မူလအခြေအနေအတိုင်းဖြစ်အောင် ထားနိုင်ပါတယ်။

Log in > Settings > System > Reboot ကို ရွေးချယ်ပြီး စက်ကို reboot လုပ်နိုင်ပါတယ်။

အသုံးပြုလို့ မရပါ။
router တွင် အနန ္တဆင်းမ်ကဒ်များကိုသာ အသုံးပြုနိုင်ပါတယ်။

Devices rental

router နှင့် mifi စက်များကို စပေါ်ငွေပေးသွင်းပြီး ငှားရမ်းစာချုပ်ချုပ်ဆိုရုံဖြင့် အလွယ်တကူငှားရမ်းနိုင်ပါပြီ။ router ငှားရမ်းစာချုပ်မှာ ၁၂ လဖြစ်ပြီး mifi အတွက် ငှားရမ်းစာချုပ်မှာ ၆လဖြစ်သည်။
စက်ငှားရမ်းခြင်းအကြောင်းပိုမိုသိရှိလိုပါက ananda.com.mm/shop/devices တွင်ကြည့်ရှူနိုင်ပါသည်။

စက်ကိုအလွယ်တကူငှားရမ်းနိုင်ပါတယ်။ ananda experience ဆိုင်သို့ လာရောက်၍ စက်ငှားရမ်းခြင်းအကြောင်းကို စုံစမ်းမေးမြန်းနိုင်ပါတယ်။ router ငှားရမ်းခြင်းအတွက် စပေါ်ငွေ ၅၅၀၀၀ ကျပ်နှင့် unlimited30 အတွက် ၃၅၀၀၀ ကျပ်၊ mifi ငှားရမ်းခြင်းအတွက် စပေါ်ငွေ ၃၅၀၀၀ ကျပ်ပေးသွင်းရပါမယ်။ router အတွက် အငှားစာချုပ်မှာ ၁၂ လ၊ mifi အတွက် အငှားစာချုပ်မှာ ၆လ ကြာမြင့်ပါမယ်။ ငှားရမ်းရန်အတွက် ပထမဦးစွာ unlimited30 အစီအစဉ်ကို ဝယ်ယူရပါမယ်။ ငှားရမ်းခြင်းနှင့်ပတ်သက်သော စည်းမျဉ်းစည်းကမ်းများကို ပိုမိုသိရှိလိုပါက ananda.com.mm/shop/devices တွင်လေ့လာနိုင်ပါတယ်။

စက်ကိုဆက်လက်မငှားလိုတော့ပါက စက်ကိုပြန်လည်အပ်နှံပြီး စပေါ်ငွေထုတ်ယူနိုင်ပါတယ်။

စက်ငှားရမ်းခြင်းစာချုပ်သက်တမ်းမှာ router အတွက် ၁၂လ၊ mifi အတွက် ၆လ ကြာမြင့်ပါမယ်။

သင့်စက်ကို ananda experience ဆိုင်တွင် မူလပါဝင်ပစ္စည်းများနှင့်တကွ ပြန်လည်အပ်နှံနိုင်ပါတယ်။

“ ကျေးဇူးပြု၍ စပေါ်ငွေပြန်လည်ရရှိနိုင်ခွင့်ရှိ/မရှိ သေချာစွာသိရှိနိုင်ရန် ငှားရမ်းခြင်းစည်းမျဉ်းစည်းကမ်းများကို သေချာစွာဖတ်ရှူပါ။၏

– စက်ကို ၇ရက်အတွင်းပြန်လည်အပ်နှံပါက စပေါ်ငွေ ပြန်လည်ရရှိမည်ဖြစ်သည်။
– စာချုပ်သက်တမ်းပြီးဆုံးချိန်တွင်စက် ကိုပြန်လည်အပ်နှံပါက စပေါ်ငွေပြန်လည်ရရှိမည်ဖြစ်သည်။စပေါ်ငွေကို ပြန်လည်ရရှိရန် အတွက် ရက် ၃၀ အစီအစဉ် တစ်ခုကို လစဉ် ဝယ်ယူရန် လိုအပ်ပါသည်။
– ၇ရက်ကျော်လွန်၍ သို့မဟုတ် စာချုပ်သက်တမ်းမပြည့်မီ ပြန်လည်အပ်နှံပါက ပြင်ဆင်မွမ်းမံစရိတ် (router အတွက် ၁၀၀၀၀ ကျပ်၊ mifi အတွက် ၅၀၀၀ ကျပ်) ပေးသွင်းရပါမည်။

မှတ်ချက်။ စက်ပြန်လည်အပ်နှံရာတွင် မူလဘူးခွံနှင့် ပါဝင်ပစ္စည်းများကိုပ ငှားရမ်းစဉ်အခြေအနေအတိုင်းပြန်လည်အပ်နှံရမည်။ ဥပမာ – အားသွင်းကြိုး၊ စက်၊ ဆင်း(မ်)ကဒ် သို့မဟုတ်က စပေါ်ငွေပြန်မရနိုင်ပါ။

ငှားရမ်းခြင်းမှ ဝယ်ယူခြင်းသို့
– unlimited30 အစီအစဉ်ကို စာချုပ်သက်တမ်း ကာလအတွင်း လစဉ်ဝယ်ယူခြင်းဖြင့် စာချုပ်သက်တမ်းကုန်ဆုံးချိန်တွင် စက်ကိုပိုင်ဆိုင်နိုင်မည်ဖြစ်သည်။ “

“ router နှင့် mifi စက်များကို စပေါ်ငွေပေးသွင်းပြီး ငှားရမ်းစာချုပ်ချုပ်ဆိုရုံဖြင့် အလွယ်တကူငှားရမ်းနိုင်ပါပြီ။ router ငှားရမ်းစာချုပ်မှာ ၁၂ လဖြစ်ပြီး mifi အတွက် ငှားရမ်းစာချုပ်မှာ ၆လဖြစ်သည်။
စက်ငှားရမ်းခြင်းအကြောင်းပိုမိုသိရှိလိုပါက ananda.com.mm/shop/devices တွင်ကြည့်ရှူနိုင်ပါသည်။”

ငှားရမ်းကာလအတွင်း စက်ချို့ယွင်းမှုတစ်စုံတစ်ရာရှိပါက သင့်စက်ကို နီးစပ်ရာ ananda experience ဆိုင်တွင် လာရောက်ပြသ၍ အကူအညီရယူနိုင်ပါတယ်။

စာချုပ်သက်တမ်းမပြည့်မီ စက်ပြန်လည်အပ်နှံပါက ပြင်ဆင်မွမ်းမံစရိတ် (router အတွက် ၁၀၀၀၀ ကျပ်၊ mifi အတွက် ၅၀၀၀ ကျပ်) ပေးသွင်းရပါမယ်။

ငှားရမ်းခပေးသွင်းရန်မလိုပါ။

စပေါ်ငွေကို ပြန်လည်ရရှိရန် အတွက် ရက် ၃၀ အစီအစဉ် တစ်ခုကို လစဉ် ဝယ်ယူရန် လိုအပ်ပါသည်။ ဝယ်ယူခြင်းမရှိပါက စပေါ်ငွေကို ဆုံးရှုံးရမည် ဖြစ်ပါသည်။

Fair usage policy (FUP)

အနန္တသည် သုံးစွဲသူများ အင်တာနက် သုံးစွဲမှု အတွေ့အကြုံ ကောင်းများကို သက်သာသောနှုန်းထားဖြင့်ရရှိနိုင်စေရန် အစဉ်အမြဲ ကြိုးစားဆောင်ရွက်လျှက်ရှိပါသည်။ ထိုသို့ဆောင်ရွက်ရာတွင် အင်တာနက်ကွန်ယက်အတွင်း ရရှိနိုင်သော bandwidth တွင် သုံးစွဲသူများအားလုံးအဆင်ပြေစေရန် သုံးစွဲသူအားလုံး တူညီသော အတွေ့အကြုံကောင်း များရရှိပေးအပ်နိုင်စေရန် ကိုလည်းအလေးထားဆောင်ရွက်နေပါသည်။

သို့သော် အချို့သော သုံးစွဲသူများမှာ ပုံမှန်သုံးစွဲသော အတိုင်းအတာ ပမာဏထက်ကျော်လွန်သုံးစွဲမှုများ ပြုလုပ်နိုင်ပါသည်။ ထိုသို့ပြုလုပ်ပါက အခြား ပုံမှန်သုံးစွဲသူများအတွက် တူညီသော သုံးစွဲမှု အခွင့်အလမ်းအတွေ့ကြုံကောင်းများ ရရှိနိုင်မှုကို ထိခိုက်လာနိုင်ပါသည်။ ထို့ကြောင့် သုံးစွဲသူများကြား သာတူညီမျှသော သုံးစွဲမှု အခွင့်အရေး
အတွေ့အကြုံကောင်းများ ရရှိနိုင်ရေးအတွက် သုံးစွဲသူအားလုံးလိုက်နာရန်လိုအပ်သော မျှတစွာသုံးစွဲမှု မူဝါဒကို ချမှတ်ထားပါသည်။

မျှတစွာသုံးစွဲမှု မူဝါဒအရ unlimited data plan သုံးစွဲသူများလိုက်နာရန် သတ်မှတ်ထားချက်များရှိပါသည်။data plan ပေါ်မူတည်၍ သတ်မှတ်ချက်အမျိုးမျိုးရှိပါသည်။ unlimited7 တွင် ၂၅ GB ကို ၇ ရက်အတွင်း unlimited30 တွင် ၁၀၀ GB ကို ရက် ၃၀ အတွင်း unlimited90 တွင် ၃၀၀ GB ကို ရက် ၉၀ အတွင်း မြန်နှုန်းအပြည့်ဖြင့် အသုံးပြုနိုင်ပါမည်။ သတ်မှတ်ထားသော ပမာဏထက်ကျော်လွန်ပါက လျော့ချထားသော မြန်နှုန်းဖြင့် ဆက်လက် အသုံးပြုရမည် ဖြစ်ပါသည်။

သတ်မှတ်ထားသော ဒေတာပမာဏ၏ ၅၀% သို့ အစီအစဉ်သက်တမ်း တစ်ဝက်တွင် ရောက်ရှိသွားပါက ပထမအကြိမ်အဖြစ် အသိပေးစာကို my ananda application မှ ပို့ပေးမည်ဖြစ်ပြီး ၁၀၀% သို ရောက်ရှိသွားချိန်တွင် ဒုတိယအကြိမ် အသိပေးစာကို ထပ်မံပေးပို့မည်ဖြစ်ပါသည်။

MENU