ananda အင်တာနက်ဝန်ဆောင်မှုလုပ်ငန်းသည်ပြည်တွင်း ပုဂ္ဂလိကပိုင် စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်ပါတယ်။
2017 ခုနှစ်တွင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ Network Facility Service (Individual) လိုင်စင်နှင့် လှိုင်းနှုန်းစဉ်လိုင်စင်ရယူကာ Wireless Broadband Network ကိုတည်ဆောက်ပြီး အင်တာနက်ဝန်ဆောင်မှုများပေးခဲ့ပါတယ်။
ananda အနေနဲ့ အများပြည်သူများအား Digital လူနေမှုဘဝမြှင့်တင်နိုင်ရေး၊ ပြည်တွင်း အလုပ်အကိုင်အခွင့်အလမ်းပိုမိုဖန်တီးပေးနိုင်ရေး၊ သုံးစွဲသူများအား အကောင်းဆုံးဝန်ဆောင်မှုများပေးနိုင်ရေးတို့ကို အလေးထားပြီး နိုင်ငံတကာစံနှုန်းများ၊ Corporate Governance များနှင့်အညီ အစဉ်ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်။
ယခုအချိန်တွင်ဝန်ဆောင်မှု မပြတ်တောက်ရေးအတွက် စည်းမျဉ်းစည်းကမ်းများအတိုင်း ထိန်းသိမ်းဆောင်ရွက်လျက်ရှိပြီး အများပြည်သူအတွက် ဘက်လိုက်မှုမရှိဘဲ ရိုးသားစွာဝန်ဆောင်မှုပေးလျက်ရှိနေပါကြောင်းရိုသေလေးစားစွာနဲ့အသိပေးအကြောင်းအပ်ပါတယ်။
ananda 4G+ နဲ့ သာဆို ပိုကစား၊ ပိုကြည့်၊ ပိုနားထောင်နိုင်ပြီပေါ့။
ရုံးချုပ်တည်နေရာ – အမှတ် ၁၁၄/အေ၊ ကမ္ဘာအေးဘုရားလမ်း၊ ဆရာစံရပ်ကွက်
ဗဟန်းမြိ့နယ်၊ ရန်ကုန်
မြန်မာ