သတင်းနှင့်မီဒီယာ

ananda (အနန္တ) ၏ ဖွင့်ပွဲကာလပရိုမိုးရှင်း အစီအစဉ်များပြီးဆုံးပြီးနောက် သုံးစွဲသူများ စိတ်ကြိုက်ရွေးချယ်ဝယ်ယူနိုင်မည့် အစီအစဉ်သစ်များမိတ်ဆက်

မြန်မာနိုင်ငံ၏ 4G+ ဒေတာအော်ပရေတာဖြစ်သော ananda (အနန္တ) သည် ယနေ့မှစ၍ စိတ်လှုပ်ရှားစရာကောင်းသော အစီအစဉ်သစ်များကို မိတ်ဆက်ပေးသွားမည်ဖြစ်ပါသည်။ ananda (အနန္တ) အမှတ်တံဆိပ် စက်ပစ္စည်းများဖြစ်သော router ၊ mifi နှင့် ဒေတာအစီအစဉ်များကို အသစ်ပြင်ဆင်လိုက် သည့် ဈေးနှုန်းများဖြင့် သုံးစွဲသူများကိုယ်တိုင် စိတ်တိုင်းကျ ရွေးချယ်ဝယ်ယူနိုင်မည့် အစီအစဉ်များကို မိတ်ဆက်ပေးလိုက် ခြင်းသည် ananda (အနန္တ) ၏ သုံးစွဲသူများပေါ်ထားရှိသော အလေးထားမှုပင် ဖြစ်ပါသည်။

ananda (အနန္တ) ၏ ဒုတိယအမှုဆောင်အရာရှိချုပ် ဒေါ်အေးမြမြကြည်မှ “ananda (အနန္တ) အင်တာနက် သုံးစွဲသူတွေကို အင်တာနက်သုံးစွဲမှု အတွေ့အကြုံကောင်းများကို သက်သာသောနှုန်းထားဖြင့် ရရှိစေရန် အမြဲ ကောင်းမွန်သည်ထက်ကောင်း မွန်အောင် လုပ်ဆောင်နေပါတယ်။ ananda (အနန္တ) သုံးစွဲသူတွေကို စိတ်ချမ်းချမ်းသာသာနဲ့ အင်တာနက်ဖိုး ဘယ်လောက် တောင်ကုန်သွားပြီဆိုပြီး ပူပန်မှုကနေ ကင်းဝေးစေချင်တာပါ။ စတင်မိတ်ဆက်ကာလမှာ ananda (အနန္တ) အမှတ်တံဆိပ် စက်ပစ္စည်းများနှင့် အကန့်အသတ်မဲ့ဒေတာ အစီအစဉ်ကိုတွဲပြီး သုံးစွဲသူတွေကို ဝန်ဆောင်မှုပေးခဲ့ပါတယ်။ ယနေ့မှစပြီး ananda (အနန္တ) အမှတ်တံဆိပ် စက်ပစ္စည်းတွေကို သတ်မှတ်နှုန်းထားများနဲ့ ရောင်းချပေးတာအပြင် ငှားရမ်းအသုံး ပြုနိုင်မယ့် ရွေးချယ်စရာတွေ လည်းရှိပါတယ်။ 2600 လှိုင်းကို အထောက်အပံ့ပေးနိုင်သော စမတ်ဖုန်း သို့မဟုတ် စက်ပစ္စည်း တွေထဲမှာ ထည့်သုံးလို့ရနိုင်မည့် Data SIM Pack ကိုလည်း စတင်မိတ်ဆက် ပေးထားပါတယ်။ အခု ananda (အနန္တ) မှ မိတ်ဆက်တဲ့ အစီအစဉ်သစ်က အရင်လိုပဲ အကန့်အသတ်မရှိတဲ့ အင်တာနက်အတွေ့အကြုံကို ပေးစွမ်းသွားမှာပါ။ အင်တာနက်အစီအစဉ် ဈေးနှုန်းတွေကလည်း ယခင်အတိုင်း အပြောင်းအလဲ မရှိပါဘူး” ဟု ပြောကြားခဲ့ သည်။

ananda (အနန္တ) အင်တာနက် စတင်သုံးစွဲမည့်သူများသည် Router စက်မှတဆင့်သော်လည်းကောင်း၊ mifi စက်မှသော် လည်းကောင်း၊ မိမိတို့ကိုင်ဆောင်သည့်စမတ်ဖုန်းနှင့် ananda (အနန္တ) ဒေတာဆင်းကတ်ကို သုံး၍သော်လည်းကောင်း အင်တာနက်ကို ရယူအသုံးပြုနိုင်ပါသည်။ unlimited ပလန်ကို အသုံးမပြုချင်သော သူများအတွက်လည်း အမျိုးအစား စုံလင်လှသော value ဒေတာအစီအစဉ်များကို စိတ်ကြိုက်ရွေးချယ် သုံးစွဲနိုင် စေရန်အတွက်လည်း စီမံထားပါသည်။

ယနေ့မိတ်ဆက်လိုက်သည့် အစီအစဉ်များစွာထဲမှ unlimited ဒေတာ ရက် ၉၀ အစီအစဉ်ဝယ်ယူခြင်းဖြင့် Router တစ်လုံး နှင့် ဒေတာဆင်းကတ်တစ်ကတ် လက်ဆောင်ရရှိမည်ဖြစ်ပါသည်။ ရက် ၉၀ အစီအစဉ်အတွက် ပုံမှန်ကျသင့်မည့် နှုန်းထား ထက် ငွေ ၁၀၀၀၀ ကျပ် သက်သာစွာဖြင့် ငွေ၉၅၀၀၀ ကျပ်တည်းဖြင့် ဝယ်ယူရရှိနိုင် မည်ဖြစ်ပါသည်။

ananda (အနန္တ) အမှတ်တံဆိပ်စက်များကို unlimited30 အစီအစဉ်နှင့်အတူ ရွေးချယ်ဝယ်ယူပါက စက်၏ တန်ဖိုးကို ၃၀ ရာခိုင်နှုန်းအထိ လျှော့ချပေးထားပြီး Router စက်ကို ၃၈၅၀၀ ကျပ်မှ စတင်၍ သော်လည်းကောင်း၊ mifi စက်ကို ၂၄၅၀၀ ကျပ်မှ စတင်၍သော်လည်းကောင်း ဝယ်ယူရရှိနိုင်ပါသည်။ ထို့ပြင် မိမိစိတ်ကြိုက် ဝယ်ယူနိုင်မည့် အခြားအစီအစဉ်များလည်း ရှိပါသည်။

ငှားရမ်းသုံးစွဲလိုသူများအတွက်လည် းRouter နှင့် mifi စက်များကို စပေါ်တင်ငှားရမ်းသုံးစွဲနိုင်ပြီး ၎င်းစပေါ်ငွေကို ပြန်လည် ထုတ်ယူနိုင်သည့် အစီအစဉ်လည်းပါဝင်ပါသည်။

“ကျွန်မတို့ရဲ့ ananda (အနန္တ) က အင်တာနက်သုံးစွဲသူတွေအားလုံးကို အကောင်းမွန်ဆုံး အင်တာနက်လိုင်းကို ပေးစွမ်း သွားနိုင်ဖို့ ရည်ရွယ်ပါတယ်။ ananda (အနန္တ) ကွန်ရက်မှာ အသုံးပြုနေသော ananda (အနန္တ) သုံးစွဲသူအားလုံး တူညီသော အတွေ့အကြုံကောင်းများရရှိစေဖို့ Fair Usage Policy ကိုလည်း စတင်မိတ်ဆက်ထားပါတယ်” ဟု ဒေါ်အေးမြမြကြည်မှ ထပ်မံပြောကြားခဲ့သည်။

Google Play Store နှင့် Apple Store တို့တွင် အလွယ်တကူ ဒေါင်းလုတ်ရယူနိုင်သော my ananda အက်ပလီကေးရှင်း သည် ananda (အနန္တ) အင်တာနက်သုံးစွဲသူများကို ၎င်းတို့၏ အကောင့်များအား မိမိတို့ ကိုင်ဆောင်သော စမတ်ဖုန်းများ ဖြင့် အလွယ်တကူစီမံခန့်ခွဲ၍ ရစေရန်စီမံထားပြီး ဒေတာအသုံးပြုမှု၊ ဒေတာ လက်ကျန်နှင့် လက်ကျန်ငွေများ စစ်ဆေးခြင်း၊ ငွေဖြည့်ခြင်း၊ ပလန်များဝယ်ယူခြင်း၊ မိမိနှင့်အနီးဆုံး ananda (အနန္တ) စတိုးများ သို့မဟုတ် ananda (အနန္တ) မှ တရားဝင် ခွင့်ပြုထားသော ကိုယ်စားလှယ်ဆိုင်များ ရှာဖွေခြင်း စသည့် ဝန်ဆောင်မှုများကိုလည်း ရယူသုံးစွဲနိုင်ပါသည်။

သတင်းအချက်အလက်များထပ်မံသိရှိလိုပါက www.facebook.com/anandalivemore သို့ ဝင်ရောက်ကြည့် ရှုလေ့လာ နိုင်ပါသည်။

Share this:

Facebook
Google+
Twitter
LinkedIn
MENU