သတင်းနှင့်မီဒီယာ

ananda (အနန္တ) မှ နိုင်ငံတကာအတွေ့အကြုံရှိ ဝါရင့်တယ်လီကွန်မြုနီကေးရှင်း ကျွမ်းကျင်ပညာရှင် Alan Sinfield အား အမှုဆောင်အရာရှိချုပ်အဖြစ် ခန့်အပ်

ananda (အနန္တ) သည် ဝါရင့်တယ်လီကွန်မြူနီကေးရှင်း ကျွမ်းကျင် ပညာရှင် Alan Sinfield ကို အမှုဆောင်အရာရှိချုပ်အဖြစ် ယနေ့ခန့်အပ်ကြောင်းကို ဂုဏ်ယူစွာဖြင့် သတင်းထုတ်ပြန် လိုက်သည်။ Alan သည် ဇွန်လ (၁) ရက်နေ့မှစတင်၍ ananda (အနန္တ) ၏ အမှုဆောင်အရာရှိချုပ်ရာထူးကို တရား ဝင်စတင်ထမ်းဆောင်ခဲ့ပါသည်။

ဝါရင့်တယ်လီကွန်မြူနီကေးရှင်းကျွမ်းကျင်ပညာရှင် Alan သည် ကမ္ဘာအနှံ့တွင် စီးပွားရေးလုပ်ငန်းများနှင့်ပတ်သက်၍ များပြားလှသော အတွေ့အကြုံများကို ရရှိပိုင်ဆိုင်ထားသူဖြစ်သည်။ သူသည် မိုဘိုင်း၊ ကြိုးဖုန်းနှင့် ဘရော့ဘန်းဒေတာ အော်ပရေတာများတွင်သာမက အာရှ၊ အာဖရိက၊ အရှေ့အလယ်ပိုင်းဒေသနှင့် ဥရောပတို့ရှိ ထွန်းသစ်စ ဈေးကွက်များ တွင် လက်လီလုပ်ငန်း၊ မီဒီယာလုပ်ငန်းနှင့် ကုန်ပစ္စည်းအများအပြား ထုတ်လုပ်ဖြန့်ဖြူးရောင်းချသော စီးပွားရေးလုပ် ငန်းများ၌ ဦးဆောင်လမ်းညွှန်သူအဖြစ် ခေါင်းဆောင်ပိုင်းနေရာအတော်များများတွင် တာဝန်ယူလုပ်ကိုင်ခဲ့သူတစ်ဦးဖြစ် ပါသည်။

“အခုလို Alan Sinfield က မြန်မာနိုင်ငံကို လာရောက်ပြီး ananda (အနန္တ) မှာ တာဝန်ထမ်းဆောင်တာကို ဂုဏ်ယူ ဝမ်းမြောက်စွာကြိုဆိုပါတယ်။ Alan ရဲ့ ထက်မြက်တဲ့ခေါင်းဆောင်မှုစွမ်းရည်၊ စီးပွားရေးလုပ်ငန်းနဲ့ ပတ်သက်တဲ့ ကျွမ်း ကျင်မှု၊ မိုဘိုင်းဒေတာအော်ပရေတာနဲ့ပတ်သက်တဲ့ ကြွယ်ဝလှတဲ့အတွေ့အကြုံတွေကို ပေါင်းစပ်လိုက်ရင် သူဟာ ananda (အနန္တ) ကို ဒီထက်ပိုပြီး စွမ်းဆောင်ရည်ကောင်းတွေနဲ့ ကြီးထွားလာအောင်၊ ပိုပြီးလင်းလက်တောက်ပြောင် လာအောင် စွမ်းဆောင်နိုင်မှာ မလွဲဧကန်ပါပဲ” ဟု IGE ကုမ္ပဏီလုပ်ငန်းစု၏ ဥက္ကဋ္ဌ ဦးနေအောင်မှ ပြောကြားခဲ့သည်။

Alan သည် လွန်ခဲ့သည့်အချိန် ၁၁ နှစ်တာ ကာလတွင် တယ်လီကွန်မြူနီကေးရှင်းလုပ်ငန်းများ၏ အမှုဆောင်အရာရှိ ချုပ်အဖြစ် တောက်လျှောက်တာဝန်ထမ်းဆောင်လာခဲ့ပြီး ၁၅ နှစ်တာကာလအတွင်းတွင် အုပ်ချုပ်ရေးနှင့် စီမံခန့်ခွဲရေး စသည့် ရာထူးအမြင့်ပိုင်းများကို တာဝန်ယူလုပ်ကိုင်လာခဲ့သူဖြစ်သည်။ သူသည် အာရှနိုင်ငံများဖြစ်သော ထိုင်း၊ ကမ္ဘောဒီယား၊ ဟောင်ကောင်၊ ကိုရီးယားနှင့် ဗီယက်နမ်နိုင်ငံတို့အပါအဝင် ကမ္ဘာတစ်လွှား၌ နိုင်ငံပေါင်း ၅၀ နီးပါးတွင် အလုပ်လုပ်ကိုင်ခဲ့သည့် အတွေ့အကြုံများစွာလည်းရှိသည်။

“ထွန်းသစ်စဈေးကွက်တစ်ခုဖြစ်တဲ့ မြန်မာနိုင်ငံအနေနဲ့ ဒေတာအော်ပရေတာလုပ်ငန်းဟာ ရှေ့ဆက်ဖွံ့ဖြိုးဖို့အတွက် အလားအလာတွေအများကြီးရှိပြီး စိန်ခေါ်မှုအသစ်သစ်တွေဟာလည်း အမြဲမပြတ်ဖြစ်ပေါ်နေပါတယ်။ ဒီနေ့ ဒီအချိန်မှာ အဲဒီလိုအရှိန်အဟုန်နဲ့ တိုးတက်ပြောင်းလဲနေတဲ့ ဒေတာအော်ပရေတာလုပ်ငန်းကြီးထဲမှာ ဝင်ရောက်ပြီး မိုဘိုင်းဒေတာ အော်ပရေတာလောကကို အလှည့်အပြောင်းလုပ်ပေးနိုင်မယ့် ananda (အနန္တ) လို ဒေတာအော်ပရေတာလုပ်ငန်းမျိုး မှာ တာဝန်ထမ်းဆောင်ခွင့်ရတာကို အရမ်းစိတ်လှုပ်ရှားမိပါတယ်” ဟု ananda (အနန္တ) ၏ အမှုဆောင်အရာရှိချုပ် Alan Sinfield မှ ပြောကြားခဲ့သည်။

ဗြိတိန်နိုင်ငံဖွား Alan သည် ဘဏ္ဍာရေးနှင့် ငွေကြေးဝန်ဆောင်မှုလုပ်ငန်းကဏ္ဍတွင် ဦးစွာတာဝန်ထမ်းဆောင်ခဲ့ပြီး ထိုကဏ္ဍများတွင်လုပ်ကိုင်ခဲ့စဉ်က ဥရောပကုမ္ပဏီအတော်များများ၏ ဒါရိုက်တာရာထူးနေရာများတွင် တာဝန်ထမ်း ဆောင်ခဲ့သည်။ သူသည် မြန်မာနိုင်ငံသို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်ခြင်းမပြုမီက ကမ္ဘောဒီးယားနိုင်ငံရှိ ဒေတာ အော်ပရေတာတစ်ခုဖြစ်သော qb တွင် အမှုဆောင်အရာရှိချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

မြန်မာနိုင်ငံ၏ ပထမဆုံး 4G+ ဒေတာအော်ပရေတာ ananda (အနန္တ) သည် အကန့်အသတ်မရှိသော မြန်နှုန်းမြင့် အင်တာနက်လိုင်းကို ထောက်ပံ့ဝန်ဆောင်မှုပေးနိုင်ရန် ၎င်း၏ နက်ဝေါခ်များကို ဖန်တီးတည်ဆောက်ထားခြင်းဖြစ် ပါသည်။ အချက်အလက်များ ထပ်မံသိရှိလိုပါက www.ananda.com.mm သို့ ဝင်ရောက်လေ့လာနိုင်ပါသည်။

Share this:

Facebook
Google+
Twitter
LinkedIn
MENU