ananda mifi eco

mifi Eco New Product (Shal Shalk) Promo

ဝယ်ယူရရှိနိုင်သော အစီအစဉ်များ

mifi eco + 20GB

ဒေတာသက်တမ်း (၇) ရက်

52,000 MMK

40,000 MMK

mifi eco + Premium 30

300GB

ဒေတာသက်တမ်း (၃၀) ရက်

55,000 MMK

DEVICES: Mifi

mifi ကို ဖွင့်ပြီးပါက ပါဝါခလုတ်ကို နှိပ်ပြီး Wi-Fi network name (SSID) နဲ့ ဂဏန်း ၈ လုံးပါတဲ့ Wi-Fi လျှို့ဝှက်နံပါတ်တို့ကို စက်ရဲ့ မျက်နှာပြင်ပေါ်မှာ ကြည့်နိုင်ပါတယ်။

၁။ mifi ရဲ့ Wi-Fi လိုင်းနဲ့ ချိတ်ထားပါ။
၂။ mifi ရဲ့ device admin စာမျက်နှာသို့ ရောက်အောင် browser တွင် https://192.168.1.1 ကို ရိုက်ထည့်ပါ။
၃။ လျှို့ဝှက်နံပါတ် နေရာတွင် ‘admin’ ဟု ရိုက်ထည့်ပါ။
၄။ Settings > Wi-Fi Settings > Basic settings သို့ သွားပါ။
၄။ သင် အသုံးပြုလိုသော လျှို့ဝှက်နံပါတ်အသစ်ကို ရိုက်ထည့်ပါ။
၆။ “Apply” ကို နှိပ်ပါ။ ထို့နောက် Log out လုပ်ပါ။

၁။ mifi ရဲ့ Wi-Fi လိုင်းနဲ့ ချိတ်ထားပါ။
၂။ mifi ရဲ့ device manangement webစာမျက်နှာသို့ ရောက်အောင် browserတွင် https://192.168.1.1 ကို ရိုက်ထည့်ပါ။
၃။ လျှို့ဝှက်နံပါတ် နေရာတွင် ‘admin’ ဟု ရိုက်ထည့်ပါ။
၄။ Settings > Device Settings > Account Management သို့ သွားပါ။
၄။ လျှို့ဝှက်နံပါတ်အသစ်ကို ရိုက်ထည့်ပါ။
၆။ “Apply” ကို နှိပ်ပါ။ ထို့နောက် Log out လုပ်ပါ။

mifi စက်ဟာ 2050 mAh ဘက်ထရီကို အသုံးပြုထားပါတယ်။
ပုံမှန် အင်တာနက်ကြည့်ရုံဆိုရင် ၆ နာရီကနေ ၇ နာရီကြာအောင် အသုံးပြုနိုင်ပါတယ်။
ဝက်ဘ်ဆိုက်များစွာကို တပြိုင်နက်တည်း သုံးမယ်ဆိုရင် ၃ နာရီကနေ ၄ နာရီကြာအောင် အသုံးပြုနိုင်ပါတယ်။
တောက်လျောက် အသုံးပြုမယ်ဆိုရင် ၃ နာရီ ကနေ ၄ နာရီကြာအောင် အသုံးပြုနိုင်ပါသည်။
စက်ကို stand-by ဖွင့်ထားမယ်ဆိုရင် နာရီ ၇၀ ကနေ ၈၀ နာရီကြာအောင် အသုံးပြုနိုင်ပါတယ်။

mifi plus စက်ဟာ 3000 mAh ဘက်ထရီကို အသုံးပြုထားပါတယ်။
ဝက်ဘ်ဆိုက်များစွာကို တပြိုင်နက်တည်း သုံးမယ်ဆိုရင် ၆ နာရီကနေ ၇ နာရီကြာအောင် အသုံးပြုနိုင်ပါတယ်။
တောက်လျောက် အသုံးပြုမယ်ဆိုရင် ၅ နာရီ ကနေ ၆ နာရီကြာအောင် အသုံးပြုနိုင်ပါသည်။
စက်ကို stand-by ဖွင့်ထားမယ်ဆိုရင် နာရီ ၉၀ ကနေ နာရီ ၁၀၀ ကြာအောင် အသုံးပြုနိုင်ပါတယ်။

Mifi Pro စက်ဟာ 2000 mAh ဘက်ထရီကို အသုံးပြုထားပါတယ်။
ဝက်ဘ်ဆိုက်များစွာကို တပြိုင်နက်တည်း သုံးမယ်ဆိုရင် ၆ နာရီကနေ ၇ နာရီကြာအောင် အသုံးပြုနိုင်ပါတယ်။
တောက်လျောက် အသုံးပြုမယ်ဆိုရင် ၃ နာရီ ကနေ ၄ နာရီကြာအောင် အသုံးပြုနိုင်ပါသည်။
စက်ကို stand-by ဖွင့်ထားမယ်ဆိုရင် နာရီ ၇၀ ကနေ နာရီ ၈၀ ကြာအောင် အသုံးပြုနိုင်ပါတယ်။

အနန္တ mifi စက်ရဲ့ ဘက်ထရီကို အားပြည့်အောင်သွင်းဖို့ ခန့်မှန်းခြေအားဖြင့် ၄ နာရီကနေ ၅ နာရီအထိ ကြာပါတယ်။

၁။ mifi ရဲ့ Wi-Fi လိုင်းနဲ့ ချိတ်ထားပါ။
၂။ mifi ရဲ့ device admin စာမျက်နှာသို့ ရောက်အောင် သင့် browserတွင် https://192.168.1.1 ကို ရိုက်ထည့်ပါ။
၃။ Settings > Device Settings > Reset ကို ရွေးပါ။
၄။ ‘Restore factory settings’ ကို ရွေးချယ်ပါ။

နောက်တစ်နည်းအနေနဲ့ mifi ရဲ့ အနောက် အတွင်းဘက်မှာရှိတဲ့ ‘reset’ ခလုတ်ကို ဖိနှိပ်ထားပါက mifi ရဲ့ မူလ setting များကို ပြန်လည် ရရှိမှာ ဖြစ်ပါတယ်။

အာမခံ ရှိပါတယ်။
mifi စက်ကို ထုတ်လုပ်စဉ်က ဖြစ်ပေါ်တဲ့ ချို့ယွင်းချက်တွေအတွက် စတင်ဝယ်ယူတဲ့နေ့ကစပြီး ၁၂ လအတွင်း နှင့် ဓါတ်ခဲအတွက် စတင်ဝယ်ယူတဲ့နေ့ကစပြီး ၆ လအတွင်း အာမခံ ပေးထားပါတယ်။

ပြဿနာတစ်စုံတစ်ရာ ဖြစ်ပေါ်က အနီးဆုံး အနန္တဆိုင်/အရောင်းဆိုင်သို့ သွားပါ။ သင်နဲ့ အနီးဆုံး အနန္တဆိုင်/အရောင်းဆိုင်ကို my ananda application (Login/More/Store map) တွင် ရှာဖွေနိုင်ပါတယ်။

အာမခံနဲ့ပတ်သတ်တဲ့ အသေးစိတ် စည်းမျဉ်းသတ်မှတ်ချက်များအတွက် စက်ပစ္စည်းနဲ့ ပတ်သတ်တဲ့ အမေးများသောမေးခွန်းများနဲ့ အဖြေများမှာ ကြည့်နိုင်ပါတယ်။

mifi ကို အားပြည့်အောင် သွင်းပြီးပါက ဘက်ထရီအားပြတဲ့နေရာမှာ ပြည့်နေပုံ ပြပါလိမ့်မယ်။

အနန္တ mifi အတွက် တခြား app တစ်ခု မလိုပါဘူး။
iOS အတွက်ကော Android အတွက်ပါ my ananda application ကို ဒေါင်းလုပ်ဆွဲဖို့ပဲ လိုပါတယ်။

စက်ရဲ့ မျက်နှာပြင် အမည်းရောင်သို့ ပြောင်းသည်အထိ ပါဝါခလုတ်ကို ဖိနှိပ်ထားပြီး စက်ကို ပိတ်နိုင်ပါတယ်။

သင့် mifi network ရဲ့ လျှို့ဝှက်နံပါတ်ကို သိသူများသာ ချိတ်ဆက်အသုံးပြုနိုင်ပါတယ်။
wireless security လုပ်ထားပြီး လျှို့ဝှက်နံပါတ် အသစ် ပြောင်းထားပါက သင့် hotspot က လုံခြုံမှု ရှိပါတယ်။

mifi စက် ပျောက်သွားရင် သို့မဟုတ် ပျက်စီးသွားပါက အနန္တ Customer Care ဖုန်းနံပါတ် ၀၉ ၀၉၀၇၈၇၈၇၈ ကို ဆက်သွယ်ပါ (သို့) အနန္တစတိုးသို့ သွားပါ။ ဆင်းမ်ကတ် ကို အသုံးပြုပြီး မသမာမှုများပြုလုပ်ခြင်း မဖြစ်လာအောင် ပျောက်ဆုံးကြောင်း သတင်းပို့ပါ။

အခြား ဆင်းမ်ကဒ်များ အသုံးပြုလို့ မရပါ။
mifi စက်တွင် အနန္တဆင်းမ်ကဒ်များကိုသာ အသုံးပြုနိုင်ပါတယ်။

-mifi စက်အတွက် ၁၂ လ
– ဓါတ်ခဲ အတွက် ၆ လ ဖြစ်ပါတယ်။
အာမခံကာလသည် သုံးစွဲသူမှ စက်ကို စတင်ဝယ်ယူတဲ့နေ့က စပါတယ်။

အောက်ပါ စက်ရုံထုတ် ချို့ယွင်းချက်များအားလုံးအတွက် စက်ပစ္စည်း အာမခံကို အသုံးပြုနိုင်ပါတယ်။

၁။ Wi-Fi လိုင်းဆွဲအား မရခြင်း
၂။ စက်ဖွင့်၍ မရခြင်း
၃။ အင်တာနက် ချိတ်ဆက်၍ မရခြင်း
၄။ စက် အလိုအလျောက် ပိတ်သွားခြင်း
၅။ ခလုတ်များ နှိပ်မရခြင်း
၆။ routerစက် အပူလွန်ကဲခြင်း
၇။ USB ချိတ်ဆက်ရာတွင် အလုပ်မလုပ်ခြင်း
၈။ USB အပေါက် ချောင်နေခြင်း
၉။ ခလုတ်များ မီးမလင်းခြင်း
၁၀။ ပလပ်ခေါင်း အလုပ်မလုပ်ခြင်း

အောက်ပါ ချို့ယွင်းပျက်စီးမှုများကို စက်ပစ္စည်းအာမခံက အာမခံ မပေးထားပါ။

၁။ အသုံးပြုနည်းပါ ညွှန်ကြားချက်များကို မလိုက်နာသောကြောင့် ဖြစ်သော ပျက်စီးမှု
၂။ အသုံးပြုသူ၏ အသုံးပြုပုံမှားယွင်းခြင်း၊ ပေါ့ဆမှုနှင့် မတော်တဆမှုကြောင့်ဖြစ်သော ပျက်စီးမှု
၃။ အနန္တ ၏ အသိအမှတ်ပြုချက်မရယူဘဲ စက်ကို ဖြုတ်ပြီး ပြုပြင်ခြင်း
၄။စက်ပေါ်သို့ ရေ နှင့် အခြားအရည်များ ဖိတ်ခြင်း၊ စက် ပြုတ်ကျ၊လွတ်ကျခြင်း၊ ဆားကစ်ဘုတ် လောင်သွားခြင်း
၅။ သဘာဝဘေးကဲ့သို့ မရှောင်လွှဲနိုင်သော အဖြစ်အပျက်များကြောင့် ပျက်စီးမှု
၆။ သက်တမ်းကြာမြင့်သဖြင့် ဖြစ်သော ယိုယွင်းမှု
၇။ စက်၏ IMEI/serial number (သို့) ဆက်စပ်ပစ္စည်းများ ဖြုတ်ထားခြင်း (သို့) ပြင်ထားခြင်း
၈။ အာမခံသက်တမ်းကုန်ဆုံးပြီးနောက်ဖြစ်သော ချို့ယွင်းချက်များ
၉။ ထိခိုက်မှုကြောင့် ပျက်စီးခြင်း၊ မျက်နှာပြင် အက်ကွဲခြင်း
၁၀။ နေရောင်ကြောင့်၊ အပူကြောင့် ဖြစ်သော ပျက်စီးမှု

mifi စက်ကို အနီးဆုံး ananda ဆိုင်သို့ယူသွားပြီး အာမခံ ခံစားခွင့်ကိုရယူနိုင်ပါတယ်။

၁။ mifi ရဲ့ Wi-Fi နဲ့ ချိတ်ထားပါ။
၂။ device management ဝက်ဘ်စာမျက်နှာသို့ ရောက်အောင် browser တွင် https://192.168.1.1 ကို ရိုက်ထည့်ပါ။
၃။ password နေရာတွင် admin ရိုက်ထည့်ပါ။

device management web interface > Information > Connected Users ကို ဝင်ကြည့်ပါ။

၁။ mifiရဲ့ Wi-Fi လိုင်းနဲ့ ချိတ်ထားပါ။
၂။ mifi ရဲ့ device admin စာမျက်နှာသို့ ရောက်အောင် browser တွင် https://192.168.1.1 ကို ရိုက်ထည့်ပါ။
၃။ password နေရာတွင် “admin” ကို ရိုက်ထည့်ပါ။
၄။ Settings > Device Settings > Account Management ကို ရွေးချယ်ပါ။
၅။ လျှို့ဝှက်နံပါတ်အသစ်ကို ရိုက်ထည့်ပါ။
၆။ “Apply” ကို နှိပ်ပြီး log out လုပ်ပါ။

mifi device admin page ကို ဝင်ပြီး device admin page > Information > Device Information တွင် ကြည့်နိုင်ပါတယ်။

၁။ mifi ရဲ့ Wi-Fi လိုင်းနဲ့ ချိတ်ထားပါ။

၂။ mifi ရဲ့ device admin စာမျက်နှာသို့ ရောက်အောင် သင့် browserတွင် https://192.168.1.1 ကို ရိုက်ထည့်ပါ။
၃။ Settings > Device Settings > Reset ကို ရွေးပါ။
၄။ ‘Restore factory settings’ ကို ရွေးချယ်ပါ။

နောက်တစ်နည်းအနေနဲ့ mifi ရဲ့ အနောက် အတွင်းဘက်မှာရှိတဲ့ ‘reset’ ခလုတ်ကို ဖိနှိပ်ထားပါက mifi ရဲ့ မူလ setting များကို ပြန်လည် ရရှိမှာ ဖြစ်ပါတယ်။

နောက်တစ်နည်းအနေနဲ့ sim slot ဘေးရှိ စက်ဝိုင်းခလုတ်အား (၃ – ၅ စက္ကန့်) ဖိနှိပ်ထားပါက mifi ရဲ့ မူလ setting များကို ပြန်လည် ရရှိမှာ ဖြစ်ပါတယ်။

mifi device admin page> Settings > Device Settings > Reboot mifi ကို ရွေးချယ်ပြီး စက်ကို reboot လုပ်နိုင်ပါတယ်။

အနန္တ mifi ကို အားသွင်းရန် အသင့်တော်ဆုံး Power adapter မှာ
Input: AC100V-240V ~ 50/60Hz 0.25 A
Output : DC5V 1000mA ဖြစ်ပါတယ်။