အနန္တသည် သုံးစွဲသူများအင်တာနက် သုံးစွဲမှု အတွေ့အကြုံ ကောင်းများကို သက်သာသော နှုန်းထားဖြင့် ရရှိနိုင်စေရန် အစဉ်အမြဲ ကြိုးစားဆောင်ရွက်လျက်ရှိပါသည်။ ထိုသို့ဆောင်ရွက်ရာတွင် အနန္တ ကွန်ယက်အတွင်း ရရှိနိုင်သော bandwidth တွင် သုံးစွဲသူများအားလုံး အဆင်ပြေစေရန် သုံးစွဲသူအားလုံး တူညီသောအတွေ့အကြုံကောင်းများ ရရှိပေးအပ်နိုင်စေရန်ကိုလည်း အလေးထားဆောင်ရွက်နေပါသည်။
သို့သော် အချို့သောသုံးစွဲသူများမှာ ပုံမှန်သုံးစွဲသော အတိုင်းအတာပမာဏထက် ကျော်လွန်သုံးစွဲမှုများ ပြုလုပ်နိုင်ပါသည်။ ထိုသို့ပြုလုပ်ပါက အခြားပုံမှန်သုံးစွဲသူများအတွက် တူညီသောသုံးစွဲမှု အခွင့်အလမ်း အတွေ့ကြုံကောင်းများ ရရှိနိုင်မှုကိုထိခိုက်လာနိုင်ပါသည်။ ထို့ကြောင့် သုံးစွဲသူများကြား သာတူညီမျှသောသုံးစွဲမှု အခွင့်အရေးအတွေ့အကြုံကောင်းများရရှိနိုင်ရေးအတွက် သုံးစွဲသူများအားလုံး လိုက်နာရန်လိုအပ်သော မျှတစွာသုံးစွဲမှု မူဝါဒကို ချမှတ်ထားပါသည်။
မျှတစွာသုံးစွဲမှု မူဝါဒအရ ခွင့်ပြုနိုင်သောအတိုင်းအတာထက် ကျော်လွန်သုံးစွဲသူများကို ထိန်းချုပ်မှုများ ပြုလုပ်မည်ဖြစ်ပါသည်။ ထိုသို့ထိန်းချုပ်သော်လည်း လုံးဝသုံးစွဲခွင့် မရခြင်းမျိုးမဟုတ်ဘဲ သတ်မှတ်ထားသော စံနှုန်းအတွင်းတွင် ဆက်လက်သုံးစွဲရန် ခွင့် ပြုထားခြင်း ဖြစ်ပါသည်။ သို့မှသာ သုံးစွဲသူများအားလုံး ကောင်းမွန်တူညီသော သုံးစွဲမှု့အတွေ့အကြုံကောင်းများကို ပေးနိုင်မည်ဖြစ်ပါသည်။ထို့ကြောင့် သုံးစွဲသူများအားလုံး သတ်မှတ်ထားသော စည်းကမ်းချက်များနှင့်အညီ သုံးစွဲကြရန်လည်း တိုက်တွန်းလိုပါသည်။