အနန္တ အကြောင်း

အနန္တ အကြောင်း

ကျွနု်ပ်တို့၏ အမှတ်တံဆိပ်တစ်ခုဖြစ်သည့် ananda သည် အဆုံးမရှိခြင်း ဟူသည့် အဓိပ္ပာယ်ရပါသည်။ ananda 4G+ အင်တာနက်မှတစ်ဆင့် မြန်မာနိုင်ငံအား ကမ္ဘာနှင့်တစ်ဝှမ်း ချိတ်ဆက်နိုင်ပြီး အကန့်အသတ်မရှိသော ဖြစ်နိုင်ခြေများကို အပြည့်အဝရယူ သုံးစွဲနိုင်စေရန် ရည်ရွယ်ပါသည်။

ananda - live more

ananda ကွန်ရက်မှတစ်ဆင့် တီထွင်ဆန်းသစ်မှုများ၊ စူးစမ်းမှုများ၊ ပိုမိုကောင်းမွန်သည့် အခွင့်အလမ်းသစ်များကို ရှာဖွေလုပ်ဆောင်လာနိုင်မည်ဖြစ်သည်။ ananda ၏ ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံသားများအား ပိုမိုကောင်းမွန်သည့် ဒစ်ဂျစ်တယ်အတွေ့အကြုံများ ပိုင်ဆိုင်ကြစေရန် ဖြစ်ပါသည်။

ananda ဖြစ်ပေါ်လာရခြင်း၏ ရည်ရွယ်ချက်

ananda ၏ အရည်အသွေးမြင့် အင်တာနက်ကွန်ရက်သည် တီထွင်လိုစိတ်ရှိသည့် မြန်မာလူငယ်များ၏ စိတ်ကူးဉာဏ်များ အကန့်အသတ်မရှိ ကွန့်မြူးနိုင်သည့် အတွေ့အကြုံများကို ပေးစွမ်းနိုင်စေရန်ရည်ရွယ်ပါသည်။ တီထွင်စမ်းသစ်လိုသည့် မြန်မာလူငယ်များသည် ananda ၏ အရည်အသွေးမြင့် အင်တာနက်ကွန်ရက်ကိုသုံး၍ အကန့်အသတ်မရှိ တီထွင်စမ်းသစ်နိုင်မည် ဖြစ်ပါသည်။ ananda ၏ ကွန်ရက်မှတဆင့် မြန်မာနိုင်ငံအား ကမ္ဘာ့စင်မြင့်ထက်တွင် ဒစ်ဂျစ်တယ်ပိုင်းနှင့် ပတ်သက်၍ ဦးဆောင်သော နိုင်ငံတစ်နိုင်ငံအဖြစ် မြှင့်တင်သွားနိုင်ရန်လည်း ရည်ရွယ်ပါသည်။

ananda ၏ ရေရှည်မျှော်မှန်းချက်

မြန်မာနိုင်ငံ၏ ဒစ်ဂျစ်တယ်လူနေမှုဘဝပုံစံကို အကောင်းဆုံးပုံဖော်ပေးနိုင်ရန်ဖြစ်သည်။

ananda ၏ ရည်မှန်းချက်

  • အနန္တ အနေဖြင့် မြန်မာနိုင်ငံသားများအတွက် ပိုမိုကောင်းမွန်သည့် အင်တာနက် အတွေ့အကြုံများပေးနိုင်ရန် နှင့် အဆုံးမရှိသော ဒစ်ဂျစ်တယ်လူနေမှုဘဝ ဖြစ်နိုင်ချေများကို သယ်ဆောင်လာပေးနိုင်မှာပါ။
  • သုံးစွဲသူများအား အကောင်းဆုံးသောဝန်ဆောင်မှုများ ပေးနိုင်ရန်။
  • သုံးစွဲသူများ၏ အသံ ကိုနားထောင်ကာ ၎င်းတို့၏ လိုအပ်ချက်များနှင့်အညီ အနန္တ၏ ထုတ်ကုန်နှင့် ဝန်ဆောင်မှုများအား ကိုက်ညီမှုရှိစေရန်၊ ananda ၏ ဝန်ဆောင်မှု နှင့် ပတ်သက်၍ သုံးစွဲသူများသည် မည်သည့်ဆက်သွယ်ရေး နည်းလမ်းများမှမဆို တိုက်ရိုက်ဆက်သွယ်မေးမြန်းနိုင်ပြီး ကျွနု်ပ်တို့ဘက်မှလည်း အမြဲအဆင်သင့် ကူညီပေး နိုင်ရန်။
  • ပွင့်လင်းမြင်သာမှု၊ ရိုးရှင်းမှုရှိနေရန်။

ananda ၏ တန်ဖိုးများ

ဒစ်ဂျစ်တယ် နည်းပညာ (နည်းပညာသက်သက်မဟုတ်)

ananda ၏ ဝန်ဆောင်မှုများသည် နောက်လာမည့် မျိုးဆက်သစ်များအတွက် ကောင်းမွန်သည့် ချိတ် ဆက်မှုများ၊ တီထွင်ဆန်းသစ်မှုများ၊ အတွေ့အကြုံကောင်းများအား ရရှိစေသည်။

တက်ကြွမှု (တက်ကြွ၍ နိုးနိုးကြားကြားရှိခြင်း)

ananda ၏ ထုတ်ကုန်နှင့် value-added ဝန်ဆောင်မှုများသည် ပြောင်းလဲနေသော ခေတ်ရေစီးကြောင်း နှင့် သုံးစွဲသူတို့၏ လိုအပ်ချက်များကို အမြဲမပြတ် စောင့်ကြည့်ပြီး ပြောင်းလဲ ဖြည့်ဆည်းပေးလျက် ရှိပါသည်။

လန်းဆန်းသစ်လွင်မှု (ခေတ်နှင့်အညီတီထွင်ဖန်တီးနိုင်ခြင်း)

ananda သည် အသစ်အသစ်သော တီထွင်ဖန်တီးမှုများဖြင့် ခေတ်ရှေ့ပြေးလျက် ရှိသည်။

အမြော်အမြင်ရှိမှု (ထက်ထက်မြက်မြက်နဲ့ လေးစားသမှုရှိခြင်း)

ပထမဦးဆုံး မြန်မာနိုင်ငံသားပိုင် 4G+ ဒေတာအော်ပရေတာ ဝန်ဆောင်မှုလုပ်ငန်း ဖြစ်သည်နှင့်အညီ ပြည်တွင်းဈေးကွက်အား ပို၍ရင်းနှီး ကျွမ်းဝင်နားလည်ပြီး အကောင်းဆုံး တုံ့ပြန်ဆောင်ရွက်နိုင်စွမ်းရှိသည်။

ပူးပေါင်းလုပ်ဆောင်မှုႈ (ကျွနု်ပ်တို့သည် အသင်းအဖွဲ့နှင့် ဆောင်ရွက်တတ်သူများဖြစ်သည်။)

ananda သည် မိမိတို့၏ မိတ်ဖက်များ၊ လုပ်ငန်းနှင့်သက်ဆိုင်သော သူများအားလုံးနှင့် အကောင်းဆုံးပူးပေါင်း ဆောင်ရွက်တတ်သူ ဖြစ်ပါသည်။

ananda ၏ ဝန်ဆောင်မှုများ

မြန်မာပြည်သူများ၏ ဒစ်ဂျစ်တယ် အတွေ့အကြုံများကို ပြောင်းလဲမြှင့်တင်နိုင်ရန် ရည်ရွယ်၍ ပထမဦးစွာ ရန်ကုန်မြို့၌ ananda ၏ ဝန်ဆောင်မှုများကို စတင်မိတ်ဆက်ခဲ့ပြီး မန္တလေးနှင့် အခြားမြို့ကြီးများတွင် မကြာခင် ဝန်ဆောင်မှုများ ရရှိနိုင်ရန် ဆောင်ရွက်နေပြီဖြစ်သည်။ ananda ၏ အင်တာနက်ကို ကိုက်ညီမှုရှိပြီး တွဲဖက်အသုံးပြုနိုင်သော Mifiစက်၊ Routerစက် များမှ တစ်ဆင့်သော်လည်းကောင်း၊ ananda ဆင်းကဒ်ဖြင့်သော်လည်းကောင်း အသုံးပြုနိုင်ပါသည်။

AMARA COMMUNICATIONS SERVICES

Amara Communications Co., Ltd. (ACS) သည် မြန်မာနိုင်ငံတွင် Telecommunications ဆိုင်ရာ ဝန်ဆောင်မှုပေးနေသည့် ဦးဆောင်လုပ်ငန်းကြီးတစ်ခု ဖြစ်ပါသည်။

ananda ကို ACS မှ ပိုင်ဆိုင်ကာလုပ်ငန်းလည်ပတ်လုပ်ကိုင်လျက်ရှိပါသည်။ ananda သည် တစ်ဦးချင်းအတွက်ဖြစ်စေ၊ လုပ်ငန်းအစုအဖွဲ့လိုက်ဖြစ်စေ ဒစ်ဂျစ်တယ်နည်းပညာဆိုင်ရာ ကျယ်ပြန့်သော အတွေ့အကြုံများကို ခံစားရရှိစေနိုင်မည့် 4G+ ဒေတာအော်ပရေတာ (4G+ data operator) အဖြစ် ဆောင်ရွက်သွားမည်ဖြစ်သည်။ ananda သည် နိုင်ငံတကာ အဆင့်မီ ဝန်ဆောင်မှုများဖြင့် မြန်မာနိုင်ငံသား အပြည့်အဝ ပိုင်ဆိုင်သည့် မြန်မာ့ဒစ်ဂျစ်တယ် လုပ်ငန်းတစ်ခုအဖြစ် ဂုဏ်ယူစွာ ရပ်တည်လျက် ရှိပါသည်။

နိုင်ငံ၏ အလျင်အမြန် ဖွံ့ဖြိုးတိုးတက်လာသော Telecommunications ဈေးကွက်ကို ခြေလှမ်း အစပြုနိုင်ရန် ၂၀၁၁ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သော ACS အနေဖြင့် အင်ဂျင်နီယာ ဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများတွင် မြို့ပြအင်ဂျင်နီယာလုပ်ငန်း၊ တာဝါတိုင်၊ စွမ်းအင်၊ ရေဒီယိုစက်ပစ္စည်းများ တပ်ဆင်ခြင်း နှင့် ပြုပြင်ထိန်းသိမ်းမှု စသည့် မိုဘိုင်းနည်းပညာဆိုင်ရာ အခြေခံအဆောက်အအုံနှင့် ထုတ်လုပ်မှု လုပ်ငန်းများ လုပ်ဆောင်လျက် ရှိပါသည်။

ACS သည် ငွေဖြည့်ကဒ်များကိုလည်း ဖြန့်ဖြူးရောင်းချခဲ့သည်။ ၂၀၁၆ ခုနှစ်တွင် ACS သည် ၂၆၀၀ မက်ဂါဟက်ဇ် (MHz) လှိုင်းပေါ်တွင် အခြေပြုသော မြန်နှုန်းမြင့် 4G+ အင်တာနက် ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်ရန် လိုင်စင်ရရှိခဲ့ပါသည်။
ACS သည် လျှပ်စစ်၊ စွမ်းအင်၊ အခြေခံအဆောက်အအုံ တည်ဆောက်ရေး နှင့် ရင်းနှီးမြှုပ်နှံမှု၊ ခရီးသွားဝန်ဆောင်မှု၊ ဘဏ်လုပ်ငန်းနှင့်ငွေကြေးဝန်ဆောင်မှု နှင့် ဆက်သွယ်ရေးစသည့် လုပ်ငန်းနယ်ပယ်တို့တွင် ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်လျက်ရှိသော မြန်မာနိုင်ငံ၏ လုပ်ငန်းစု တစ်ခုဖြစ်သော IGE လုပ်ငန်းစု၏ တစ်စိတ်တစ်ပိုင်းလည်း ဖြစ်ပါသည်။

MENU