ananda (အနန္တ) ၏ တစ်နှစ်တာ ခရီးစဉ်
ရန်ကုန် – မြန်မာ၊ မေလ ၂၅၊ ၂၀၁၉။ ananda ၏ တစ်နှစ်ပြည့် နှစ်ပတ်လည် နေ့ကို ရောက်ရှိလာပြီဖြစ်ပြီ ဖြစ်တဲ့ အတွက် ဖြတ်သန်းခဲ့တဲ့ ၁၂လတာကာလကို ပြန်လည်သုံးသပ်မိပါသည်။ စတင် ရောင်းချချိန်မှာ တမူထူးခြားတဲ့ အစီအစဉ်များနဲ့ ရန်ကုန်မြို့ တွင်မိတ်ဆက်ခဲ့ပြီး၊ နောက်ပိုင်းမှာ ရန်ကုန်မြို့တွင်သာမက မန္တလေးမြို့တွင်လည်း ပိုမိုကောင်းမွန်သော အစီအစဉ်များကိုလည်း ယူဆောင်လာ ပေးခဲ့ပါသည်။ ananda သည် မြန်မာနိုင်ငံသားလုပ်ငန်းရှင် ၁၀ဝ ရာခိုင်နှုန်းပိုင်ဆိုင်ပြီး မြန်မာနိ်ုင်ငံတွင် တိုးတက် လာနေသည့် စားသုံးသူကဏ္ဍ နှင့် စီးပွားရေးကဏ္ဍတို့တွင် မာတီမီဒီယာနှင့် ဆက်သွယ်ရေးနည်းပညာများ ဝန်ဆောင်မှု ပေးနေသည့် ကုမ္ပဏီဖြစ်ပါသည်။ ၂၀၁၈ ခုနှစ် မေလတွင် ရန်ကုန်မြို့၌ ananda ကို ဈေးကွက်ထဲတွင် စတင်မိတ်ဆက်ခဲ့ပြီး နေ့စဉ်လို အပ်ချက်နှင့် ကိုက်ညီမည့် ဝန်ဆောင်မှုကို ရန်ကုန်၊ မန္တလေးနေ ပြည်သူများအတွက် ပေးနိုင်ရန် အစဉ်မပြတ် ကြိုးပမ်းလုပ်ကိုင်လျှက်ရှိ ပါသည်။ တီထွင်ဆန်းသစ်မှုတွင် အမြဲတမ်း ထိပ်ဆုံးမှ ရှိနိုင်ရန်လည်း ကြိုးပမ်းဆောင်ရွက်လျှက်ရှိ ပါသည်။ ထို့ကြောင့်လည်း ပထဆုံးတီထွင်မှုအဖြစ် မန္တလေးမြို့တွင် small cell ကွန်ယက်ကို အောင်မြင်စွာ စတင်ဆောင်ရွက်နိုင်ခဲ့ပါသည်။ ထိုနည်းပညာသည် ကွန်ယက်ဖြန့်ကျက်မှုကို လမ်းတစ်လမ်းချင်းစီ အထိ ရောက်ရှိအောင် ဆောင်ရွက်ပေးနိုင်သည့် အတွက် ပိုမိုကောင်းမွန် မြန်ဆန်သော အင်တာနက် ဝန်ဆောင်မှုကို ပေးစွမ်းနိုင်ပါသည်။ ananda မှ ဒုတိယနှစ် သက်တမ်းကို ဝင်ရောက်လာသည့်အလျှောက် ပိုမိုကောငး်မွန်သော ကွန်ယက်ဖြန့်ကျက်မှု၊ အတန်ဆုံးသော ဈေးနှုန်း၊ အကောင်းဆုံးသော စက်များ ဖြင့် သုံးစွဲသူများ၏ လိုအပ်ချက်ကို ဖြည့်ဆည့်းပေးနိုင်ရန် ရည်ရွယ်ကြိုးစားလျှက်ရှိပါသည်။ ရန်ကုန်နှင့် မန္တလေးမြို့ရှိ သုံးစွဲသူများ အတွက် နေ့စဉ်နေထိုင်မှုတွင် အကောင်းဆုံးပံ့ပိုးမှု ပေးနိုင်ရန် နည်းလမ်းအသစ်များကိုလည်း ကျန်ရှိနေသော ၂၀၁၉ တွင်သာမက ၂၀၂၀ခုနှစ်ထိပါ ချဲ့ထွင်ဆောင်ရွက်သွားရန် ရည်ရွယ်ပါသည်။ ananda မှ သုံးစွဲသူများ၊ မိတ်ဖက်များနှင့် ဝန်ထမ်းများအားလုံးကို အဖက်ဖက်မှ ကူညီပံ့ပိုးပေးမှုအတွက် အထူးပင်ကျေးဇူးတင်ရှိပါသည်။ ananda သည် အိမ်သုံး နှင့် ရုံးလုပ်ငန်းများအတွက်သာမက မိမိသွားလိုသည့် နေရာများသို့ အလွယ်တကူ ယူဆောင်အသုံးပြုနိုင်သည့် ကြိုးမဲ့အင်တာနက်ဝန်ဆောင်မှုကိုလည်း စဉ်ဆက်မပြတ် ပေးစွမ်းနိုင်ရန် ကြိုးပမ်းသွားမည် ုဖြစ်ပါသည်။ “ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ကတော့ လူတွေရဲ့မတူညီတဲ့လိုအပ်ချက်တွေကို ပံ့ပိုးပေးနိ်ုင်ဖို့ နဲ့ feature မျိုးစုံ ပါဝင် တဲ့ ဝန်ဆောင်မှုတွေကို ဖန်တီးသွားဖို့လုပ်ဆောင်နေပါတယ်။ ananda ကွန်ယက်ဝန်ဆောင်မှုကို အပြည့်အဝ မြှင့်တင်နိုင်ရန် မာတီမီဒီယာဆိုင်ရာ ထုတ်ကုန်များ နှင့် အင်တာနက် နည်းပညာအခြေခံ ဝန်ဆောင်မှုအမျိုးမျိုးကိုလည်း ananda သုံးစွဲသူများအတွက် ယူဆောင်ပေးမှာဖြစ်ပါတယ်။ ananda ရဲ့ တစ်နှစ်တာခရီးမှာ ပါဝင်ခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်” ဟု စီအီးအို Alan Sinfield မှပြောကြားခဲ့ပါသည်။ ### Amara Communications Co., Ltd အကြောင်း Amara Communications Co., Ltd. (ACS) သည် မြန်မာနိုင်ငံတွင် telecommunications ဆိုင်ရာ ဝန်ဆောင်မှုပေးနေသည့် ဦးဆောင်လုပ်ငန်းကြီးတစ်ခု ဖြစ်ပါသည်။ ananda (အနန္တ) ကို ACS မှ ပိုင်ဆိုင်ကာ လုပ်ငန်းကို လည်ပတ်လုပ်ကိုင်ပါသည်။ ananda (အနန္တ) သည် တစ်ဦးချင်း၊ လုပ်ငန်းအစုအဖွဲ့လိုက် ဒစ်ဂျစ်တယ်နည်းပညာဆိုင်ရာ ကျယ်ပြန့်သောအတွေ့အကြုံများကို ခံစားရ ရှိစေနိုင်မည့် 4G+ ဒေတာ အော်ပရေတာ (4G+ data-only operator) အဖြစ် ဆောင်ရွက်သွားမည်ဖြစ်သည်။ ၂၀၁၈ ခုနှစ် ဒုတိယ သုံးလပတ်တွင် ရန်ကုန်မြို့၌ ဝန်ဆောင်မှုများ စတင်ပေးခဲ့ပြီး ယခုနှစ် ဇန်နဝါရီလမှစ၍ မန္တလေးမြို့တွင် ဝန်ဆောင် မှုများ ပေးဆောင်လုပ်ဆောင်လျက်ရှိသော ananda (အနန္တ) သည် နိုင်ငံတကာအဆင့်မီ ဝန်ဆောင်မှုများဖြင့် မြန်မာနိုင်ငံသား အပြည့်အဝ ပိုင်ဆိုင်သည့် မြန်မာ့ဒစ်ဂျစ်တယ် လုပ်ငန်းတစ်ခုအဖြစ် ဂုဏ်ယူလျက်ရှိပါသည်။ နိုင်ငံ၏ အလျင်အမြန်ဖွံ့ဖြိုးတိုးတက်လာသော telecommunications ဈေးကွက်ကို ခြေလှမ်းအစပြုနိုင်ရန် ၂၀၁၁