press release

ရန်ကုန်မြို့ရှိ အချက်အချာကျသော ဈေးဝယ်စင်တာကြီးများတွင် ananda (အနန္တ) မှ အရောင်းဆိုင်များဖွင့်လှစ်

မြန်မာနိုင်ငံ၏ ပထမဆုံးဒေတာအော်ပရေတာဖြစ်သော ananda (အနန္တ) သည် ananda (အနန္တ) အမှတ်တံဆိပ် ဝန်ဆောင်မှုထုတ်ကုန်များကို ရန်ကုန်သူ ရန်ကုန်သားများ လွယ်လင့်တကူ ဝယ်ယူ သုံးစွဲနိုင်စေရန်ရည်ရွယ်ချက်ဖြင့် ရန်ကုန်မြို့ရှိ အချက်အချာကျသော ဈေးဝယ်စင်တာကြီးများတွင် အရောင်းဆိုင်များ ဖွင့်လှစ်ကာ ရောင်းချနေပြီဖြစ်သည်။

ရန်ကုန်မြို့ရှိ အချက်အချာကျသော ဈေးဝယ်စင်တာကြီးများဖြစ်သည့် Junction Square ၊ City Mall ၊ Junction 8 ၊ သာကေတ Capital နှင့် စံရိပ်ငြိမ် ဂမုန်းပွင့်တို့တွင် ananda (အနန္တ) သည် အရောင်းဆိုင်များ ဖွင့်လှစ်ကာ ၎င်း၏ အမှတ် တံဆိပ်ဝန်ဆောင်မှုထုတ်ကုန်များကို ရောင်းချဝန်ဆောင်မှုပေးလျက်ရှိပါသည်။ ယခုအခါ ananda (အနန္တ) ၏ ၆ ခုမြောက် ဖွင့်လှစ်လိုက်သည့် အရောင်းဆိုင်ကို မြန်မာပလာဇာ၏ ပထမထပ်တွင် ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်ပါသည်။

ananda (အနန္တ) ၏ ဒုတိယအမှုဆောင်အရာရှိချုပ် ဒေါ်အေးမြမြကြည်မှ “အခုဆိုရင် ananda (အနန္တ) ကို ရန်ကုန်မှာ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေကြပါပြီ။ ဒါကြောင့် ရန်ကုန်မြို့အနှံ့မှာရှိတဲ့ ဈေးဝယ်စင်တာကြီးတွေမှာ အရောင်းဆိုင်တွေ ဖွင့်လှစ်ပြီး အခုလိုရောင်းချတာဖြစ်ပါတယ်။ လာမယ့်လတွေမှာလည်း ရန်ကုန်မြို့မှာရှိတဲ့ လူအများစည်ကားရာနေရာ တွေမှာ ananda (အနန္တ) ရဲ့ ဝန်ဆောင်မှုထုတ်ကုန်တွေအကြောင်း ပိုမိုသိရှိစေဖို့ရယ် ဝယ်ယူသူတွေနဲ့ တိုက်ရိုက်ထိတွေ့ မယ့် ပွဲလေးတွေလုပ်ဖို့ ရှိပါတယ်။ လက်ရှိသုံးစွဲနေသူတွေနဲ့ ဝယ်ယူအားပေးသူ အသစ်တွေအနေနဲ့ ananda (အနန္တ) အမှတ်တံဆိပ်ဝန်ဆောင်မှုထုတ်ကုန်တွေကို လွယ်လင့်တကူ ဝယ်ယူနိုင်အောင်၊ ဝယ်ယူသူတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်အောင် လုပ်ဆောင်သွားမှာပါ” ဟုပြောကြားခဲ့သည်။

အရောင်းဆိုင်များတွင် ananda (အနန္တ) အမှတ်တံဆိပ် ဝန်ဆောင်မှုထုတ်ကုန်များကို ယခုမှ စတင်ဝယ်ယူသုံးစွဲမည့် သူများသည် “unlimited30” နှင့် mifi စက်ကို မြန်မာငွေ ၃၅၀၀၀ ကျပ်၊ Router စက် နှင့် Unlimited ဒေတာ ၂ လစာ သုံးစွဲခွင့်ကို မြန်မာငွေ ၆၅၀၀၀ ကျပ် တို့ဖြင့် ဝယ်နိုင်သည့်အပြင် ဘက်ထရီသက်တမ်းပိုကြာရှည်ခံသော mifi plus စက်နှင့် အကန့်အသတ်မဲ့ဒေတာ ၁ လစာသုံးစွဲခွင့်အတွက် မြန်မာငွေ ၄၀၀၀၀ ကျပ်တို့ဖြင့် ဝယ်ယူနိုင်ပါသည်။ ဝယ်ယူသုံးစွဲသူများ အနေဖြင့် အရောင်းဆိုင်များတွင် မိမိတို့နေထိုင်ရာ မြို့နယ်၏ ananda (အနန္တ) ကွန်ရက်လွှမ်းခြုံမှု အခြေအနေအပါအဝင် ဝန်ဆောင်မှုအဝဝကို စုံစမ်းမေးမြန်းနိုင်သည့်အပြင် မိမိကြိုက်နှစ်သက်ရာ ananda (အနန္တ) package များကိုပါ ဝယ်ယူ သုံးစွဲနိုင်ရန်အတွက် ခဲခြစ်ငွေဖြည့်ကတ်များလည်း ရရှိနိုင်ပါသည်။ ထို့အပြင် အခြားအခက်အခဲများရှိပါကလည်း ananda (အနန္တ) အပလီကေးရှင်းမှတဆင့် အကူအညီရယူနိုင်ပါသည်။

ပြီးခဲ့သည့်မေလ၌ ရန်ကုန်တွင် စတင်မိတ်ဆက်ပေးခဲ့သော ananda (အနန္တ) သည် မကြာမီကာလများတွင် မြန်ဆန်ပြီး အကန့်အသတ်မရှိသော အင်တာနက်အတွေ့အကြုံကို ဝန်ဆောင်မှုပေးနိုင်ရန်အတွက် အခြားမြို့ကြီများဆီသို့ ဆက်လက် ချဲ့ထွင်သွား မည်ဖြစ်သည်။ သတင်းအချက်အလက်များ ပိုမိုသိရှိလိုပါက www.facebook.com/anandalivemore သို့ ဝင်ရောက် လေ့လာနိုင်ပါသည်။

Share this:

Share on facebook
Facebook
Share on google
Google+
Share on twitter
Twitter
Share on linkedin
LinkedIn
MENU