press release

ongo နှင့် ananda မိတ်ဖွဲ့ပူးပေါင်း၍ မြန်မာ့ဒစ်ဂျစ်တယ်ကဏ္ဍကို ပူးပေါင်းမြှင့်တင်

ငွေစက္ကူသုံးရန်မလိုသည့် လူ့အဖွဲ့အစည်းတစ်ခု ဖြစ်လာစေရန်ရည်ရွယ်သည့် ongo နှင့် ananda ပူးပေါင်းမှုက သုံးစွဲသူများ၏ စစ်မှန်သော ဒစ်ဂျစ်တယ် ဘဝနေထိုင်မှုပုံစံကို ရရှိပိုင်ဆိုင်နိုင်စေရန် လုပ်ဆောင်ပေး။

ရန်ကုန်၊ ဒီဇင်ဘာလ ၁၉ ရက်၊ ၂၀၁၈ ခုနှစ်။ ။ မြန်မာနိုင်ငံတွင် ဒစ်ဂျစ်တယ်ငွေပေးချေမှုကဏ္ဍ၌ ဈေးကွက် တွင်ဦးဆောင်နေသူ ongo နှင့် မြန်နှုန်းမြင့် 4G+ ဒေတာအော်ပရေတာ ananda တို့သည် ယနေ့ Pan Pacific ဟိုတယ်ရန်ကုန်တွင် မိတ်ဖွဲ့ပူးပေါင်းကြောင်း နှစ်ဦးသဘောတူလတ်မှတ်ရေးထိုးသည့် အခမ်းအနား ပြုလုပ်ကျင်းပခဲ့ ပါသည်။ ထိုသို့မိတ်ဖွဲ့ပူးပေါင်းမှုသည် ananda သုံးစွဲသူများ၏ မိမိအင်တာနက်အကောင့်များကို မြန်မာနိုင်ငံအနှံ့ရှိ ongo အေးဂျင့်ဆိုင်များတွင်လည်းကောင်း၊ Ongo အက်ပလီကေးရှင်း၊ my ananda အက်ပလီကေးရှင်းတို့မှ လည်းကောင်း လွယ်ကူစွာ ငွေဖြည့်သွင်းနိုင်စေသည်သာမက ongo အေးဂျင့်ဆိုင်များတွင် ananda ၏ ထုတ်ကုန်များကိုပါ လွယ်လင့်တကူ ဝယ်ယူနိုင်မည်ဖြစ်သည်။

“ananda က မြန်မာနိုင်ငံရဲ့ အင်တာနက်အခြေခံအဆောက်အအုံကို ပိုပြီးခိုင်မာအားကောင်းလာစေဖို့ မြန်မာပြည် သူတွေလိုအပ်တဲ့ မြန်နှုန်းမြင့် 4G+ ဒေတာဝန်ဆောင်မှုတွေပေးပြီး ကူညီပံ့ပိုးနေတဲ့နည်းတူ ကျွန်တော်တို့အနေနဲ့ လည်း ဒီအခန်းကဏ္ဍမှာလဲ တစ်စိတ်တစ်ပိုင်းကနေ ပါဝင်ဖြည့်ဆည်းပေးချင်တာပါ။ ဈေးကွက်ကိုဦးဆောင်နေတဲ့ B2B ဒစ်ဂျစ်တယ်ငွေပေးချေတဲ့ ဝန်ဆောင်မှုလုပ်ငန်းကို လုပ်ကိုင်နေတဲ့ ongo ဟာ ananda သုံးစွဲသူတွေကို လွယ်ကူအဆင်ပြေပြီး လုံခြုံစိတ်ချရတဲ့ မိုဘိုင်းငွေပေးချေမှုကို နေရာမရွေး လုပ်ဆောင်နိုင်အောင် ကူညီပေးနိုင်ပါ တယ်။ ကျွန်တော်တို့ရဲ့အခုလို ဗျူဟာကျကျ မိတ်ဖွဲ့ပူးပေါင်းလိုက်မှုက မြန်မာနိုင်ငံရဲ့ ငွေကြေးကဏ္ဍမှာ အားလုံး ပါဝင်လာနိုင်အောင် လမ်းခင်းပေးလိုက်သလို ဖြစ်စေပြီး မြန်မာပြည်သူတွေရဲ့ ဒစ်ဂျစ်တယ်ဘဝနေထိုင်မှုပုံစံကို လည်း မြှင့်တင်ပေးရာရောက်ပါတယ်” ဟု ongo ၏ အမှုဆောင်အရာရှိချုပ် Allen Gilstrap မှ ဆိုသည်။

မကြာခင်ကာလတွင် ongo အေးဂျင့်ဆိုင်များ၌ ananda ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကို ဝယ်ယူရရှိ နိုင်တော့မည့်အပြင် ongo နှင့် ananda သုံးစွဲသူအသစ်များအတွက် ကုမ္ပဏီ ၂ ခုစလုံး ပူးတွဲ၍ လက်တွဲ လုပ်ဆောင်မှုများကိုတွေ့မြင်ရမည်ဖြစ်သည်။ ongo ၏ မိုဘိုင်းငွေပေးချေသည့် ဝန်ဆောင်မှုက စီးပွားရေးလုပ်ငန်း လုပ်ကိုင်ကြသူများနှင့် တစ်ကိုယ်ရေသုံးစွဲသူများကို ၎င်းတို့၏စမတ်ဖုန်း အက်ပလီကေးရှင်းမှတစ်ဆင့် ဒစ်ဂျစ်တယ် ပိုက်ဆံအိတ်ကို ရယူသုံးစွဲနိုင်စေသည်။ ongo သည် မြန်မာနိုင်ငံကိုငွေစက္ကူမလိုသည့် လူ့အဖွဲ့အစည်းတစ် ခုဖြစ်လာစေရန် အသွင်ကူးပြောင်းမှုတွင် ရှေ့ဆုံးမှနေ၍ ဦးဆောင်လမ်းပြနေသည့် ကုမ္ပဏီတစ်ခုဖြစ်ပြီး ၎င်း၏ B2B ဝန်ဆောင်မှုတွင် FMCG၊ အသေးစားငွေကြေးလုပ်ငန်းနှင့် ဒစ်ဂျစ်တယ်ဝန်ဆောင်မှုကဏ္ဍများကို ဒစ်ဂျစ်တယ် နည်းဖြင့် ငွေပေးချေသည့် ဝန်ဆောင်မှုများပါဝင်ကာ မကြာသေးခင်ကလည်း ongo သည် မြန်မာနိုင်ငံ၏ ပထမဆုံး ဒစ်ဂျစ်တယ်နည်းဖြင့် လစာငွေပေးချေသည့် ဝန်ဆောင်မှုအသစ်ကို လုပ်ငန်းရှင်များအတွက် စတင်မိတ်ဆက်ပေး ခဲ့သည်။

“မြန်မာနိုင်ငံက ငွေစက္ကူမလိုတဲ့ ဘဏ္ဍာရေးကဏ္ဍကို ဦးတည်လျှောက်လှမ်းနေတာပါ။ ongo ဟာ သူ့ရဲ့ဆန်းသစ် တီထွင်တဲ့ဝန်ဆောင်မှုတွေ၊ ထုတ်ကုန်တွေနဲ့ ဘဏ္ဍာရေးမှာ လူထုအားလုံးပါဝင်လာအောင်လုပ်ဆောင်ပေးနေ တဲ့ ငွေကြေးပိုင်းဆိုင်ရာ ဦးဆောင်အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။ ongo နဲ့ ကျွန်တော်တို့ ananda ဟာ မြန်မာပြည် သူတွေကို ပိုမိုပြည့်စုံစွာနေထိုင်နိုင်စေဖို့ ပိုမိုကျယ်ပြန့်ပြီး စည်ပင်ဝပြောတဲ့ ဒစ်ဂျစ်တယ်ဘဝနေထိုင်မှုပုံစံ တစ်ခုကို ပိုင်ဆိုင်ရရှိစေဖို့ ဖန်တီးပေးချင်တဲ့ ရည်မှန်းချက်ချင်းတူညီကြပါတယ်” ဟု ananda ၏ အမှုဆောင်အရာရှိချုပ် Alan Sinfield က လတ်မှတ်ရေးထိုးပွဲအခမ်းအနားတွင် ပြောကြားခဲ့သည်။

Ongo သည် လက်ရှိတွင် မြန်မာနိုင်ငံရှိ မြို့ကြီး ၅၅ မြို့တွင် ၎င်း၏ဝန်ဆောင်မှုလုပ်ငန်းများကို ဖြန့်ကြက်ထားပြီး ၂၀၁၉ ခုနှစ်တွင် စီးပွားရေးလုပ်ငန်းများနှင့် တစ်ဦးခြင်း ongo ဝန်ဆောင်မှုကို အသုံးပြုကြသူများအတွက် ၎င်း၏ ငွေပေးချေမှုပုံစံများကို ချဲ့ထွင်ရန် ရည်ရွယ်ထားသည်။ အထူးသဖြင့် ananda 4G+ အင်တာနက်ကို သုံးစွဲကြသော ongo အသုံးပြုသူများသည် ၎င်းတို့၏ ဒစ်ဂျစ်တယ်ဖျော်ဖြေရေးကဏ္ဍများအတွက် ပေးဆောင် စရာရှိသည်များကို ongo အက်ပလီကေးရှင်းနှင့် လွယ်ကူအဆင်ပြေစွာ ပေးဆောင်နိုင်ကြမည်ဖြစ်သည်။

ananda သည် အရည်အသွေးမြင့်၊ မြန်နှုန်းမြင့် 4G+ ဒေတာဝန်ဆောင်မှုကို တစ်ဦးချင်းသုံးစွဲသူများနှင့် အဖွဲ့အစည်း လိုက်အသုံးပြုသူများကို ထောက်ပံ့ပေးစွမ်းလျက်ရှိသည်။ ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၁၀ ရက်နေ့မှ စတင်၍ ananda သုံးစွဲသူများသည် Wave Money ကို အသုံးပြုကာ မိမိတို့၏ ဒေတာပလန်များ၊ ဝန်ဆောင်မှုများကို သက်တမ်း တိုးယူနိုင်ကြမည်ဖြစ်သည်။ ၂၀၁၈ ခုနှစ် မေလတွင် ရန်ကုန်၌ စတင်မိတ်ဆက်ခဲ့သော ananda သည် ၎င်း၏ ဝန်ဆောင်မှုများကို မကြာမီကာလတွင် မန္တလေး၌ ဆက်လက်မိတ်ဆက်ပေးသွားမည်ဖြစ်သည်။

###

Ongo အကြောင်း
Ongo သည် မြန်မာနိုင်ငံတွင် ငွေကြေးဝန်ဆောင်မှုဆိုင်ရာ လိုင်စင်ရဘဏ်ဖြစ်သည့် Myanmar Oriental Bank (MOB) ၏ မိတ်ဖက်ကုမ္ပဏီ ဖြစ်သည့် ဒီဂျစ်တယ်ငွေပေးချေစနစ်ကို ဝန်ဆောင်မှူပေးနေသည့် Ronoc မြန်မာလစ်မစ်တက်၏ အမှတ်တံဆိပ်တစ်ခုဖြစ်သည်။ Ongo app သုံးစွဲသူများသည် ၎င်းတို့၏ စမတ်ဖုန်းများမှတဆင့် လက်ဝယ်တွင်ရှိသော ငွေကြေးများကို E-money သို့ပြောင်းလဲနိုင်ခြင်း၊ မြန်မာနိုင်ငံတစ် ဝန်းရှိ အေးဂျင့်ပေါင်း ၅၅ ခုတွင်လည်း ငွေသားအဖြစ် ထုတ်ယူနိုင်ခြင်းတို့ကို ဆောင်ရွက်နိုင်ပါသည်။ Ongo ၏ ဝန်ဆောင်မှုများသည် မိုဘိုင်း ဖုန်းငွေဖြည့်သွင်းခြင်း၊ P2P (Peer to peer) စနစ်ဖြင့် ငွေလွှဲပြောင်းခြင်း၊ B2B ငွေပေးချေခြင်း၊ ဘီလ်များပေးဆောင်ခြင်း၊ အွန်လိုင်း ဈေးဝယ်မှုများတွင် ငွေပေးချေနိုင်ခြင်းတို့ဖြစ်သည်။ Ongo app သုံးစွဲသူများသည် မြန်မာနိုင်ငံ၏ ဦးဆောင်ဖြန့်ချိရေးလုပ်ငန်းများနှင့် အွန်လိုင်းအရောင်းဆိုင်များမှလည်း လက်ဆောင်များ ထပ်လောင်းရရှိနိုင်သည်။ ongo ၏ ရည်ရွယ်ချက်သည် ငွေကြေးဝန်ဆောင်မှုကဏ္ဏတွင် လုံခြုံစိတ်ချရခြင်း၊ ရိုးရှင်းလွယ်ကူခြင်းနှင့် သက်တောင့်သက်သာဖြင့် လုပ်ဆောင်နိုင်ခြင်းတို့ပင်ဖြစ်သည်။ ပိုမိုသိရှိလိုပါက http://www.ongo.com.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

Amara Communications Co., Ltd အကြောင်း
Amara Communications Co., Ltd. (ACS) သည် မြန်မာနိုင်ငံတွင် telecommunications ဆိုင်ရာ ဝန်ဆောင်မှုပေးနေသည့် ဦးဆောင်လုပ်ငန်းကြီးတစ်ခု ဖြစ်ပါသည်။ ananda (အနန္တ) ကို ACS မှ ပိုင်ဆိုင်ကာ လုပ်ငန်းကို လည်ပတ်လုပ်ကိုင်ပါသည်။ ananda (အနန္တ) သည် တစ်ဦးချင်း၊ လုပ်ငန်းအစုအဖွဲ့လိုက် ဒစ်ဂျစ်တယ်နည်းပညာဆိုင်ရာ ကျယ်ပြန့်သောအတွေ့အကြုံများကို ခံစားရ ရှိစေနိုင်မည့် 4G+ ဒေတာ အော်ပရေတာ (4G+ data-only operator) အဖြစ် ဆောင်ရွက်သွားမည်ဖြစ်သည်။ ၂၀၁၈ ခုနှစ် ဒုတိယ သုံးလပတ်တွင် ရန်ကုန်မြို့၌ ဝန်ဆောင်မှုများ စတင်ပေးခဲ့ပြီး ယခုနှစ်ကုန်ပိုင်းတွင် မန္တလေးမြို့တွင် ဝန်ဆောင်မှုများ ပေးဆောင် ရန်လုပ်ဆောင်လျက်ရှိသော ananda (အနန္တ) သည် နိုင်ငံတကာအဆင့်မီ ဝန်ဆောင်မှုများဖြင့် မြန်မာနိုင်ငံသား အပြည့်အဝ ပိုင်ဆိုင်သည့် မြန်မာ့ဒစ်ဂျစ်တယ် လုပ်ငန်းတစ်ခုအဖြစ် ဂုဏ်ယူလျက်ရှိပါသည်။

နိုင်ငံ၏ အလျင်အမြန်ဖွံ့ဖြိုးတိုးတက်လာသော telecommunications ဈေးကွက်ကို ခြေလှမ်းအစပြုနိုင်ရန် ၂၀၁၁ ခုနှစ်တွင် စတင် တည်ထောင်ခဲ့သော ACS အနေဖြင့် အင်ဂျင်နီယာဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများတွင် မြို့ပြအင်ဂျင်နီယာလုပ်ငန်း၊ တာဝါတိုင်၊ စွမ်းအင်၊ ရေဒီယိုစက်ပစ္စည်းများ တပ်ဆင်ခြင်းနှင့် ပြုပြင်ထိန်းသိမ်းမှုစသည့် မိုဘိုင်းနည်းပညာဆိုင်ရာ အခြေခံအဆောက်အအုံနှင့် ထုတ်လုပ်မှု လုပ်ငန်းများ လုပ်ဆောင်လျက်ရှိပါသည်။ ထို့ပြင် ACS သည် ငွေဖြည့်ကတ် (top-up cards) များကို ဈေးကွက်အတွင်း ဖြန့်ချိသည့်လုပ်ငန်းကိုလည်း ဝန်ဆောင်မှုပေးလျက်ရှိပါသည်။ ACS သည် လျှပ်စစ်၊ စွမ်းအင်၊ အခြေခံအဆောက်အအုံ တည်ဆောက်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု၊ ခရီးသွား ဝန်ဆောင်မှု၊ ဘဏ်လုပ်ငန်းနှင့်ငွေကြေးဝန်ဆောင်မှုနှင့် ဆက်သွယ်ရေးစသည့် လုပ်ငန်း နယ်ပယ်တို့တွင် ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်လျက်ရှိသော မြန်မာနိုင်ငံ၏ လုပ်ငန်းစုတစ်ခုဖြစ်သော IGE လုပ်ငန်းစု၏ တစ်စိတ် တစ်ပိုင်းဖြစ်သည်။

သတင်းအချက်အလက်များပိုမိုသိရှိလိုပါက www.ananda.com.mm သို့ ဝင်ရောက်ကြည့်ရှု လေ့လာနိုင်ပါသည်။

မီဒီယာများ ဆက်သွယ်ရန်
ကေသရီခင် | for Ongo
kaythari@echomyanmar.com
+၉၅ ၉ ၉၆၈ ၁၀၅ ၂၂၅

မငြိမ်းချမ်းသူ
nyein.thu@ananda.com.mm
+၉၅ ၉ ၇၇၇ ၇၅၆ ၈၅

Share this:

Share on facebook
Facebook
Share on google
Google+
Share on twitter
Twitter
Share on linkedin
LinkedIn
MENU