ananda Router စက်၏ admin လျှို့ဝှက်နံပါတ်ပြောင်းလဲခြင်း

၁။ router ရဲ့ Wi-Fi လိုင်းနဲ့ ချိတ်ထားပါ။
၂။ router ရဲ့ device admin စာမျက်နှာသို့ ရောက်အောင် browser တွင် ananda router စက်အဟောင်းများအတွက် https://192.168.8.1 ကို ရိုက်ထည့်ပါ။ ananda router စက်အသစ်အတွက် http://192.168.0.1 သို့ ရိုက်ထည့်ပါ။
၃။ SSID နဲ့ လျှို့ဝှက်နံပါတ်ကို ရိုက်ထည့်ပါ။ (router စက်ရဲ့ အောက်ဘက် (သို့မဟုတ်) အနောက်ဘက် တွင် ကြည့်နိုင်ပါသည်။)
၄။ Settings>Modify Password>Enter current password ကို ရွေးပါ။
၅။ လျှို့ဝှက်နံပါတ်အသစ်ကို ရိုက်ထည့်ပါ။
၆။ “Apply” ကို နှိပ်ပါ။ ထို့နောက် Log out လုပ်ပါ။